ဆေးဖက်ဝင် ဆိတ်ဖူးဥကို ပြည်တွင်းဈေးကွက်အတွင်း အဝယ်လိုက်နေ

27/07/2021 15:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မြန်မာနိုင်ငံတွင် အလေ့ကျပေါက်ရောက်သည့် ဆိတ်ဖူးပင်မှထွက်ရှိသည့် ဆေးဖက်ဝင် ဆိတ်ဖူးဥကို ပြည်တွင်းဈေးကွက်အတွင်း အဝယ်လိုက်နေကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

ဆိတ်ဖူးဥကို လောလောဆယ်မှာ ပြည်တွင်းမှာကတော့ အရောင်းအဝယ်လုပ်တာမျိုး နည်းပါးပါတယ်။ ကျွန်တော်တို့ကတော့ ထိုင်းနိုင်ငံဘက်က လိုအပ်ချက်ရှိတဲ့အတွက် မှာယူတာကြောင့် ပစ္စည်းရှာဖွေတင်ပို့ပေးရတာပါ။ အရင်နှစ်တွေကလည်း ပို့ပေးခဲ့တယ်။ သုံးနှစ်ဆက်တိုက်ရှိပြီ မှာယူတဲ့အတွက် တင်ပို့ပေးခဲ့တာ။ ဒီနှစ်လည်း ထပ်ပို့ထားတယ်။ ဝယ်လက်ဘက်က လိုအပ်ချက်များတဲ့အတွက် ထပ်ပြီးလည်း ဆိတ်ဖူးဥတွေကို လိုအပ်နေပါတယ်။ ကိုဗစ်ရောဂါပိုးကိုကာကွယ်တဲ့ ဆေးဖက်ဝင်အပင်ဖြစ်တယ်လို့ သတင်းတွေကြားပြီးကတည်းက ပိုပြီးတော့အဝယ်လိုက်လာတာပါ။

ဟု မြဝတီနယ်စပ်ရှိ ဆေးဖက်ဝင်သီးနှံအမျိုးမျိုး ကုန်သွယ်ရေးပြုလုပ်နေသူ ဦးတင်မျိုးနိုင်က ပြောသည်။ 

    ဆိတ်ဖူးဥ-(ကချိုင်)ဟု ခေါ်တွင်ပြီး ထိုင်းလူမျိုးများမှာ ဆေးဖက်ဝင်အစားအစာတစ်ခုအဖြစ် စားသုံးလေ့ရှိကြောင်း သိရသည်။ 

ပုံမှန်ကတော့ ထိုင်းနိုင်ငံမှာ ရိုးရာအစားအစာဖြစ်တဲ့ ထိုင်းမုန့်ဟင်းခါးနဲ့ ထိုင်းဟင်းလျာတော်တော်များများ ချက်ပြုတ်တဲ့အခါ ဆိတ်ဖူးဥကို ထည့်သွင်းချက်ပြုတ်ကြတယ်။ ဆိတ်ဖူးဥက ချင်းအရသာထက် နည်းနည်းလေးပျော့တဲ့ အရသာတစ်မျိုးရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ အများအားဖြင့် ကရင်ပြည်နယ်ဘက်၊ နေပြည်တော်ဘက်တစ်ကြောနဲ့ တချို့နေရာဒေသတွေမှာ ဆိတ်ဖူးကို ထမင်းစားတဲ့အခါ အတို့အမြှုပ်အနေနဲ့ စားသုံးကြတယ်။

ဟု ဦးတင်မျိုးနိုင်က ဆက်လက်ပြောသည်။

    ဆိတ်ဖူးပင်မှ ဆိတ်ဖူးဥကို အများအားဖြင့် နှစ်စဉ် ဇွန်၊ ဇူလိုင်လများတွင် အဝယ်လိုက်လေ့ရှိပြီး၊ လက်ရှိဈေးနှုန်းများအနေဖြင့် ဆိတ်ဖူးဥ တစ်ပိဿာလျှင် (၁၂၀၀)ကျပ်၊ (၁၃၀၀)ကျပ် ဈေးနှုန်းများဖြင့် မြဝတီနယ်စပ်ရှိ ကုန်သည်များမှ ဝယ်ယူနေကြသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်