အစားအစာ စားသုံးသူများအတွက် အလေ့အကျင့်ကောင်းများ
ရောဂါပိုးမွှားအများစုသည် ရောဂါမဖြစ်စေသော်လည်း၊ အန္တရာယ်ရှိသော ပိုးမွှားများကို ပတ်၀န်းကျင်၊ မြေဆီလွှာ၊ ရေ၊ တိရစ္ဆာန်နှင့် လူတို့တွင် တွေ့ရနိုင်ပါသည်။ ထိုအန္တရာယ်ရှိသော ပိုးမွှားများသည် အသုံးပြုသည့်အသုံးအဆောင်များ၊ လက်များ၊ ညစ်ညမ်းသောပတ်၀န်းကျင်များမှတဆင့် အစားအစာညစ်ညမ်းမှုကို ဖြစ်စေနိုင်သည့်အတွက် အစားအစာ ဘေးကင်းလုံခြုံရေး တွင် “သန့်ရှင်းမှု” သည် ပထမ အရေးအကြီးဆုံး ဖြစ်ပါသည်။ ထို့ကြောင့်
o အစားအစာများကို မပြင်ဆင်မီ နှင့် ပြင်ဆင်နေစဉ်အတွင်း သေချာစွာလက်ဆေးပါ။
o အလေး၊ အပေါ့စွန့်ပြီး တိုင်း ဆပ်ပြာဖြင့်လက်ဆေးပါ။
o အစားအစာ ပြင်ဆင်ချက်ပြုတ်ရာတွင် အသုံးပြုသည့် အသုံးအဆောင်များကို သန့်ရှင်းပါ။
o မီးဖိုခန်းကို ပိုးမွှားများရန်မှ ကြိုတင်ကာကွယ်၍ သန့်ရှင်းစွာထားပါ။
၂။ အသားစိမ်း၊ ငါးစိမ်းများနှင့် ချက်ပြုတ်ပြီး အစားအစာများကို ခွဲခြားထားပါ။
မချက်ပြုတ်ရသေးသော အစားအစာများ အထူးသဖြင့် အသားစိမ်း၊ ငါးစိမ်း များတွင် အန္တရာယ်ပေးနိုင်သော အဏုဇီ၀ ပိုးမွှားများ ပါ၀င်နိုင်ပြီး ထိုမှ တစ်ဆင့် ပြင်ဆင်နေစဉ် အတွင်း၊ သိမ်းဆည်းထားစဉ်အတွင်း အချင်းချင်း ကူးလူး ညစ်ညမ်းမှုကို ဖြစ်စေနိုင်သည့်အတွက် စနစ်တကျ ခွဲခြားထားပါ။
o အသားစိမ်း၊ ငါးစိမ်းများနှင့် အသီးအရွက်များ၊ တခြားအစားအစာများကို ခွဲခြားထားပါ။
o အသုံးအဆောင်များကို ခွဲခြားထားပါ။ ဥပမာ_ အသား၊ငါး အတွက် သုံးသော cutting board နှင့် အသီးအရွက်များလှီးရန် သုံးသော cutting board ကို ခွဲခြားထားပါ။
o ထိန်းသိမ်းရာတွင် ကုန်ကြမ်းများနှင့် ချက်ပြုတ်ပီး အစားအစာများကို သပ်သပ်ဆီ ခွဲခြားထားပါ။ (ဥပမာ_ ရေခဲသေတ္တာ ထဲ သိမ်းဆည်းရာတွင် အပေါ်ထပ်တွင် ချက်ပြုတ်ပြီး အစားအစာများ သိမ်းဆည်း၍ အောက်ထပ်တွင် ကုန်ကြမ်းများ သိမ်းဆည်းခြင်း)
၃။ အစားအစာများကို သေချာစွာကျက်အောင် ချက်ပြုတ်ပါ။
အစားအစာများကို သေချာကျက်အောင် ချက်ပြုတ်ခြင်း (> 70ºC) ဖြင့် အန္တရာယ်ပေးနိုင်သော အဏုဇီ၀ ပိုးမွှားများကို သေဆုံးစေနိုင်သည့်အတွက် ဘေးကင်းသော အစားအစာများကို ရရှိနိုင်ပါသည်။
o အစားအစာများကို သေချာစွာ ချက်ပြုတ်ပါ။ အထူးသဖြင့် အသား၊ ငါး၊ ပင်လယ်စာများကို ကျက်အောင်ချက်ပါ။
o အစားအစာများကို ချက်ပြုတ်ရာတွင် အပူချိန် 70ºC အထက်ရောက်အောင် ချက်ပြုတ်ပါ။
o ချက်ပြုတ်ပီး အစားအစာများကို ပြန်နွှေးရာတွင် လိုအပ်သော အပူချိန်ရောက်အောင် ပြန်ထားပါ။
၄။ ဘေးကင်းသော အပူချိန်တွင် သိမ်းဆည်းပါ။
အဏုဇီ၀ပိုးများသည် အခန်းအပူချိန် (5ºC - 60ºC) တွင် လျင်မြန်စွာ ပွားများနိုင်ပီး အန္တရာယ်ပေးနိုင်သော ပမာဏကို လျှင်မြန်စွာ ရောက်ရှိနိုင်ပါသည်။ အပူချိန် (5ºC - 60ºC) အတွင်းကို Temperature Danger Zone (အန္တရာယ်ပေးနိုင်သော အပူချိန်ဇုန်) ဟု သတ်မှတ်ထားပါသည်။ ထို့ကြောင့် အစားအစာများကို အပူချိန် 5ºC အောက် အပူချိန်တွင် ထားရှိခြင်း သို့မဟုတ် ၆၀ºC အထက် အပူချိန်တွင် ထားရှိခြင်းသည် ပိုးမွှားများ ပေါက်ဖွားနိုင်မှုကို လျော့ချနိုင်ပါသည်။ 5ºC အောက်တွင် ပေါက်ဖွားပွားများနိုင်သော ပိုးများလည်း ရှိပါသည်။
o အစားအစာများကို အခန်းအပူချိန်တွင် ၂ နာရီထက်ပို မထားပါနှင့်။
o ချက်ပြုတ်ပီး အစားအစာများနှင့် ပျက်စီးလွယ်သော အစားအစာများကို ရေခဲသေတ္တာတွင် သေချာစွာ စနစ်တကျ သိမ်းဆည်းပါ။ (< 5ºC)
o ပြန်နွှေးရာတွင် လိုအပ်သော အပူချိန်ရောက်အောင် ပြန်ချက်ပြုတ်ပါ။(> 60ºC)
၅။ သန့်ရှင်းသောရေ၊ လတ်ဆတ်သော ကုန်ကြမ်းများကို သုံးစွဲပါ။
မသန့်ရှင်းသော၊ လတ်ဆတ်မှုမရှိသော၊ ရက်လွန်နေသော ကုန်ကြမ်းများ၊ ညစ်ညမ်းသောရေများတွင် အန္တရာယ်ပေးနိုင်သော ပိုးမွှာများ၊ ဓာတုပစ္စည်းများ ပါ၀င်၍ အစားအစားညစ်ညမ်းမှုကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် သန့်ရှင်းသောရေ၊ လတ်ဆတ်သော ကုန်ကြမ်းများသည် အစားအစာ ဘေးကင်းလုံခြုံမှုအတွက် အခြေခံ တစ်ခု ဖြစ်ပါသည်။
o သန့်ရှင်းသောရေ ကို အသုံးပြုပါ။
o ကုန်ကြမ်းများကို စနစ်တကျ ၀ယ်ယူပါ။
o ရက်လွန်အစားအစာများကို မစားသုံးပါနှင့်။
o အသီးနှင့် ဟင်းသီးဟင်းရွက်များကို သေချာစွာ ဆေးကြောပါ။
၆။ ကုန်ပစ္စည်းအညွှန်းကို သေချာစွာ ဖတ်ပါ။
ကုန်ပစ္စည်းအညွှန်းသည် အစားအစာထုတ်လုပ်ရောင်းချသူနှင့် စားသုံးသူကြား ဆက်သွယ်ပေးသော အရာဖြစ်ပါသည်။ သေချာစွာ ဖတ်ခြင်းဖြင့် ပါ၀င်ပစ္စည်းများ၊ သိမ်းဆည်းရန်အညွှန်း၊ ချက်ပြုတ်ပြင်ဆင်ရန်တို့ကို သေချာစွာ သိနိုင်ပါသည်။
o သက်တမ်းကုန်ဆုံးရက်ကို ကြည့်ပါ။
o ပါ၀င်ပစ္စည်း၊ ဓာတ်မတည့်ပစ္စည်း ပါ၀င်မှုကို ကြည့်ပါ။
o ထိန်းသိမ်းရန် အညွှန်းကိုလိုက်နာပါ။ (ဥပမာ_ နွားနို့ကို၀ယ်လာလျှင် ရေခဲသေတ္တာထဲတွင် သိမ်းဆည်းရန် ဖော်ပြထားခြင်း)
o အသုံးပြုရန်အညွှန်းကို သေချာစွာ လိုက်နာပါ။ (ဥပမာ- အသုံးပြုပီးပါက လေလုံအောင် ပြန်ဖုံးပါ)
o အစားအစာတွင် ဘေးဖြစ်နိုင်သည့် အရာများ ပါလာပါက တိုင်ကြားနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
chit
လွန်ခဲ့သော ၃ နှစ် ကပေါက်မြို့နယ်တောင်ပိုင်မိုးသတင်
ma San San yin
လွန်ခဲ့သော ၃ နှစ် ကရမည်းသင်းမြို့ မန်ကျည်းလေးပင်ရွာ မိုးအခြေနေလေးသိပါရစေဆရာ
မောင်မိုးကြည်
လွန်ခဲ့သော ၃ နှစ် ကမကွေးတိုင်းမိုးလေဝသနောက်၃ရက်အတွင်းရွာနိုင်ပါလားခဗျာ
မောင်မိုးကြည်
လွန်ခဲ့သော ၃ နှစ် ကမကွေးတိုင်မိုး
ဇော်မင်းထိုက်
လွန်ခဲ့သော ၃ နှစ် ကမကွေးတိုင် စလင်း မြို့နယ် ဆင်ဖြူကျွန်း နဲ့တညောင်ကြားမိုးရွာနိုင်လားခဗျား
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကွမ်းကသိပ်အတက်မကောင်းလို့ဗျဘာတွေလိုနေတာလဲပြောပေးပါဦးဆရာတို့
တောသားလေး • ဖြေကြားချက် 2 ခု
မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ
thiha • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေးဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။
ko naing phyo wai • ဖြေကြားချက် 1 ခု
ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ
စည်သူလွင် • ဖြေကြားချက် 1 ခု
မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား
Sawsamson • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....