အသီးသီးစေချင်သည့် ရာသီချိန်တွင် စပျစ်ပင်ကို ကတုံးတုံးပေးခြင်းဖြင့် အသီးအပွင့်သစ်များ ထွက်ရှိလာစေနိုင်

12/07/2021 15:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    အထွက်နှုန်းကောင်းမွန်စေရန် နည်းလမ်းတစ်ခုအနေဖြင့် အသီးသီးစေချင်သည့် ရာသီချိန်တွင် အပင်ကို လေးဘက်လေးတန် ကတုံးတုံးပေး၍ အညွှန့်အတက်အသစ်များ အသီးအပွင့်အသစ်များ မွေးမြူယူပေးသင့်ကြောင်း စပျစ်စီးပွားဖြစ် စိုက်ပျိုးနေသူများထံမှ သိရသည်။

အရိုင်းကနေ အယဉ်ပြောင်းထားတဲ့ ကိုင်းတွေကို မွေးထားရတယ်။ ကိုင်းတက်တွေ လေးဘက်လေးတန်ထွက်လာတဲ့အခါ အသီးသီးစေချင်တဲ့ရာသီကျရင် အဲ့ဒီကိုင်းတွေကို ခုတ်ပစ်ပေးရတယ်။ အရင်ဆုံး ပြောင်အောင်ရှင်းပေးရတယ်။ အရွက်တွေလုံးဝမချန်ဘဲ ကတုံးတုံးပစ်လိုက်တာပေါ့ဗျာ။ အဲ့ဒီလို ကတုံးတုံးပြီးနောက် ပြန်ထွက်လာတဲ့အညွှန့်လေးတွေ အတက်လေးကမှ အသီးအပွင့်တွေ ပါလာတာပါ။ စပြီး ကိုင်းဖြတ်တဲ့အချိန်ကနေ အသီးသီးတဲ့အချိန်ထိက လေးလလောက် ကြာပါတယ်။ အရိုင်းကနေ အယဉ်ပြောင်းပြီး အသီးသီးတဲ့အထိက အချိန် ၂ နှစ်ကျော် ၃ နှစ်လောက်တော့ ကြာပါတယ်။

ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အလုံ-ညောင်ခြေထောက်ကျေးရွာ အနီးမှ စပျစ်ခြံရှင် ဦးသန်းဝင်းက ပြောသည်။

    မေလမှ ဩဂုတ်လအတွင်းကာလများတွင် စပျစ်အရိုင်းပင်များကို ကနဦးစတင်စိုက်ပျိုးကြပြီး အရိုင်းပင် ခြောက်လသားလောက်အရွယ် ကိုင်းများတုတ်လာချိန်တွင် ကိုင်းအားလုံးကိုဖြတ်ခုတ်ပြီး စပျစ်အယဉ်ပင်နှင့် ကိုင်းကူးစိုက်ပျိုးရခြင်းဖြစ်သည်။ 

မြေပြင်တာက အရိုင်းပင် စိုက်ပျိုးချိန်မှာတော့ သိပ်မလိုဘူး။ အရိုင်းပင်ကနေ RG မျိုး၊ ချွန်းမျိုး စတဲ့ စပျစ်မျိုးတွေကို ကိုင်းကူးပြီးတဲ့အခါကျမှ မြေထပ်ပြင်ရတယ်။ အရိုင်းတုန်းကတော့ ဒီလောက် မလိုဘူးပေါ့ဗျာ။ အရိုင်းတုန်းကတော့ ပုံမှန်အတိုင်းပဲ နွားချေးထည့် မြေပြင်ပြီးမှ စိုက်လိုက်ရုံပါပဲ။ အရိုင်းကနေ အယဉ်ပင် ကိုင်းကူးပြီးတဲ့အခါကျမှ ပိုးသတ်ဆေး စတာတွေ သုံးပေးရတယ်။ အမြဲတမ်းသုံးပေးရတာမျိုးတော့ မဟုတ်ဘူး။ လိုအပ်မှ သုံးပေးရတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

    စပျစ်ပင် တစ်ဧကစိုက်ပျိုးစရိတ်အနေဖြင့် အလုပ်သမားခ အပါအဝင် သိန်း(၅၀)ဝန်းကျင် ကုန်ကျနိုင်သည်။ ပင်ကြားတန်းကြားကို (၆)ပေပတ်လည်ထား၍ စိုက်ပျိုးပါက တစ်ဧကလျှင် အပင်ရေ (၇၀၀)ခန့် ဝင်ဆံ့ကြောင်းသိရသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်