ရေချိုထိန်းသိမ်းနည်းလမ်းများ - ၁

22/03/2019 17:00 PM တွင် May Phyo Wai May Phyo Wai မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကမ္ဘာမြေကြီးတွင် ရေသည် ၇၀ ရာခိုင်နှုန်း ပါဝင်သော်လည်း လူသားတို့အတွက် နေ့စဉ်လိုအပ်သောရေချိုရရှိမှုမှာ ၃ ရာခိုင်နှုန်းသာ ရှိပါသည်။ ကမ္ဘာပေါ်ရှိလူဦးရေ၏ ၁.၁ ဘီလီလျံသည် ရေချိုရရှိနိုင်မှု ပြတ်လပ်လျက်ရှိပြီး ၂.၇ ဘီလီလျံသည် နှစ်စဉ်နှစ်တိုင်း တစ်လခန့် ရေချိုပြတ်လပ်လျက်ရှိပါသည်။ ၂.၄ ဘီလီလျံမှာ မသန့်ရှင်းသောရေများကို သုံးစွဲရသောကြောင့် ကျန်းမာရေးပြဿနာများ ဖြစ်ပွားလျက်ရှိသည်ဟု ဆိုပါသည်။ ထိုသို့ လူသားတို့၏ကျန်းမာရေးနှင့် ဂေဟစနစ်အတွက် အရေးကြီးလှသော ရေချိုအရင်းမြစ်များသည် တဖြေးဖြေးခြောက်သွေ့လျက်ရှိကာ  အသုံးပြုရန်အတွက် အလွန်ညစ် ညမ်းလျက်ရှိသည်ဟု ဆိုပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများသည် ရေကိုများစွာလိုအပ်ပါသည်။ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုအခြေအနေများ ပြောင်းလဲခြင်း၊ မိုးခေါင်ခြောက်သွေ့ခြင်းများ ဖြစ်ပေါ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေလျှံခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်းနှင့် အပူချိန် မြင့်တက်ခြင်းစသော ရာသီဥတုပြောင်းလဲမှု နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်ရလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံသည် ရေပြတ်လပ်မှုများ ကြုံတွေ့ရနိုင် သည်ဟု ခန့်မှန်းထားပါသည်။ 

ထိုသို့ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ စိုက်ပျိုးမှုစနစ်များ ပြောင်းလဲရန် လိုအပ်ပါသည်။  ကယ်လီဖိုးနီးယားနိုင် ငံတွင် လက်ရှိကြုံတွေ့နေရသော သမိုင်းတွင်သည့် ခြောက်သွေ့မှုကြောင့် တောင်သူများသည် ခြောက်သွေ့ရာသီကို ကျော်ဖြတ်နိုင်ရန်တွက် မြေအောက်ရေကိုသာ အားထားရလျှက်ရှိသည်။ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုအား လက်ရှိအခြေအနေတွင် ထိန်းချုပ်နိုင်မှုမရှိသေးသော်လည်း ရေရှည်တွင် ရေပြတ်လပ်နိုင်မည့် အခြေအနေအား တွက်ချက်ခန့်မှန်းလျှက် ရှိပါသည်။ ရေရှားပါးပြတ်လပ်မှုကို ရင်ဆိုင်ရန်အတွက် သစ်သီးခြံများတွင် အသုံးပြုလျက်ရှိသော ရေထိန်း သိမ်းနည်းနှင့် ခြောက်သွေ့စိုက်ပျိုးနည်းစနစ်များ၊ အကြံပြုတွေ့ရှိချက်များကို ဖော်ပြလိုက်ရပါသည်။

၁)  အစက်ချရေပေးသွင်းနည်းစနစ်

အစက်ချရေသွင်းစနစ်သည် အပင်၏အမြစ်ကို တိုက်ရိုက်ရေပေးသွင်းသော နည်းစနစ်ဖြစ်သည်။ အပေါ်မှဖျန်းပေးသော နည်းစနစ်နှင့်နှိုင်းယှဉ်ပါက အငွေ့ပျံမှုကို သက်သာစေသည်။ ရေကိုမလိုအပ်သောအချိန်များကို ထိန်းညှိနိုင်သည်။ ရေဆုံးရှုံးမှုကို သက်သာစေသည်။ ကောင်းမွန်စွာတပ်ဆင်ထားသော အစက်ချရေပေးသွင်းနည်းသည် ပုံမှန် ရေသွင်းနည်းများထက် ၈၀ရာခိုင်နှုန်းပို၍ လျှော့ချနိုင်သည်။ အထွက်နှုန်းကိုလည်း တိုးတက်စေသည်။

၂) ရေသိုလှောင် စုဆောင်ခြင်းနည်းလမ်း

ခြံအများစုသည် မြူနီစီပယ်ရေနှင့် တွင်းရေများကို အားကိုးနေကြသော်လည်း တချို့သော တောင်သူများသည် ကိုယ်ပိုင်ကန်များတည်ဆောက်ကာ တစ်နှစ်ပါတ်လုံးရွာသွန်းသော မိုးရေကို စုဆောင်းကြသည်။ သေချာစွာတည်ဆောက်ထားသော ကန်များသည် ဒေသရှိသက်ရှိများကိုလည်း နေထိုင်ရာဖြစ်စေသည်။ 

၃) ရေသွင်းချိန်များ သတ်မှတ်ခြင်း

သွင်းရေကို စီမံခန့်ခွဲခြင်းသည် ရေပေးသွင်းသည့် စနစ်သာမက ရေသွင်းချိန်၊ အကြိမ်အရေအတွက်နှင့် သွင်းရေပမာဏသည် အရေးပါသည်။ ရေအလွန်အကျွံသွင်းမှုကို ရှောင်ရှားနိုင်ရန်အတွက် တောင်သူသည် နေ့စဉ် ရာသီဥတုခန့်မှန်းချက်များကို သေချာစွာ စောင့်ကြည့်ရမည့်အပြင် မြေဆီလွှာနှင့် အပင် ၏အစိုဓါတ်တို့ကို သိရှိရန်လိုအပ်သည်။ ထို့ နောက် ရေပေးသွင်းရမည့် အချိန်ဇယားကို သတ်မှတ်နိုင်သည်။ ရေလွှမ်းစနစ်ကို အသုံးပြုသောခြံများတွင် ရေလွှမ်းခြင်းကို ညအချိန်တွင် ဆောင်ရွက်လေ့ရှိသည်။ ရေကို ညအချိန်တွင် ပေးသွင်းခြင်းဖြင့် ရေငွေ့ပျံခြင်းကို လျော့ချပေးနိုင်ကာ ရေကို မြေကြီး အတွင်းသို့ စိမ့်ဝင်စေခြင်းဖြင့် မြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးစေသည်။

၄) ခြောက်သွေ့မှုကို ခံနိုင်ရည်ရှိသောမျိုးများ စိုက်ပျိုးခြင်း

ဒေသရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော အပင်များရွေးချယ်စိုက်ပျိုးခြင်းသည်လည်း တောင်သူများအတွက် အကျိုးများစေသော ရွေးချယ်မှုဖြစ်သည်။ ခြောက်သွေ့ရာသီဥတုအတွက် ခြောက်သွေ့မှုကို ခံနိုင်ရည်ရှိသော မျိုးများ၊ ရေလိုအပ်မှု နည်းသောမျိုးများကို ရွေးချယ်စိုက်ပျိုးရမည် ဖြစ်သည်။ 

၅) အခြောက်စိုက်ပျိုးခြင်း

ကယ်လီဖိုးနီးယားမှ အခြောက်စိုက်ပျိုးသောခြံများသည် ရေသွင်းခြင်းကို ခြောက်သွေ့ရာသီတွင်ပင် ဆောင်ရွက်လေ့မရှိပဲ မြေဆီလွှာအတွင်းရှိ အစိုဓါတ်နှင့်သာ စိုက်ပျိုးပါသည်။ ထွန်ယက်ခြင်းနှင့် ပါတ်ဝန်းကျင်ရာသီဥတုကို တွက်ချက် ခန့်မှန်းခြင်းသည်သာ အဓိကကျသည်။ ရေမသွင်းပဲစိုက်ပျိုးသော ခြံများသည် သီးနှံများ၏အနံ့ကိုပိုမို ကောင်းမွန်စေ သည်။ သို့သော် ရေသွင်းစိုက်ပျိုးသော ခြံများနှင့်နှိုင်းယှဉ်ပါက အထွက်နှုန်းကျဆင်းစေသည်။ ဒါ့တီးဂဲလ် ခြံမှထွက်သော အခြောက်စိုက် ခရမ်းချဉ်များသည် နာမည်ကျော် လူသိများသည်။

မေဖြိုးဝေ


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်