မိုင်တိုင်တစ်ခုဆီ တွန်းပို့ပေးခဲ့သူအပေါင်းကို ကျေးဇူးတင်ခြင်း

11/09/2025 14:07 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Green Way-အစိမ်းရောင်လမ်း (စိုက်ပျိုး၊မွေးမြူရေး၊ ရေလုပ်ငန်းနည်းပညာပေးဖုန်းဆော့ဝဲ) ရဲ့  သတင်းဆောင်းပါးတွေ၊ နည်းပညာတွေ၊ ဗဟုသုတတွေ မျှဝေပေးနေတဲ့ နေရာတစ်ခုဖြစ်တဲ့ Facebook Page ဟာဆိုရင် Organic Followers ၅ သိန်းကျော်ဆိုတဲ့ မှတ်တိုင်ကို ယနေ့မှာ ရောက်ရှိသွားခဲ့ပါပြီ

🏆 ဒီမိုင်တိုင်ဆီရောက်ဖို့အတွက် အစိမ်းရောင်လမ်းကနေ အရည်အသွေးပြည့်မီတဲ့ ဆောင်းပါတွေကို တောင်သူများဆီသို့ရောက်ရှိရန် စဉ်ဆက်မပြတ်တင်ဆက်နိုင်ရန် လူအားစိတ်အားတွေနဲ့  အားပေးကူညီပေးခဲ့သူတွေကတော့ အစိမ်းရောင်လမ်းရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆရာကြီး၊ ဆရာမကြီးများနှင့် 

တောင်သူတွေလိုအပ်တဲ့ နည်းပညာများ လွယ်ကူလျင်မြန်ပြီး အဆင်ပြေချော့မွေစွာရောက်ရှိနိုင်ရန် ကြိုးစားအားထုတ်ပေးနေကြတဲ့ အစိမ်းရောင်လမ်းအဖွဲ့သားများကြောင့်ရယ်ပါ..🙏

တကယ်တော့ အခုလို အကျပ်တည်းဆုံးကာလဖြစ်တဲ့ တိုင်းပြည်နာမကျန်းဖြစ်နေချိန် ဒီလိုကာလကြီးမှာ မှတ်တိုင်တစ်ခုကို အမှတ်တရတင်ဖို့ဆိုတာကို အတော်စဉ်းစားခဲ့ရပါတယ်

🌟 ဒါပေမဲ့ ဒီလို အကျပ်အတည်းကာလအတွင်းမှာပဲ အစိမ်းရောင်လမ်းကို ဆက်လက်အားပေးနေသူတွေ၊ ဆက်တိုးလာတဲ့ အားပေးသူပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြသဖို့ အမှတ်တရတစ်ခုအနေနဲ့  အခုလို ‘ မိုင်တိုင်တစ်ခုဆီ တွန်းပို့ပေးခဲ့သူအပေါင်းကို ကျေးဇူးတင်ခြင်း’ ဆိုတဲ့ပို့စ်လေးနဲ့သာ မှတ်တမ်းတင်လိုက်ရခြင်းဖြစ်ပါတယ်ရှင့် 

တောင်သူများအပါဝင် စာဖတ်သူများအနေနဲ့လည်း အစိမ်းရောင်လမ်းက မျှဝေနေတဲ့ နည်းပညာ၊ ဖြေဆိုပေးမှုတွေကြောင့် အောင်မြင်သွားတဲ့ သာဓကတွေ၊ ပြောင်းလဲသွားတဲ့ အလေ့အထလေးတွေရှိရင် အောက်က ကွန်မန့်မှာ မျှဝေပေးခဲ့ကြပါဦးနော်။

နောက်ထပ်သော တောင်သူအကျိုးပြုနည်းပညာများကို ဆက်လက်တင်ဆက်ပေးနိုင်ရန်လည်း ကြိုးစားနေပါဦးမည်... 

တောင်သူတို့အတွက်

အစိမ်းရောင်လမ်း  


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်