ဈေးကွက်ဝင်. . . . . . . . . . . . ကျောက်ငါးများ

27/12/2019 12:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဈေးကွက်ဝင်. . . . . . . . . . . . ကျောက်ငါးများ

ပြည်ပဈေးကွက်တွင် မျက်နှာပန်းလှသည့် ငါးတစ်မျိုးမှာ ကျောက်ငါး (grouper) သည်လည်း ပါဝင်ပါသည်။ "ငါးဝက်မ" မျိုးစိတ်ဝင် ကျောက်ငါးကို ရခိုင်တွင် ' ငါးတောက်တူ' ဟု ခေါ်ဆိုကြပါသည်။ ကျောက်ငါးသည် မွေးမြူရေး ငါးဖြစ်လည်း နာမည်ကြီးပြီး အရသာလည်း ထူးခြားကောင်းမွန်လှပါသည်။ ကျောက်ငါးများမှာ အရေခွံထူသလို ၎င်း၏အကြေးခွံ ရောင်စုံအကွက်များမှာ လှပကြပါသည်။

ကျောက်ငါးများမှာ ကျောက်ဆောင်၊ ကျွန်းစုငယ်နှင့် သန္တာကျောက်များကြား အစာရှာဖွေခိုအောင်း နေထိုင်တတ်သောကြောင့် တချို့မှာ ဝါးထောက်ချောက်ချပြီး ဖမ်းကြသည်။ တချို့မှာ ၇တောင်၊ ၈တောင် ရှည်လျားသည့် မြှုံးခြင်းကြီးများဖြင့် ရေအောက်ကြမ်းပြင်ဆီချကာ ထောင်ဖမ်းကြပါသည်။ မြှုံးမှာ ကြိမ်ကြီးတွေကို သံဇကာဖြင့် ထိန်းကွပ်ထားသည့် ခြင်းကြီးဖြစ်ပါသည်။ ထူးခြားမှုမှာ သင်ပေါင်းသားများကို ထည့်သုံးထားသဖြင့် ထိုအသား၏ အနံ့မှာ ငါးများကို စွဲဆောင်စေပြီး ထိုအနံ့နောက်သို့ ငါးများလိုက်ရင်း မြှုံးဝသို့ ဝင်မိလျှက်သားဖြစ်သဖြင့် အဝင်ဝကိုလည်း အပြင်လျှာ ၊အတွင်းလျှာ သံဇကာဖြင့် ပြုလုပ်ထား၍ ငါးမှာ ဝင်ပြီးပါက ပြန်မထွက်လာနိုင်တော့ပေ။ ထိုကဲ့သို့ ဖမ်းပါက အားသာချက်မှာ အရှင်အတိုင်းဒဏ်ရာမရှိဘဲ ဖမ်းမိကြပြီး ဒိုင်မှာ ပြန်သွင်းရာတွင် ဈေးကောင်းရရှိကြပါသည်။ လက်ငင်းငွေချေစနစ်ဖြင့် နေ့စဥ်ဝယ်ယူသူများလည်း ရှိကြပါသည်။

ကျောက်ငါးသည် အသားစားသတ္တဝါဖြစ်ပြီး မွေးမြူရေးကန်သို့ ထည့်မည်ဆိုပါက မျိုးတူရာ အကောင်ချင်းရွေးထည့်ရပါသည်။ အရွယ်စုံ၊ ငါးမျိုးစုံထားလျှင် ငါးကြီးများမှာ ငါးငယ်များကို စားပစ်လိုက်ကြသောကြောင့် ဖြစ်သည်။

ပင်လယ်မှ ဖမ်းယူရရှိသော ကျောက်ငါးများကို သဘာဝနည်းအတိုင်း မွေးမြူကြသည်ဟု သိရပြီး သဘာဝအတိုင်းမွေးမြူရာတွင် ငါးသားပေါက်စုဆောင်းရသည့် အခက်အခဲအနည်းငယ်ရှိသော်လည်း စမွေးမွေးခြင်း ()လခန့်အချိန်ယူရပြီး ()လအတွင်း အစာကို ()ရက် တစ်ကြိမ် ပုံမှန် ကျွေးရပါသည်။ မွေးမြူပြီး ()လခန့်ကြာပါက ရောင်းတန်းဝင်သော အရွယ်အစားသို့ ရောက်ရှိလာပါသည်။ ဈေးနှုန်းမှာ ပြည်ပတင်ပို့မှု အကျိုးအမြတ်အနေဖြင့် ငါးအသေအပျောက်နည်းလျှင် ပိုမိုရရှိကြောင်းသိရပါသည်။

ရခိုင်၊ မြိတ်ကျွန်းစု၊ ဧရာဝတီတိုင်းနှင့် ချောင်းသာ၊ ငွေဆောင် ပင်လယ်ကမ်းခြေဒေသ ပတ်ဝန်းကျင် ကျေးရွာတို့မှ ဖမ်းမိကြသော ပြည်ပဈေးကွက်ဝင် ကျောက်ငါးအရှင်များကို ရန်ကုန်သို့ တင်ပို့ကြပါသည်။ ကျောက်ငါးများကို အများအားဖြင့် ပွင့်လင်းရာသီ အောက်တိုဘာလမှ မိုးမကျမီ ဧပြီလအထိသာ ဈေးကွက်တွင် အရောင်းအဝယ်ရှိပြီး အကောင်သေးလျှင် ၃၅ ကျပ်သားမှ အကောင်ကြီးလျှင် ၁ပိဿာကျော်ထိ ပင်လယ်ပြင်မှ ဖမ်ဆီးရမိကြောင်း သိရပါသည်။

ရန်ကုန်သို့ တင်ပို့ရာတွင် ဖော့ပုံးတစ်ပုံးလျှင် ကျောက်ငါးအရှင် ()ပိဿာ ခန့်ဝင်ဆန့်ပြီး ရေငန်ထည့်သွင်း၍ တင်ပို့ကြပြီး ရန်ကုန်မှ တဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ကြကြောင်း သိရပါသည်။

ကျောက်ငါးနှင့် ပတ်သက်၍ နာမည်ကြီးဟင်းလျာများမှာ ကျောက်ငါးကင်၊ ကျောက်ငါးပေါင်း၊ ကျောက်ငါးချိုချဥ်ကြော်၊ သောက်ဆမ်း၊၊ အကြွပ်ကြော်၊ ကျောက်ငါးခေါင်း ဟင်းချို၊ အစိမ်းသုပ်၊ စွပ်ပြုတ်၊ ကြော်ချက် ဟင်းလျာများမှာ လူကြိုက်များသည့် ဟင်းများ ဖြစ်ကြပါသည်။ ထို့ပြင် ကျောက်ငါးကို ငါးခြောက်ပြုလုပ်၍ ကျောက်ငါး ငါးခြောက်ဆားပေါ့များလည်း ဈေးကောင်းကြပါသည်။

သို့ပါသောကြောင့် ကျောက်ငါးများမှာ အရသာ ထူးခြားကောင်းမွန်ပြီး တန်ဖိုးမြင့် ငါးလည်းဖြစ်၊ မွေးမြူရေးငါးအဖြစ်လည်း မွေးမြူနေကြသော ပြည်ပဈေးကွက်ဝင် ငါးတစ်မျိုးဖြစ်ကြောင်းကို လေ့လာရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ (ငါးဦးစီးဌာန)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်