နွားစာအတွက် အစာစိမ်းစိုက်ပျိုးခြင်းနှင့် အကျိုးအမြတ်ရရှိမှု

06/03/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

?ယခုအခါ နို့စားနွားမွေးမြူသူများအနက် အစာစိမ်းစိုက်ပျိုးရန်အတွက် မြေအဆင်ပြေသောသူများသည် အစာစိမ်းစိုက်ပျိုးပြီး ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာအောင် ဖြေရှင်းလာကြသည်။

?အစာစိမ်းစိုက်ပျိုးရန်အတွက် မြေမလုံလောက်သော/ မြေအဆင်မပြေသော နို့စားနွားမွေးမြူသူများအနေဖြင့်လည်း စိုက်ပျိုးမြေရှိသော တောင်သူများနှင့် အကျိုးတူပူးပေါင်းကာ အစာစိမ်းရပိုမိုရရှိရေးရန် နည်းလမ်းများ ရှာဖွေလာကြပါပြီ။

?မြေရှိသူက အစာစိမ်းစိုက်ပြီးရောင်း၊ မွေးမြူသူက အစာစိမ်းဝယ်ကျွေးစသည်ဖြင့် ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက်အခြေအနေအပေါ် မူတည်ပြီး အဆင်ပြေမည့်ပုံစံဖြင့် လုပ်ဆောင်နိုင်ပါသည်။

?ယခုအခါ မွေးမြူသူများသည် နွားစာအစာစိမ်းစိုက်ပျိုးခြင်းကို အရင်ကထက် ပိုမိုစိတ်ဝင်စားလာကြပါပြီ။ နွားစာအစာကြမ်းအဖြစ် အသုံးပြုနေသော ကောက်ရိုးသည်ပင် တစ်နှစ်ထက်တစ်နှစ် စျေးတက်လျက်ရှိပါသည်။ ဒါကြောင့် အာဟာရနည်းပြီး စျေးကြီးသည့် ကောက်ရိုးအပေါ်  မှီခိုနေရမှုကို တတ်နိုင်သမျှလျှော့ချလာပြီး အစာစိမ်းပိုမိုရရှိနိုင်အောင်လည်း ကြိုးစားလာကြပါပြီ။

?ထို့အတူ တစ်ချိန်မှာ အစာစိမ်းစိုက်ပျိုးသူနှင့် မွေးမြူသူများကြား နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ကောင်းမွန်သည့် အစာစိမ်းရောင်းဝယ်မှုစျေးကွက် ပေါ်ပေါက်လာနိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါသည်။

?အစာစိမ်းစိုက်ပျိုးရောင်းချမှုနှင့် ပတ်သက်၍ ပုသိမ်ကြီးမြို့နယ်ရှိ စိုက်သိပ္ပံကျောင်း၏ မွန်ဘားဆားမြက် စိုက်ပျိုးရောင်းချနေမှု အတွေ့အကြုံကို မျှဝေပေးချင်ပါတယ်။

(မိမိနေရာဒေသနှင့် အခြေအနေပေါ်မူတည်ပြီး စျေးနှုန်းများကွာခြားနိုင်ပါသည်။ တောင်သူများအတွက် အထောက်အတွေးလမ်းစ ပေါ်ပေါက်ပြီး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။)

Source - MDEP


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်