ကြက်သွန်နီဥတွေမှာ အမည်းရောင်မှိုလေးတွေရှိနေပြီလား

18/08/2021 16:45 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား

    ကြက်သွန်နီဥတွေပေါ်မှာ အမည်းရောင်မှိုတွေ တွယ်ကပ်နေတာကိုတော့ အတော်များများတွေ့ဖူးကြမယ်လို့ ထင်ပါတယ်။ အများအားဖြင့် သိုလှောင်မှုပုံစံမမှန်ကန်တာကြောင့် အဖြစ်များပြီး ရိတ်သိမ်းချိန်မှာလည်း ကြက်သွန်ဥကို ဒဏ်ရာအပွန်းအပဲ့ရတာတွေကနေ ဒီလိုမှိုအမည်းတွေကို ဖြစ်စေတာပါ။

    အမည်းရောင်ပမာဏ အနည်းအများ အဝိုင်း အရှည်ပေါ်မူတည်ပြီး ဒီလိုအမည်းတွေဖြစ်စေတဲ့မှိုက ဆင်တူ (၆) မျိုးလောက်ထိရှိပါတယ်တဲ့။ ဒီထဲကမှ ခုပြောပြချင်တာကတော့  Aspergillus niger ကြောင့်ဖြစ်တဲ့ အမည်းရောင်မှိုမျှင်အစုအဝေးအကြောင်းပါ။ ဒီမှိုက မြေကြီးထဲ၊ လေထဲ၊ ပင်ကြွင်းပင်ကျန်တွေ၊ အစေ့တွေ၊ အမှိုက်သရိုက်အဆွေးတွေနဲ့ နေရာအတော်များများမှာ ရှိနေတတ်ပြီး ကြိုက်နှစ်သက်တဲ့ ပတ်ဝန်းကျင်အခြေအနေမှာ မှိုအစက်အပြောက်တွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီမှိုရောဂါက  ကြက်သွန်နီဥမှာရှိတဲ့ အပွန်းပဲ့ဒဏ်ရာတွေကနေ ဝင်ရောက်လာတတ်သလို စိုထိုင်းဆများခြင်းကလည်း အဓိကရောဂါဖြစ်စေတဲ့ကြောင်းရာတစ်ခု ဖြစ်ပါတယ်။

ကြက်သွန်ဥတွေမှာ မှိုအမည်းတွေရှိနေရင် စားသင့်လား.....မစားသင့်ဘူးလား?

    တချို့က ဘာမှမဖြစ်ဘူး အမည်းရောင်မှိုအစုအဝေးတွေက အပေါ်ယံအလွှာတင်ရှိတာရေဆေးပြီး စားလို့ရတယ်လို့ ပြောကြသလို တချို့ကလည်း မစားနဲ့တော့ ရောဂါရတတ်တယ်လို့လည်းပြောကြပါတယ်။ နှစ်မျိုးလုံးမှန်တယ်လို့ပဲ ပြောရမှာပါ။ အမည်းရောင်မှိုမျှင်အစက်အပြောက် လေးတွေက အပေါ်ယံ အပြင်ပိုင်းအလွှာတွေလောက်မှာပဲ ရှိနေတာဆိုရင်တော့ အမည်းရောင်တွေရှိနေတဲ့အလွှာကိုခွာပြီး ရေနဲ့ သန့်စင်အောင်ဆေးကြောကာ စားသုံးနိုင်ပါသေးတယ်။ တချို့ဓာတ်မတည့်တဲ့သူတွေကတော့ အလက်ဂျစ်ဖြစ်တတ်တာမို့ မစားသင့်ပါဘူး။ ဒါ့အပြင် မှိုမျှင်အစက်အပြောက်တွေက ကြက်သွန်ဥအတွင်းသားထဲအထိ များများစားစားတွေ့ရရင်တော့ မစားသင့်တော့ပါဘူး။ ဒီ Aspergillus niger မှိုကြောင့် ခန္ဓာကိုယ်ခုခံစွမ်းအားနည်းစေပြီး ပန်းနာရင်ကြပ် ရောဂါတွေဖြစ်စေတတ်ပါတယ်။ မှိုတက်တဲ့ အစားအစာအများစုက ရောဂါဖြစ်စေတတ်တာမို့ ဖြစ်နိုင်မယ်ဆိုရင်တော့ မစားတာအကောင်းဆုံးပါပဲ။

ကြက်သွန်ဥတွေမှာ မှိုမျှင်အမည်းရောင်အစုအဝေးတွေမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?

- ကြက်သွန်စိုက်ပျိုးတဲ့သူတွေက ရေထုတ်စနစ်ကောင်းမွန်တဲ့မြေမှာ ရွေးချယ်စိုက်ပျိုးသင့်ပါတယ် 

- စိုစွတ်တဲ့ရာသီဥတုအခြေနေအောက်မှာ မရိတ်သိမ်းပါနဲ့။

- ရိတ်သိမ်းတဲ့အခါမှာလည်း ကြက်သွန်ဥတွေကို အထိခိုက်အပွန်းပဲ့မဖြစ်အောင် ဂရုစိုက်ပါ။

- ရိတ်သိမ်းပြီးတာနဲ့ ချက်ချင်းသိုလှောင်ပေးသင့်ပါတယ်။

- အပူချိန်နည်းပြီး စိုထိုင်းဆနည်းတဲ့နေရာမှာ သိုလှောင်ထားပါ။

- နေထုတ်လှန်းပြီး လေပူပေးတာမျိုးမလုပ်ပါနဲ့။

- ဝယ်လာသောကြက်သွန်များထဲမှ အပွန်းပဲ့ အနာဆာပါသော ကြက်သွန်များကို အရင်စားသုံးပေးပါ။

- လှီထားပြီးသားကြက်သွန်ဥကို သိမ်းချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာထဲမှာလည်း စနစ်တကျသိုလှောင်နိုင်ပါတယ်။

 Ref : https://www.gardeningknowhow.com/edible/vegetables/onion/managing-black-mold-on-onions.htm

https://pnwhandbooks.org/plantdisease/host-disease/onion-allium-cepa-black-mold


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်