ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး ၊ အမရပူရမြို့နယ်မှာ သရက်သီးနှံကိုကောင်း မွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP) ခြံလျှောက်ထားသူ ပိုမိုတိုးတက်လာကြောင်း အမရပူရမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
အခုနှစ်မှာ သရက်သီးနှံကို အရင်နှစ်ထက် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့် (GAP) လက်မှတ်နည်းပညာကြောင့် လျှောက်ထားသူပိုမိုများပြားလာတာဖြစ်တယ်လို့ အမရပူရမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးရဲနိုင်ဝင်းကပြောပါတယ်။
နည်းပညာကြောင့်မို့လို့ တိုးတက်လာတာပါ။ မနှစ်က (GAP)ကိုလျှောက်ထားတဲ့သူ (၅) ဧကတစ်ခြံပဲရှိလာတာ။ ဒီနှစ်မှ (GAP) ခြံတွေက ဧက(၉၀)ဝန်းကျင်ထိ ရှိလာပါတယ်။ ခြံသန့်ရှင်းရေးနဲ့ အနည်းဆုံး (၅) ဧကရှိရမယ်။ (GAP) စည်းမျဉ်းစည်းကမ်း (၁၆) ချက်နဲ့ ကိုက်ညီတဲ့သူတွေကို ပေးတာပေါ့။ စားသုံးသူတွေအတွက်လည်း ခိုင်မာချက်ရှိရမယ်။ အခုလျှောက်တဲ့သူတွေကတော့ လက်မှတ်ရမလားမရမလားဆိုတာတော့ မသိသေးဘူးပေါ့
အမရပူရမြို့နယ်မှာ သရက်စိုက်ဧက ၆၄၂၁ ဧက ဝန်းကျင်ရှိပြီး အရင်နှစ်က (GAP) လက်မှတ်ရရှိထားသည်မှာ (၅) ဧကရှိကြောင်း အဆိုပါဌာနမှ သိရပါတယ်။
စိန်တလုံး၊ သုံးနှစ်သီး၊ ပတ္တမြားငမောက်၊ မယ်သီ စတဲ့မျိုးများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းလည်း အမရပူရမြို့နယ် စိုက်ပျိုးရေဦးစီးဌာနမှသိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more
Greenovator