​နွားတွေမှာ လျှာပိုးထတတ်သလား?

19/10/2021 13:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    နွားအစာမစားရင် လျှာပိုးရှိလို့ဆိုပြီး တောင်သူတွေက ထင်လေ့ရှိကြပါသည်။ တကယ်ရော လျှာပိုးရှိသလား။

    နွားရဲ့ လျှာကို ဆွဲထုတ်၍  “ဒီမယ်ကြည့် အဖုလေးတွေအများကြီးဖြစ်နေတယ်”ဆိုပြီး ပြလေ့ရှိကြပါသည်။

    တစ်ခါတရံ သူတို့ကိုယ်တိုင် နွားလျှာကို စတီးဇွန်းဖြင့်ခြစ်ခြင်း၊ ငရုတ်သီး၊ ဆားစသည်တို့ဖြင့် လျှာကိုပွတ်ခြင်း၊ ကျွဲ၊ နွားလျှာပွတ်ဆေးဖြင့်ပွတ်ခြင်းတို့ လုပ်တတ်ကြသည်။ ငြင်းချက်မထုတ်လိုပေ။ သို့သော် နွားတွေရဲ့ လျှာမှာ fungiform papillae:filiform papillae; circumvallate papillae ဆိုတဲ့ လျှာပေါ်မှာ အဖုငယ်လေးများ ယခင်ကတည်းကရှိပြီးသားပါ။

    လျှာပေါ်မှာရှိတဲ့ အနီဖုငယ်လေးများ (fungiform papillae)ကို လျှာပိုးဆိုပြီး အထင်မှား ခြစ်နေကြပါသည်။ ဆား၊ ငရုတ်သီး၊ လျှာပွတ်ဆေးတွေနဲ့ ပွတ်တိုက်ပစ်နေကြသည်။ တကယ်တမ်း ယင်းအနီဖုငယ်လေးတွေမှာ အစာ၏အရသာကို အာရုံခံစားနိုင်သော အစိတ်ပိုင်းလေးတွေ ပါရှိပါသည်။ အရသာအာရုံကိုခံစားနိုင်သော အာရုံကြောတွေနဲ့ ဆက်သွယ်ထားပါသည်။ ဒါ့ကြောင့် လျှာပိုးထသည်ဟုဆိုပြီး ဇွန်း စသည်တို့ဖြင့် ခြစ်ရန် မလိုအပ်ပါ။

    နွားများ လျှာဖြင့်လျှက်နေခြင်းသည် လျှာပိုးထ၍မဟုတ်ပါ။ တစ်ကောင်နှင့်တစ်ကောင် ရင်းနှီးသော အမူအရာကြောင့်သော်လည်းကောင်း၊ မိခင်က သားငယ်ကို မိခင်စိတ်ကြောင့်သော်လည်းကောင်း လျှာဖြင့် လျှက်လေ့ရှိကြသည်။

    ထို့ပြင် စားကျင်း၊ နွားချည်တိုင်၊ နွားချည်ကြိုး၊ မြေကြီးစသည်တို့ကို လျှက်နေခြင်းသည် လျှာပိုးထ၍ မဟုတ်ပါ။ နွားခန္ဓာကိုယ်အတွက် လိုအပ်သော ဆားနှင့် အခြားသောသတ္ထုဓာတ်များ လိုအပ်ခြင်းကြောင့် လျှက်လေ့ရှိကြသည်။

    ထိုအခါမျိုးတွင် လိုအပ်သော ဆား (သို့မဟုတ်) သတ္တုဓာတ်များထည့်ကျွေးခြင်း၊ ဗိုက်တာမင်ကဲ့သို့သော ဆေးဝါးများတိုက်ပေးခြင်း၊ အစာအာဟာရပြည့်ဝစွာကျွေးခြင်းဖြင့်  ပျောက်ကင်းစေ နိုင်ပါသည်။

Ref:Dr.myat lin ( vet)၏ “နွားလျှာပိုး ထတတ်လား” ဆောင်းပါး။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်