ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့မှာ ကော်ဖီပျိုးပင် ဧက (၅၀) စိုက်ပျိုးနိုင်ရန်အတွက် စီစဉ်လုပ်ဆောင်နေကြောင်း ချင်းပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ သိရပါတယ်။
ချင်းပြည်နယ်မှာ ကော်ဖီစိုက်ပျိူးနိုင်ရန်အတွက် အော်ဂဲနစ်ပျိုးပင်များကို ရှမ်းတောင် ကော်ဖီအစု အဖွဲ့မှ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပြီး စီစဉ်လုပ်ဆောင်နေတယ်လို့ ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ အကြံပေး ဦးဖွေးမနားကပြောပါတယ်။
“ တောင်သူတစ်ဦးကို အနည်းဆုံး တစ်ဧကနှုန်းထားနဲ့ ကော်ဖီပျိုးပင်တွေကို စိုက်ပျိုးနိုင်ဖို့အတွက် ကူညီပေးမယ်။ ထွက်လာတဲ့ ကော်ဖီသီးတွေကို သူတို့က ပြန်ဝယ်ယူမယ်။ ပြီးရင် တောင်သူတွေကနေပြီးတော့ ကော်ဖီသီးထွက်လာရင် ပျိုးပင်တွေကို ဈေးနှုန်းကောက်ယူမယ်။ အခုတော့စိုက်ပျိုးနိုင်ဖို့အတွက် တောတွေခုတ်ထစ်ပြီး ရှင်းလင်းနေပါတယ်”
အော်ဂဲနစ်ကော်ဖီပျိုးပင်များကို အနည်းဆုံး တစ်ဧကနှုန်းထားဖြင့် စိုက်ပျိုးနိုင်ရန် ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ကန်ပက်လက်မြို့မှာ ကော်ဖီဧက (၅၀) ကို စိုက်ပျိုးသွားမှာဖြစ်ကြောင်း ချင်းပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှသိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more