အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပင်စိမ်းမွှေး

ပင်စိမ်းမွှေး

Green Way
Green Way • Greenovator • 06/02/2020

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံအနှံ့အပြား ပေါက်ရောက်သည်။ အထူးသဖြင့် အပူပိုင်းဒေသတွင် ပိုမိုပေါက်ရောက်သည်။

စိုက်ပျိုးပုံ

၁။ မြေပြုပြင်ခြင်း။ ။ ဟင်းသီးဟင်းရွက်ခင်းများ ပြုပြင်သကဲ့သို့ပင်ဖြစ်သည်။

၂။ မျိုးစေ့ချခြင်း။ ။ တစ်တန်းနှင့် တစ်တန်း ၂ပေမှ ၃ပေ အထိ ခွာ၍ အလျား ၁ပေလျှင် မျိုးစေ့ပေါင်း ၁၂ မှ ၁၅ စေ့အထိချရသည်။ မျိုးစေ့များ စိပ်မနေစေရန် ဂရုပြုရမည်။

၃။ အပင်ပြုစုခြင်း။ ။ ပေါင်းနှိမ်ခြင်း၊ မြေဆွခြင်းကို လိုအပ်သလို ပြုလုပ်ရမည်။ မြေသြဇာအထူးမလိုသော်လည်း ထည့်နိုင်မည်ဆိုက ပိုမိုကောင်းမွန်သည်။

၄။ စုဆောင်းရယူခြင်း။ ။ စတင်ပွင့်ချိန်လောက်၌ ရိတ်သိမ်းရသည်။ အပင်ရင်း ၆ လက်မမှ ၈ လက်မ ခန့်ချန်၍ ဖြတ်ယူပြီး အငုတ်မှထွက်လာသော အတက်များသည် နောက်တစ်ကြိမ် ပွင့်လာပါက ထပ်မံဖြတ်ယူနိုင်သည်။ တစ်ရာသီလျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိရယူနိုင်သည်။ အညွန့်နှင့် အရွက်များကို အရိပ်ထဲ၌ အခြောက်လှန်းရသည်။

အသုံးပြုသည့်အစိတ်အပိုင်း

အရွက်နှင့် အစေ့များ

အာနိသင်

မြန်မာဆေးကျမ်းများအလိုအရ ပင်စိမ်းသည် ပူ စပ် အရသာရှိ၏။ အနည်းငယ် ခါး၏။ လေနှင့် သလိပ်ကိုနိုင်၏။ ရင်ကျပ်၊ ချွဲကျပ်၊ အစာမကြေသော အနာမျိုးကိုနိုင်၏။ သည်းခြေကို ပျက်စေတတ်၏။

အသုံးပြုပုံ

အရွက် ၁။ ပင်စိမ်းရွက်ကို ကြိတ်ညှစ်၍ရသော အရည်သည် ချောင်းဆိုးရောဂါ၊ အရေပြားရောဂါ၊ မစားချင် မသောက်ချင်ဖြစ်ခြင်းနှင့် အစာအိမ်ရောဂါကြောင့် ဗိုက်နာသောဝေဒနာတို့အား ပျောက်ကင်းစေသည်။

၂။ အရွက်စိမ်းကို အရည်ရအောင် ကြိတ်ညှစ်၍ နားထင်၊ နဖူး စသည့် မျက်နှာအထက်ပိုင်းတွင် လိမ်းပေးပါက ခေါင်းကိုက်ရောဂါ ပျောက်၏။

၃။ ပဉ္စငါးပါးကို ရေနွေးဖြော၍ အငွေ့ကို ရှူပါက လေငန်း၊ လေဖြတ်ရောဂါနှင့် အဆစ်ရောင်ရောဂါ ပျောက်၏။

၄။ မျောက်သားကို ကင်၍ ပင်စိမ်းရွက်နိုင်နိုင်နှင့် ကြော်စားက အဆုတ်ရောဂါ၊ ပန်းသေရောဂါ၊ မျက်စိနာရောဂါ၊ ပန်းနာ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေ၏။

၅။ ငါးကျည်းခြောက်ကို ပင်စိမ်းရွက်နှင့် ကြော်စားပါက အစားမှား၊ ဆေးမှား၊ အော့အန်ခြင်း၊ အမျိုးသမီးများ သကျည်းကိုက်ခြင်း၊ သားအိမ်လျှောခြင်း၊ နို့ချောင်းပိတ်ခြင်း၊ ကိုယ်လက် ယားယံခြင်း၊ ဆီးအောင့်ခြင်းနှင့် မီးဖွားပြီးစ အပုပ်ဆန်တတ်သော ရောဂါများကို ပျောက်ကင်းစေသည်။

၆။ မြွေ စသည့် အဆိပ်ရှိသတ္တဝါများကိုက်ပါက ပင်စိမ်းရွက်၊ ပျဉ်းတော်သိမ်ရွက် ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တစ်လုံး၊ ညတစ်လုံး စားခြင်း၊ ကိုက်သည့်ဒဏ်ရာပေါ်တွင် ကြိတ်ဖတ်များကို အုံ၍ အဝတ်ဖြင့်စည်းပေးထားခြင်း ပြုလုပ်ပါက အလွန်ပြင်းထန်သော အဆိပ်ကို ပြယ်စေပါသည်။

၇။ ပင်စိမ်းရွက်၊ ကွမ်းရွက်၊ ကြပ်ခိုး အနည်းငယ်၊ နနွင်းမှုန့် အနည်းငယ် ရောကြိတ်ပြီး ကလေးကို လိမ်းပေးပါက ကလေးများတွင် ဖြစ်တတ်သော ကျောပူခေါင်းပူရောဂါ ပျောက်စေ၏။

အစေ့ ၁။ နှမ်းစေ့၊ ပင်စိမ်းစေ့၊ ထန်းလျက် ဆတူ ရောကြိတ်၍ ပျားရည်နှင့်တေ့ပြီး ကွမ်းသီးလုံးခန့်၊ နံနက် တစ်လုံး၊ ညအိပ်ရာဝင် တစ်လုံးစားပါက အူ၊ အသည်းနှလုံး၊ ကျောက်ကပ်တို့တွင် ဖြစ်တတ်သော ရောဂါများ၊ လေ သလိပ်ထကြွသောရောဂါ၊ သွားကိုက်၊ နားကိုက်၊ သွားဖုံးရောင်ရောဂါများ၊ မြင်းသရိုက်ရောဂါ၊ ဆီးနည်းသောရောဂါ၊ ပွေး ဝဲ နှင်းခူ စသည့် ရောဂါများကို ပျောက်ကင်းချမ်းသာစေသည်။

၂။ ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီး အနည်းငယ်ထောင်း၍ နွားနို့၊ သကြားတို့နှင့် ဖျော်သောက်ပါက ဆီးရောဂါ၊ အသားအရေ နွမ်းခြောက် ကျုံလှီသော ရောဂါ၊ သွေးအကျိတ်အခဲရောဂါ၊ ဓာတ်ပုပ်၊ ဆီးပုပ်၊ သလိပ်ပုပ်ရောဂါတို့ကို ပျောက်ကင်းစေသည်။

၃။ ပင်စိမ်းစေ့ကို အဖျော်ယမကာများတွင် စိမ်သောက်သော် အသည်းရောင်ရောဂါ ပျောက်၍ အမောအပန်းပြေပြီး ဆီးကောင်းစေသည်။

ကိုးကား- မြန်မာ့ဆေးဝါးပင်များ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 2 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။