လူသိနည်းသော နနွင်းနက်နှင့် ယင်း၏အသုံးဝင်ပုံများ
နနွင်းကို ဟင်းပွဲများနှင့်အခြားသော အဖျော်ယမကာများတွင်အသုံးပြုကြသည့်အပြင် ကျန်းမာရေးအကျိုးကျေးဇူးများလည်းရရှိနိုင်သည့်အတွက် ကမ္ဘာအနှံ့လူသိများလှပါသည်။ ကျွန်ုပ်တို့မြင်တွေ့နေကျနနွင်းကို ချက်ပြုတ်ရာနှင့်ဆေးဝါးကုသမှုများ၌အသုံးပြုရသောကြောင့် ရင်းနှီးပြီးဖြစ်သော်လည်း နနွင်းနက်ကိုမူ လူသိနည်းလှပါသည်။ နနွင်းဝါနှင့်ပုံစံတူနနွင်းနက်ကို အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနှင့် အခြားသောပြည်နယ်များတွင် တွေ့ရပါသည်။ နနွင်းနက်၏သိပ္ပံအမည်မှာ Curcuma caesia ဖြစ်ပြီး Black Zedoary ဟုလည်းခေါ်ဝေါ်ကြပါသည်။ နနွင်းနက်ပင်သည် နှစ်ရှည်ခံသစ်ပျော့ပင်မျိုးဖြစ်ပြီး အနီရောင်အနားသတ်များပါသောအဝါနုရောင်ပန်းပွင့် ပွင့်ပါသည်။
နနွင်းနက်ကိုစိုက်ပျိုးရာတွင် ပုံမှန်နနွင်းကိုစိုက်ပျိုးသည့်အတိုင်းစိုက်ပျိုးနိုင်ပြီး အမှုန့်ပုံစံ နနွင်းခဲပုံစံအဖြစ်အသုံးပြုနိုင်ပါသည်။ Madhya Pradeshပြည်ထောင်စုရှိလူမျိုးစုများသည် နနွင်းနက်ကိုကျက်သရေအဆောင်အဖြစ် သတ်မှတ်ထားကြပါသည်။ နနွင်းနက်ကိုဆောင်ထားခြင်းဖြင့် အစာရေစာပေါကြွယ်ဝစေပြီး ငတ်မွတ်ဆင်းရဲမှုဘေးမှကင်းဝေးစေသည်ဟုအယူရှိပါသည်။ ထို့ပြင်နနွင်းနက်တွင်အမွှေးဂလင်းများပါရှိသောကြောင့် အမွှေးရနံ့ကိုလည်းရရှိစေနိုင်ပါသည်။
ဆေးဖက်ဝင်ပုံများ
Manipurနှင့်အခြားသောပြည်နယ်များတွင် နနွင်းနက်၏ကြိတ်ဖတ်ဖြင့် မြွေကိုက်သည့်ဒဏ်ရာများ၊ ကင်းမြီးကောက်ကိုက်သည့် ဒဏ်ရာများကို ကုသလေ့ရှိပါသည်။ ထို့ပြင်နနွင်းနက်မှရသည့်သတ္တုရည်(နနွင်းနက်ကိုကြိတ်လိုက်လို့ရရှိတဲ့အရည်)ကို ဝမ်းကိုက်ခြင်း၊ အူလမ်းကြောင်းဆိုင်ရာရောဂါများကိုကုသခြင်းများတွင် အသုံးပြုပါသည်။ ထို့အပြင်သွေးထွက်လွန်ခြင်းများကိုကာကွယ်နိုင်ခြင်း၊ အနာကျက်မြန်စေခြင်း စသောအစွမ်းသတ္တိများရှိသောကြောင့် အနာများကုသရာတွင် လွန်စွာအသုံးများပါသည်။
နနွင်းနက်ကြိတ်ဖတ်ကို မီးလောင်ဒဏ်ရာများပေါ်တွင်အုံပေးခြင်းဖြင့် အရည်ကြည်ဖုထခြင်းများကိုသက်သာစေနိုင်ပါသည်။ အဆစ်အမြစ်ကိုက်ခြင်းများကိုလည်း နနွင်းနက်ဖြင့် ကြပ်ထုပ်စည်း၍ကုသနိုင်ပါသည်။ နနွင်းနက်တွင် အင်တီအောက်စီးဒင့် (antioxidant) များပေါကြွယ်ဝသည့်အပြင် မှိုများကိုဆန့်ကျင်သောသတ္တိများပါရှိသောကြောင့် ခန္ဓာကိုယ်ရောင်ရမ်းခြင်းများ ၊ အခြားသောပြင်ပရောဂါများကိုတိုက်ထုတ်ပေးနိုင်စွမ်းရှိပါသည်။ အစရှိသော အစွမ်းသတ္တိများကြောင့် နနွင်းနက်သည် ဆေးဝါးကုသရာ၌လွန်စွာအကျိုးကျေးဇူးများနေရခြင်းဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Than Htike Aung
လွန်ခဲ့သော ၄ နှစ် ကနနွင်းအမျိုးအစားဘယ်နှစ်မျိုးရှိလဲဗျ
Kyaw Nanda
လွန်ခဲ့သော ၅ နှစ် ကကျိုင်းတုံမှာတော့နနွင်းနက်လားမသေချာ ပုံထဲကထက်ခရမ်းရောင်ရင့်တာနက်တဲ့ဘက် ကူးတယ်။စိုက်တော့ထားတယ်။
Zezawar
လွန်ခဲ့သော ၅ နှစ် ကစိုက်ချင်ပါတယ်။မျိုး ဘယ်ကရနိုင်မလဲရှင့်
Winmyatthu
လွန်ခဲ့သော ၅ နှစ် ကဈေးကွက်ရှိလားဗျ
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 0 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Nyan Thant Zin
အားလုံး
ကျန်းမာရေးအတွက် အကျိုးများတဲ မျောက်ဥအကြောင်း
22/04/2022
ရာသီစာစိမ်းစားဥကြော်နည်းနှင့် ကော်ပြန့်လုပ်နည်း
24/01/2022
ကြက်သွန်ဖြူတွင်ကျရောက်တတ်သော လှေးနှင့်မွှားပြဿနာ
13/01/2022
နှမ်းသီးနှံ အာဟာရတန်ဖိုးပါဝင်မှုနှင့် ကျန်းမာရေးအကျိုးပြုချက်များ
16/12/2021
ပဲလွမ်းတွင်ကျရောက်တတ်သော ရောဂါများ (၂)
13/11/2021