အစိမ်းစားရင် အကျိုးပိုများတဲ့ ကြက်သွန်နီ

13/09/2021 18:00 PM တွင် Nan Su San Nan Su San မှ ရေးသား

    ကြက်သွန်နီဟာ ဟင်းချက်နည်းမျိုးစုံမှာ ပုံစံအမျိုးမျိုးထည့်သုံးကြတဲ့ အသီးအနှံတစ်ခု၊ မီးဖိုချောင်တိုင်းမှာဆောင်ထားတဲ့ အသီးအနှံတစ်ခုပေါ့။ မြန်မာလူမျိုးတွေကတော့ ဟင်းအနှစ်လုပ်ဖို့အတွက်ဆို ကြက်သွန်နီကို အဓိကသုံးကြတယ်လေ။ အသုပ်အမျိုးမျိုး သုပ်စားတဲ့အခါမှာလည်း ကြက်သွန်နီဆီချက်၊ ကြက်သွန်နီအစိမ်းတွေ ထည့်စားတတ်ကြပါတယ်။ တချို့ကတော့ ကြက်သွန်နီအစိမ်းကို အတို့အမြှုပ်အနေနဲ့ စားကြပါတယ်။ ကြက်သွန်နီက အသုံးပြုပုံတွေ၊ စားသုံးတဲ့နည်းတွေကွဲသလို အကျိုးအာနိသင်ရရှိပုံခြင်းလည်း မတူပြန်ပါဘူး။ ကြက်သွန်နီဟာ အရသာကောင်းမွန်သော စားသောက်ဖွယ်ရာဖြစ်ရုံသာမက နာမကျန်းဖျားနာတာတွေကို ကုသနိုင်တဲ့ ဆေးတစ်ပါးလည်းဖြစ်ပါတယ်။ ဟိုး…..ရာစုနှစ်များစွာကတည်းက ကြက်သွန်နီကို အပယိကဖျားနာတာတွေကို ကုသတဲ့နေရာမှာ သုံးခဲ့ကြပါတယ်။ 

    ဗိုက်တာမင်၊ သတ္တုဓါတ်၊ အမျှဉ်ဓါတ်ပါဝင်မှုမြင့်မားပြီး ကယ်လိုရီပါဝင်မှုနည်းပါးတဲ့ ကြက်သွန်နီဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်ခုပါပဲ။ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ဘီ၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်တွေကြွယ်ဝတဲ့ အာဟာရအိုးကြီးပေါ့။

    ကြက်သွန်နီထဲမှာပါတဲ့ အန်တီအောက်စီဒန့် (antioxidants) ဟာ ကိုလက်စထရောပမာဏကို လျော့ကျစေပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုကိုသက်သာစေပြီး သွေးခဲခြင်း၊ သွေးတိုးခြင်းကိုလည်း သက်သာစေတာဆိုတော့ ကိုဗစ်နောက်ဆက်တွဲရောဂါတွေမဖြစ်အောင် စားသုံးသင့်ပါတယ်။ ကြက်သွန်နီအစိမ်း တစ်နေ့ ၄၀-၆၀ ဂရမ်(ကြက်သွန်နီဥ အလတ်ဆိုဒ် တစ်စိတ်ခန့်) စားပေးခြင်းဖြင့် ရှစ်ပတ်အကြာမှာ သွေးတိုးတာတွေ၊ ရောင်ရမ်းတာတွေသက်သာစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို သိသိသာသာလျော့ကျစေတယ်လို့လည်း လေ့လာတွေ့ရှိထားပါတယ်။

    ကြက်သွန်နီ (အတွင်းသားတွေက ခရမ်းရောင်အကွင်းလိုက်ဖြစ်နေတဲ့ Red onion အမျိုးအစား) မှာ Anthocyanins ပါဝင်မှုမြင့်မားပြီး အဲဒီ Anthocyanins ဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါ (အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ) တချို့နဲ့ ဆီးချိုသွေးချိုရောဂါတွေကို ကာကွယ်နိုင်စွမ်းရှိပါတယ်။  (သုတေသနမှတ်တမ်းများအရ ကြက်သွန်နီများများစားတဲ့သူတွေဟာ အစာအိမ်ကင်ဆာဖြစ်ပွားမှုကို ၂၂ ရာခိုင်နှုန်း၊ အူမကြီးကင်ဆာဖြစ်ပွားမှုကို ၁၅ ရာခိုင်နှုန်းထိ လျော့ကျစေနိုင်ကြောင်း သိရှိရပါတယ်။)

    ကြက်သွန်နီမှာတွေ့ရတဲ့ Quercetin နဲ့ sulfur ဓါတ်ပေါင်းတွေဟာ သွေးတွင်းသကြားပါဝင်မှုကို လျော့ကျစေပြီး ဆီးချိုသွေးချိုကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဆီးချိုသွေးချို (type-2) ဝေဒနာရှင်တွေဟာ ကြက်သွန်နီအစိမ်း ၁၀၀ ဂရမ် (ကြက်သွန်နီဥ အလတ်ဆိုဒ် တစ်ခြမ်းခန့်) စားပေးခြင်းဖြင့် စားပြီး လေးနာရီအကြာမှာ သွေးတွင်းသကြားပါဝင်မှု ကို 40mg/dl လျော့ကြစေကြောင်း သုတေသနလေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။ 

    ကြက်သွန်နီစားပေးခြင်းဟာ အရိုးတွေကိုလည်း သန်မာစေပါတယ်။ ကြက်သွန်နီကို မကြာခဏစားသုံးတဲ့ အသက်ကြီးပိုင်းအမျိုးသမီးတွေမှာ တင်ပဆုံအရိုးအက်ခြင်း၊ ကျိုးခြင်းကို ၂၀ ရာခိုင်နှုန်းထိ လျော့ကျစေပါတယ်။

    ကြက်သွန်နီဟာ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေသော ဘတ်တီးရီးယားများ (E-coli နဲ့ S. aureus)  ပေါက်ပွားကြီးထွားမှုကိုလည်း တားဆီးပေးပါတယ်။ အူလမ်းကြောင်းသန့်ရှင်းဖို့ ကျန်းမာဖို့ အမျှင်ဓါတ်များများစားဖို့ လိုအပ်ပါတယ်။ ကြက်သွန်နီထဲမှာ အဲ့အမျှင်ဓါတ်လည်း အများကြီးပါတယ်နော်။ အမျှဉ်ဓါတ်နဲ့ Prebiotics ပါဝင်မှုများတဲ့ကြက်သွန်နီဟာ အစာချေနှုန်းကို ကောင်းစေတယ်။ ကြက်သွန်နီအစိမ်းစားပေးခြင်းဖြင့် အကျိုးပြုဘတ်တီးရီးယားများ တိုးစေပြီး အူလမ်းကြောင်းကို ကျန်းမာစေတယ်။ အစာချေနိုင်စွမ်းကို ပိုအားကောာင်းစေတယ်။ ကိုယ်ခံအားစနစ်ကိုအားကောင်းစေပါတယ်။

    ဒါ့ကြောင့် ကြက်သွန်နီဟာ စားသုံးရလွယ်ကူပြီး အံ့ဩရလောက်အောင် အာဟာရဓါတ်များ ပေါကြွယ်ဝရုံသာမက ရောဂါအချို့ကို ကာကွယ်နိုင်စွမ်းရှိသော ကျန်းမာရေးအတွက် အဖိုးထိုက်တန်သော အသီးအနှံတစ်မျိုးဖြစ်တာမို့ မိမိတို့ရဲ့ နေ့စဉ်အာဟာရထဲမှာ ကြက်သွန်နီအစိမ်းစားခြင်းကိုပါ ထည့်သွင်းတွက်ချက်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ 

နန်းစုစံ (စိုက်ပျိုးရေး)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်