မြန်မာ့ကော်ဖီပွဲတော် (Coffee-Fair 2019) ကျင်းပသွားမည်

30/09/2019 09:56 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မြန်မာ့ကော်ဖီပွဲတော်၂၀၁၉ ( Coffee-Fair 2019 )ကို မန္တလေးတိုင်းဒေသကြီး၊ မန္တလာသီရိ အားကစားကွင်းမှာ အောက်တိုဘာလ (၇) ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။

   မြန်မာ့ကော်ဖီအရည်အသွေး မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်ကာ ပွဲပြုလုပ်ကျင်းပရတာဖြစ်တယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းမှ ပွဲစီစဉ်သူ ဒေါ်စိုးစိုးမွန်က ပြောပါတယ်။ 

   “ကော်ဖီအရည်အသွေးကို မြှင့်တင်ဖို့အတွက်နဲ့ ကော်ဈေးကွက် ပိုမိုချဲ့ထွင်နိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ လုပ်ဖြစ်တာပါ။ သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး မြန်မာ့ကော်ဖီပွဲတော် ၂၀၁၉ ကို ကျင်းပရတာဖြစ်ပါတယ်”

   အဆိုပါပွဲတော်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံကော်ဖီအသင်းတို့မှ ပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။

   Coffee–Fair 2019 ပွဲမှာ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူအစုအဖွဲ့များ၊ တင်ပို့သူ၊ တင်သွင်းသူများ ၊ ကြိတ်ခွဲထုတ်လုပ်သူများ၊ ကော်ဖီနဲ့ဆက်စပ်သော လှော်စက်၊ ဖျော်စက် စက်ကိရိယာ ထုတ်လုပ်သူများ၊ စားသောက်ကုန်ထုတ် လုပ်ငန်းရှင်များအနေနဲ့  ပြခန်းများ ခင်းကျင်းပြသလိုပါက မြန်မာနိုင်ငံကော်ဖီအသင်းကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်