ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများရဲ့ တီထွင်ဆန်းသစ်မှုများကို GIZ မှကူညီပေးသွားမည်

24/07/2019 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကော်ဖီစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများရဲ့ တီထွင်ဆန်းသစ်မှုများအတွက် ဂျာမနီနိုင်ငံGIZ အဖွဲ့မှ ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်း GIZ Coffee Inovation Fund Project မှသိရပါတယ်။

ကော်ဖီကဏ္ဍတစ်ခုလုံးမှာ ပါဝင်သူများကို တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် ပြုလုပ်တာဖြစ်တယ်လို့ GIZ Coffee Inovation Fund Project မှ နည်းပညာအကြံပေး ဒေါ်ပွင့်ပွင့်အောင် ကပြောပါတယ်။

“GIZ ကနေပြီးတော့ ကော်ဖီကဏ္ဍတစ်ခုလုံးမှာပါတဲ့သူတွေ ကော်ဖီစိုက်ပျိုးတဲ့သူရော၊ ထုတ်လုပ်တဲ့ သူရော၊ လှော်တဲ့သူရော fund ပေးမယ်။ တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာကိုရွေးမှာ။ proposal တင်ရမှာပါ။ ကော်ဖီကဏ္ဍာက နောက်ပိုင်းမှာတိုးတက်ဖွံ့ဖြိုးလာတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံမှု အားနည်းနေတဲ့အတွက် စိုက်တဲ့သူတွေပါ ပါဝင်လာနိုင်အောင် လုပ်ပေးတာပါ”

တောင်သူများအနေနဲ့လည်း အဖွဲ့လိုက်စုကာ တီထွင်ဆန်းသစ်မှုအိုင်ဒီယာများကို တင်နိုင်ပြီး လျှောက်ထားမယ့်သူများမှာ အတွေ့အကြုံ  (၃) နှစ်ရှိရမှာဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါအစီအစဉ် ကိုစိတ်ဝင်စားသူများအနေနဲ့ E-mail ဖြစ်တဲ့ pyai.twing @giz.ge နဲ့ maypwint thyu.phyu@gmail.com ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံကော်ဖီအသင်းဝင်မျာ ၊ ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနဲ့ ကော်ဖီဆိုင်များကို ကူညီပေးသွားမှာဖြစ်ကြောင်း GIZ Coffee Inovation Fund Project မှသိရပါတယ်။

တိုးတိုးခိုင်(ABM)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်