မြန်မာ့သရက်သီးများ ဝယ်လိုအားတက်လာ

24/05/2019 10:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုနှစ်အတွင်း မြန်မာ့သရက်သီးများမှာ ဝယ်လိုအားတက်လာကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။ 

 မြန်မာ့သရက်သီးများမှာ တရုတ်မှ အခြားသရက်သီးမျိုးများပါ အဝယ်လိုက်လာတဲ့အတွက် ယခင်နှစ်ထက် ဝယ်လိုအားတက်လာတာဖြစ်တယ်လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုး တက်ရေးအသင်းမှ အလုပ်အမှုဆောင် ဦးကျော်စွာဟိန်းကပြောပါတယ်။

“ ဝယ်လိုအားကောင်းတယ်။ တရုတ်ပြည်ထဲမှာလည်း  ဒီနှစ် သရက်အထွက်နှုန်းက မနှစ်ကလောက်မများဘူး။ အရင်နှစ်ကဆို ဒီလိုအချိန်မျိုးမှာ သရက်သီးတွေ နေ့ချင်းရောင်းမကုန်ဘူး။ ပြုံနေတာတွေ ရှိတယ်။ ဒီနှစ်ကတော့ မူဆယ် (၁၀၅) မိုင်ကို ရောက်သွားတာနဲ့ ကုန်သွားတယ်”

တရုတ်ဘက်မှ  စိန်တလုံး၊ ရွေဟင်္သာ၊ ပတ္တမြားငမောက်၊ သုံးနှစ်၊ မယ်သီ သရက်သီးမျိုးများမှာ လည်း အခုနှစ်အတွင်း ဈေးကွက်ရှိလာကာ ဝယ်လိုအားလိုက်လာကြောင်း  အဆိုပါအသင်းမှ သိရပါတယ်။ 

အခုနှစ်အတွင်း မြန်မာ့သရက်များမှာ ဝယ်လိုအား တက်လာခဲ့သော်လည်း သရက်ထွက်နှုန်းမှာနည်းနေကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်