ယခင်နှစ်ထက် သခွားမွှေးဈေးနှုန်းတက်လာ

24/04/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခင်နှစ်များထက် သခွားမွှေးသီး ဈေးနှုန်းများမှာ သခွားမွှေးကားတစ်စီးလုံးကို တရုတ်ယွမ်ငွေ (၅၀၀၀) တက်လာကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အဖွဲ့မှသိရပါတယ်။

ယခုနှစ်မှာ သခွားမွှေးကားများ ဝယ်လိုအားများပြီး ကုန်တင်ကားအဝင်နည်းတာကြောင့် ဈေးနှုန်းများ ပိုမိုရရှိတာဖြစ်တယ်လို့ မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အဖွဲ့မှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါတယ်။

“ အရင်နှစ်က ရာသီဥတုဖောက်ပြန်တာကြောင့်မို့လို့ ဈေးနှုန်းကလည်း ဒီနှစ်လောက်မရခဲ့ဘူး။ ဒီနှစ်မှာဆို သင်္ကြန်ပြီးရက်ပိုင်းလောက်က ကားအဝင်များနေလို့ ဈေးနှုန်းသိပ်မရခဲ့ဘူး။ အခုရက်ပိုင်းလောက်မှ ဈေးနှုန်းက တော်တော်ပြန်တက်လာတာ။ ကားအဝင်နည်းသွားပြီး ဝယ်လိုအားက တအား များလာတဲ့အတွက် ဈေးကတက်လာတာပေါ့”

သခွားမွှေးကားများမှာ ယခင်နှစ်က သခွားမွှေးကုန်တင်ကားတစ်စီးလုံးကို တရုတ်ယွမ်ငွေ ၂၀၀၀ သာရရှိခဲ့ပြီး ယခုနှစ်အတွင်း သခွားမွှေးကုန်တင်ကားတစ်စီးလုံးကို တရုတ်ယွမ်ငွေ ၇၀၀၀ ရရှိလာကြောင်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့သခွားမွှေးကို တရုတ်နိုင်ငံကို နယ်စပ်လမ်းကြောင်းမှ အဓိကထားတင်ပို့နေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအဖွဲ့မှသိရပါတယ်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်