ယခုရက်ပိုင်းအတွင်း မြစ်သားကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာကြောင်း မြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
အခုရက်ပိုင်းအတွင်း တရုတ်မှ ကြက်သွန်နီဝယ်ယူမှုရှိတာကြောင့် မြစ်သားကြက်သွန်နီဈေးနှုန်းများမှာ တက်လာကြောင်း မြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင် ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။
“ဒီရက်ပိုင်းအတွင်းမှာ ကြက်သွန်နီတွေထဲကမှ မြစ်သားကြက်သွန်နီကို နယ်စပ်တရုတ်ဘက်က ဝယ်ယူနေတဲ့အတွက် ဈေးနှုန်းတက်လာတယ်။ မြင်းခြံ ၊ ပခုက္ကူ နဲ့ တောင်းတွင်းကြက်သွန်နီတွေကိုတော့ ဝယ်ယူမှုမရှိသေးဘူး။ ပြည်ပဈေးကွက်လည်း ခုချိန်ထိမရှိသေးဘူး”
နယ်အစုံမှ ကြက်သွန်နီကုန်တင်ကားအစီးရေမှာ တစ်နေ့ကိုပျှမ်းမျှ (၅၀) ခန့် ဝင်ရောက်နေကြောင်း လည်း မြန်မာနိုင်ငံကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့်စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်းမှသိရပါတယ်။
ယခင်တစ်ပတ်က မြစ်သားရှယ်တစ်ပိဿာကို ၆၀၀ ကျပ်ရှိရာမှ ၇၀၀ ကျပ်တက်လာပြီး ၊ မြစ်သားလတ်ကြီး တစ်ပိဿာကို ၈၅၀ ကျပ်မှ ၉၀၀ ကျပ်တက်လာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်း များအရ သိရပါတယ်။
အောင်ကျော်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more