အပူပိုင်းဇုန်ဒေသများမှ ထွက်ရှိသည့်သီးနှံများကို အဆင့်မြှင့်တင်ထုတ်လုပ်သွားမည်

18/06/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာမိုးနည်းရပ်ဝန်းဒေသ သီးနှံသုတေသနဌာနနဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်းရှိ မိုးနည်းရပ်ဝန်းဒေသမှထွက်ရှိတဲ့ သီးနှံများကို အဆင့်မြှင့်တင် ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း စိုက်ပျိူးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။ 

အပူပိုင်းဇုန်ဒေသများမှ ထွက်ရှိတဲ့ သီးနှံများကို အဆင့်မြှင့်တင်နိုင်ရေးနဲ့ တောင်သူများ ဝင်ငွေပိုမို ရရှိစေနိုင်ရန်အ တွက် ရည်ရွယ်ကာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦး က ပြောပါတယ်။

“အပူပိုင်းရပ်ဝန်းဒေသ သီးနှံတွေဖြစ်တဲ့ မြေပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲမျိုးစုံ၊ နှံစားပြောင်းတို့ကို အဆင့်မြင့်ထုတ်ကုန်တွေ ထုတ်နိုင်ဖို့ ပူးပေါင်းသွားမှာ။ ဒီသီးနှံတွေကို အဆင့်မြှင့်တင် ထုတ်လုပ်ခြင်း အားဖြင့် တောင်သူတွေ ဝင်ငွေပိုရနိုင်မယ်။ နှံစားပြောင်းတို့ ဆပ်တို့က အပူပိုင်းဒေသမှာပဲဖြစ် ထွန်းတော့ ဒီသီးနှံတွေရဲ့တန်ဖိုးဟာ မြှင့်တက်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပူးပေါင်းလုပ်တာပါ”

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ မိုးနည်းရပ်ဝန်းဒေသ သီးနှံသုတေသနဌာနတို့ ပူးပေါင်းကာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဘက်စုံ တိုးတက်ကောင်းမွန်တဲ့ အစားအစာထုတ်လုပ်မှု အစီအစဉ်များ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အဆိုပါဌာနမှ သိရပါတယ်။

အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ မိုးနည်းရပ်ဝန်းဒေသ သီးနှံသုတေသနဌာန အထောက်အပံ့ဖြင့် ကုလားပဲမျိုး (၁၀) မျိုး ၊ နှံစားပြောင်းမျိုး (၉)မျိုး ၊ ပဲစဉ်းငုံ (၆) မျိူးနဲ့ မြေပဲ (၅) မျိုးကို တောင်သူများအတွက် ထုတ်လုပ်နိုင်ခဲ့တာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်