အိမ်လက်ရာ ပုစွန်ချဉ်လုပ်စားကြမယ်

03/10/2021 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    သန့်သန့်ရှင်းရှင်းနဲ့ အဝစားလို့ရပြီး ကိုယ်တိုင်လုပ်စားလို့ရတဲ့ ပုစွန်ချဉ်ပြုလုပ်နည်းလေးကို ပြောပြပေးပါမယ်။

ပုစွန်ချဥ်ပြုလုပ်ဖို့ -

ပုစွန်၊ ထမင်း၊ ဆား၊ ငှက်ပျောရွက်တို့ လိုအပ်ပါတယ်။

ပြုလုပ်နည်းမှာ-

၁။ ပုစွန်အရွယ်တော် ၂၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ။

၂။ ပြီးလျှင် ဇကာဖြင့် ရေခဏစစ်ထားပြီး ဆားကို ခါတိုင်းဟင်းချက်တာထက် နဲနဲပိုထည့်ပြီး ပုစွန်ကို နှံ့အောင်နယ်ပါ။

၃။ ပြီးလျှင် ထမင်းပူပူနဲ့ ဆားနယ်ထားတဲ့ပုစွန်ကို ရောနယ်ပေးပါ။

၄။ နယ်ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ အနေတော်ဖန်ပုလင်းထဲကို ဖိသိပ်ပြီးထည့်ပါ။

၅။ ပုလင်းပြည့်အောင် အပေါ်ကနေ ဝါးရွက်၊ ငှက်ပျောရွက်ဖိထည့်ပြီး လေလုံအောင်အဖုံးဖုံးကာ တစ်ညထားလိုက်ပါ။

၆။ နောက်တစ်နေ့ အဖုံးဖွင့်ပြီး ပန်ကန်ပြားပေါ်မှောက်ထားပေးပါ။ ထိုအခါ ပုစွန်ချဉ်ပုလင်းမှအရည်များထွက်ကျလာပြီး အရည်များကို နေ့တိုင်းသွန်ပစ်ပေးပါ။

၇။ အဲ့ဒီအတိုင်း ၂ ရက် ၃ ရက်ထားပြီးလျှင် ပုစွန်ချဉ်ရပါပြီ။ ချဉ်ပြီးမှ ရေခဲသတ္တာထဲထည့်သိမ်းပြီးစားပါက တစ်ပါတ်၊ ၁၀ ရက်ထိ အထားခံပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်