လာမည့်ဝဥတူးဖော်ရာသီတွင် ဈေးကွက်တင်ပို့မှုများ အဆင်ပြေချောမွေ့စေရန် တောင်သူများမျှော်လင့်နေ

25/09/2020 20:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ယခုလာမည့် အောက်တိုဘာလနောက်ပိုင်းကာလများသည် ဝဥတူးဖော်ရောင်းချသည့်ရာသီချိန်ဖြစ်ပြီး ဈေးကွက်တင်ပို့မှုများ အဆင်ပြေချောမွေ့စေရန် တောင်သူများမျှော်လင့်နေကြောင်း သိရသည်။

အောက်တိုဘာလကျော်ပြီး နိုဝင်ဘာလလောက်ဆို ဝဥက ဖော်လို့ရပြီပေါ့။ မေလ၊ ဇွန်လ မိုးဦးကျ စိုက်ပျိုးရာသီမှာ စိုက်ထားတဲ့ ဝဥတွေပါ။ ဈေးကွက်အလားအလာကတော့ ဘယ်လိုနေမလဲကို ကျွန်တော်တို့လည်း မှန်းဆလို့မရဘူးကို ဖြစ်နေတာ။ အဓိကကတော့ ကိုဗစ်ရောဂါပေါ့။ ဒီရောဂါပြန့်ပွားကူးစက်မှုတွေ ငြိမ်သက်လို့ရှိရင်တော့ စက်ရုံတွေကို တင်ပို့လို့ရပါတယ်။ ဝဥက ဈေးကွက်ကကောင်းတယ်။ ဈေးကွက်ရှိတယ်။ ကိုဗစ်ရောဂါအခြေအနေတွေကြောင့်သာ သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်လာမှာကို စိုးရိမ်နေရတာပါ။

ဟု ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ဝဉစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့၏ အမှုဆောင် အဖွဲ့ဝင် ဦးကီးဟုန်းက ပြောသည်။

    ပြည်တွင်းမှ ထွက်ရှိသည့် ဝဥများကို ရန်ကုန်မြို့၊ မန္တလေးမြို့တို့ရှိ ဝဥစက်ရုံများသို့ အဓိကတင်ပို့ရောင်းချကြပြီး၊ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင်လည်း ဝဥအခြောက်ခံစက်ရုံ တည်ထောင်ထားကြောင်း သိရသည်။

ပြည်ပနိုင်ငံတွေဆီကို တရားဝင် ပမာဏများများ တင်ပို့နိုင်ဖို့ကျတော့ လိုအပ်ချက်ကလေးတွေ ရှိနေသေးတာပေါ့။ လောလောဆယ်မှာကတော့ ရန်ကုန်နဲ့ မန္တလေးကို အဓိကတင်ပို့နေကြတာပါ။ ကုန်ကြမ်းအတိုင်း (ဥအတိုင်း) တူးဖော်ရောင်းချတာပါ။ အခြောက်ခံရောင်းချတာမျိုးတွေလည်း ရှိပါတယ်။

ဟု ဦးကီးဟုန်းက ဆက်လက်ပြောသည်။

    ချင်းပြည်နယ်တွင် ဝဥပင်ကို မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ကန်ပက်လက်မြို့နယ်များ၌ အဓိကစိုက်ပျိုးထုတ်လုပ်နေသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်