၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်း ကွမ်းစျေး ကြိမ်းသေတက်လာမည်ဟု တောင်သူများမျှော်လင့်ထားကြောင်း ကွမ်းဈေးကွက်အတွင်းမှ သိရသည်။
စျေးကွက်က နှစ်တိုင်း ဒီရာသီက ကွမ်းစျေးစတက်တဲ့ရာသီပဲ။ မနှစ်က အခုချိန်ဆို အမြင့်ဆုံးစျေး တစ်ပိဿာကို ၉,၀၀၀ စျေးလောက် ရောင်းခဲ့ရတယ်။ ဒီလအတွင်း ကွမ်းစျေး ကြိမ်းသေတက်လိမ့်မယ်လို့တော့ မျှော်လင့်ထားပါတယ်။
ဟု ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းအုပ်စု၊ မှော်သေးကျေးရွာမှ ကွမ်းပင် စီးပွားဖြစ်စိုက်ပျိုးသူ ကိုထွန်းထွန်းက ပြောသည်။
COVID-19 အချိန်ကာလ ပြီးစီးသွားစေရန်နှင့် ကွမ်းဈေးကွက် ပြန်လည်ကောင်းမွန်အဆင်ပြေလာစေမည်ဟု တောင်သူအများစု ယုံကြည်ထားကြောင်း သိရသည်။
ကျွန်တော်တို့တောင်သူတွေအနေနဲ့ကတော့ ရွေးကောက်ပွဲ အေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ ပြီးစီးသွားပြီး ကွမ်းစျေးတွေလည်း ဒီထက်ပိုတက်ဖို့ပဲရှိပါတော့တယ်လို့ ယူဆရပါတယ်။ ကိုဗစ်ကာလ အတားအဆီးတွေကိုလည်း နောက်ပိုင်းမှာ တစ်ဖြည်းဖြည်းချင်း လျော့နည်းလာလိမ့်မယ်လို့ ထင်ပါတယ်။
ဟု ၎င်းက ဆိုသည်။
နိုဝင်ဘာလ ပထမပတ်အတွင်း ဧရာဝတီတိုင်းမှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် ကွမ်းဈေး (COVID-19 အချိန်ကာလ၏) အမြင့်ဆုံးစျေး တစ်ပိဿာလျှင် ၆,၅၀၀ ကျပ်မှ ၇,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more