သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုအခြေအနေများရဲ့ တိကျသေချာတဲ့ကြိုတင်ခန့်မှန်းချက်တွေကို ဘယ်လိုရယူမလဲ?

22/12/2017 11:12 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

တောင်သူဉီးကြီးများ အရှိမဖြစ် လိုအပ်တဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ရာသီဉတု အခြေအနေများရဲ့ တိကျ သေချာတဲ့ ကြိုတင်ခန့်မှန်းချက်ကို စဉ်ဆက်မပြက် ရယူနိုင်ဖို့ အလွန် အရေးကြီးပါတယ်။

စိုက်ပျိုးရေးအတွက် တိကျသေချာတဲ့ မိုးလေဝသခန့်မှန်းချက်များကို ရယူပြီး စိုက်ပျိုးရေးအစီအစဉ်များကို ကြိုတင်ဆောင်ရွက်တတ်ဖို့လိုပါတယ်။

သဘာဝဘေးအန္တရာယ်ကြုံတွေ့ပြီဆိုရင်လည်း အန္တရာယ်ကျရောက်မှုနည်းအောင်ကြိုတင်ပြင်ဆင်ထားရပါမည်။

သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ပြီးနောက်ပိုင်း မိမိတို့ရဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးများ ပြန်လည် လုပ်ကိုင်နိုင်ဖို့အတွက် ကူညီထောက်ပံ့မှုများကိုလည်း ရယူကြရပါသည်။

စိုက်ပျိုးထုတ်လုပ်မှု အစဉ်တိုးတက်စေဖို့ သဘာဝ ပတ်ဝန်းကျင် နှင့် ရာသီဉတု ဆိုင်ရာ သတင်းအချက်အလက်များကို အမြဲမပြတ် သိရှိထားဖို့ လိုအပ်ပါတယ်….

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဉတု အခြေအနေများကို ကြိုတင် သိရှိနိုင်ဖို့ အတွက် သတင်းအချက်အမှန်ကို ပေးနိုင်မယ့် ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်၊ မိုဘိုင်းဖုန်း၊ အင်တာနက် အစရှိသည့် ဆက်သွယ်ရေး ပစ္စည်းများ အပြင် စိုက်ပျိုးရေး ပညာရှင်များနဲ့ အခြား NGO အဖွဲ့အစည်းတွေဆီမှ သတင်းအချက်အလက်များကို အမြဲမပြတ် ရယူထားကြရမှာ ဖြစ်ပါတယ်။

‘စိုက်ပျိုးမွေးမြူရေး ဂဏ္ဍ တိုးတက်ဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဉတု အခြေအနေ သတင်းအချက်အလက် အတိအကျကို ရယူကြပါစို့။’

ဤတီဗီ ဗီဒီယို အစီစဉ်ကို UNESCO, LIFT, မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ မှ ပူးပေါင်းတင်ဆက်ပါသည်။

အထက်ပါ ဗီဒီယို ဖိုင်ကို ဒေါင်းလုပ်ရယူနိုင်ရန် - https://goo.gl/6mRLKU

ဖိုင်ဆိုဒ်မှာ ၆ မက်ဂါဘိုက်သာ ရှိပါသည်။


Download
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်