ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ယခု ဒီဇင်ဘာလ ၁ ရက်နေ့ တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန် ဈေးနှုန်းတွေ ဘယ်လောက်ထိ ပြောင်းလဲသွားလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
တစ်လအတွင်း ဆန်ဈေးနှုန်းတွေကတော့ သိသိသာသာသာ တက်သွားတာမျိုးမရှိဘဲ အမျိုးအစား တစ်ချို့ကတော့ ၁ တင်းခွဲ ၁ အိတ်ကို တစ်ထောင် နှစ်ထောင်လောက်တော့ တက်သွားပါတယ်။ ဆိုတော့ ဆန်ဈေးက ငြိမ်နေတယ်လို့ပဲ ပြောရမှာပါ။
၁.၁၁.၂၀၂၂ မှ ၁.၁၂.၂၀၂၂ အတွင်းဈေးနှုန်းကွာခြားချက်
ကြက်သွန်နီဈေးကတော့ ဒီနေ့နဲ့ မနေ့ (ဥပုသ်နေ့) မှာ ဈေးနှုန်းတွေ ဖွင့်ခဲ့ခြင်းမရှိတာကြောင့် ၂၉.၁၁.၂၀၂၂ က ဈေးတွေကိုဖော်ပြပေးလိုက်ပါတယ်ရှင့်။ ၂၉ ရက်နေ့က နောက်ဆုံးသိရှိရတဲ့ ဈေးမှာတော့ ကြက်သွန်နီဈေးဟာ ပြီးခဲ့တဲ့လနဲ့ယှဉ်ရင် တစ်ပိဿာကို (၂၀၀ - ၄၀၀) ကျပ်အတွင်း တက်လာပါတယ်။
ကြက်သွန်ဖြူဈေးကတော့ ကျပါတယ်။ ပြီးခဲ့တဲ့တစ်လအတွင်း တစ်ပိဿာကို ကျပ် ၁၀၀ ကနေ ၃၀၀ အတွင်း အနည်းငယ်စီကျလာတာ ဖြစ်ပါတယ်။
ပြည်တွင်းစားသုံးဆီဈေးတွေမှာတော့ မန္တလေးဈေးကွက်မှာ ပဲဆီရော နှမ်းဆီရောက တစ်ထောင်စီ တက်လာပြီး ပြည်ဈေးကွက်မှာတော့ အရင်လက ဈေးအတိုင်းပဲ ဖြစ်ပါတယ်။
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။