ဘယ်လိုချမ်းသာအောင်လုပ်ကြမလဲ။

07/04/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

 ဒီနေ့အနည်းငယ်စဉ်းစားကြည့်လိုက်ရအောင်နော်။

 ချမ်းသာဖို့အတွက် တိကျသေချာတဲ့ တွက်ချက်နည်းမရှိဘူးဆိုတာကို အားလုံးသိကြတယ်။ ဒါပေမယ့် လူတိုင်းက ကြိုးစားအားထုတ်မှုမပြုလုပ်ဘဲနဲ့ မြန်မြန်ချမ်းသာချင်ကြတယ်။ တစ်ဦးနှင့်တစ်ဦးငွေရှာတဲ့နည်းလမ်းတွေ မတူကြပါဘူး။ လူအချို့က ကံကောင်းလို့ ရက်ရောတဲ့ မိဘဆွေမျိုးတွေဆီကနေ အမွေရကြတယ်။ တချို့ကြတော့ ကိုယ်တိုင် အလုပ်ကြိုးစား ရုန်းကန်ပြီးမှ ငွေစုရင်းဖြေးဖြေးသွားနေကြပါတယ်။ တကယ်လို့ ကံအရမ်းကောင်းတယ်ဆိုရင်တော့ ထီပေါက်ပြီး သူဌေးဖြစ်သွားနိုင်တယ်။ ဒါမှဟုတ် သတ္တိရှိရင် ဘဏ်ကိုဓါးပြတိုက်လို့ရမယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ပိုက်ဆံရဖို့ကို ကလေးတွေ အဆင့်ကတောင် စလုပ်နိုင်တဲ့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတွေရှိပါတယ်။

 ပထမဆုံးအဆင့်အနေနဲ့ ဘာကြောင့်သင်ငွေကို လိုအပ်လဲဆိုတာကို သိဖို့လိုပါတယ်။ သင့်မှာ ထင်ရှားတဲ့ ရည်မှန်း ချက်မရှိဘူးဆိုရင်တော့ ဒါကအလုပ်ဖြစ်မှာမဟုတ်ပါဘူး။ သင့်ရဲ့ အိပ်မက်တွေကို ချရေးပါ။ ပြီးရင် ဦးစားပေးရမယ့် အရာတွေကို သတ်မှတ်ပါ။ ဘယ်အရာက သင့်အတွက် အရေးကြီးလည်းဆိုတာကို စဉ်းစားပါ။ စစချင်းလွယ်သလိုလို ထင်ရပေမယ့် ဒီလိုချရေးနိုင်စွမ်းက အဓိကလိုအပ်တဲ့လုပ်ချက်တစ်ခုပါ။ အသေးစိတ်တွေးကြည့်တဲ့အခါကျတော့ လူတိုင်းက ကိုယ်တကယ်ဘာလိုအပ်လဲဆိုတာကိုသေချာသိနိုင်ပါတယ်။ ကိုယ်နဲ့အလှမ်းဝေးလွန်းနေတဲ့ ပိုင်ဆိုင်မှုအရာ တွေကို ချရေးရင်လဲမဖြစ်နိုင်ပါဘူး။ ကိုယ့်အရည်အသွေးနဲ့ဘာတွေရယူနိုင်မလဲဆိုတာကို အာရုံစိုက်ဖို့ပဲလိုပါတယ်။ ကိုယ်ဘာလိုတယ် ဘယ်လောက်ရရင်လုံလောက်ပြီလဲဆိုတာကို သိရင်အောင်မြင်မှုရဲ့အဆင့်တစ်ကို စတင်လို့ရပါပြီ။

 ဘယ်လိုဘဲဖြစ်ဖြစ် သင့်အိပ်မက်မက်လိုက်ရုံနဲ့ မပြီးပါဘူး။ လက်တွေ့လည်း လုပ်ဆောင်ဖို့လိုပါတယ်။ သင့်အိပ် မက်တွေအတွက် အခုကစပြီး ပိုက်ဆံစစုပါ။ ဒီအဆင့်မှာ ငွေဘယ်လောက်စုမလဲဆိုတာကို မစဉ်းစားပါနဲ့။ ပမာဏ ဘယ်လောက်ပဲ စစုနိုင်နိုင် အနည်းအများက အရေးမကြီးပါဘူး။ စုနိုင်တဲ့အလေ့အထရှိအောင် လုပ်ဖို့ကအဓိကပါ။ သင့်ရဲ့ ငွေစုတဲ့အလေ့အကျင့်က သင်ငွေကို ဘယ်လိုသုံးလဲဆိုတာကို ပြန်ထိန်းချုပ်သွားပါလိမ့်မယ်။ သင့်အိပ်မက်တွေ ပြည့်ဝလာအောင် သင်လုပ်နိုင်တယ်လို့ယုံကြည်ပြီး အကောင်အထည်ဖော်ကြည့်ပါ။ သင်ငွေဘယ်လောက်ဘဲ ရှာနိုင်နေနေ ငွေစုဆောင်းဖို့နဲ့ ရင်းနှီးမြုပ်နှံဖို့အတွက် စဉ်းစားလုပ်ဆောင်ဖို့ စောသေးတယ်ဆိုပြီး ဘယ်တော့မှ မတွေးပါနဲံ။

 ငွေရဖို့ နည်းလမ်းအများကြီးရှိပါတယ်။ သို့သော်လဲ လူတွေသတိမထားမိကြပါဘူး။ သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ ထူးချွန် တဲ့ ပင်ကိုယ်အရည်အသွေးကဘာလဲဆိုတာကို ကြိုးစားပြီး တွေးတောကြည့်ပါ။ ခေတ်စားနေတဲ့အလုပ်တွေကို သင့်ကြိုက်နှစ်သက်တယ်ဆိုရင် အဲ့အရာတွေကနေစလုပ်ကြည့်ပါ။ သူတို့ရဲ့ကလေးတွေကို ထိန်းပေးဖို့ ခွေးတွေကို လမ်းလျှောက် ထွက်ပေးဖို့ အွန်လိုင်းရီဗျူးရေးပေးဖို့ စသည်အတွက်ကိုဘဲ ပိုက်ဆံပေးချင်တဲ့သူတွေရှိပါတယ်။

 သင်ကဟင်းချက်ဝါသနာပါရင် ဟင်းချက်ပြီး FB ကနေ အော်ဒါတင်ရောင်းလို့ရပါတယ်။ ထပ်ပြောရရင် အင်တာနက်မှာ အိမ်ကနေအားနေချိန်မှာ အလုပ်လုပ်လို့ရတဲ့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ လူအများစုက ဘယ်လောက်ပဲလွယ်လွယ် အလုပ်လုပ်ဖို့ကို ငြင်းပယ်ကျပါတယ်။ လစာနည်းတယ်။ အချိန်ကုန်တယ်။ မတန်ဘူး မဖြစ် နိုင်ဘူးဆိုပြီး စတွေးတယ်။ ဒါဟာ အလွယ်တကူ ခဏလေးနဲ့ ချမ်းသာချင်တဲ့လူတွေအတွက် ဆင်ခြေတွေသာ ဖြစ်ပါတယ်။ ဒီလိုအတွေးမျိုးက ကျရှုံးဖို့ကို ဦးတည်နေတာပါ။

 သင်တတ်နိုင်သလောက် အလုပ်လုပ်ပါ။ လုပ်နိုင်သလောက် တတ်လာမှာပါ။ ပြီးရင်သင့်အိပ်မက်တွေ အမှန်အကန် တကယ်ဖြစ်လာအောင် တသတ်မှတ်တည်း ပုံမှန်နေ့တိုင်း ပိုက်ဆံတွေ စုပါ။သပ်သပ်ဖယ်ထားပါ။ တနေ့တာမှာပြီး မြှောက်ဖို့လိုတဲ့အရာတွေကို လျစ်လျူရူဖို့ကလွယ်ပါတယ်။ သင်ဘာသိလဲသင်ဘာလုပ်နိုင်လဲ ဆိုတာကို အာရုံပြုပါ။

 ပြဿနာတွေကို ရင်ဆိုင်ရမှာနဲ့စွန့်စားရမှာကို မကြောက်ပါနဲ့။ ရင်းနှီးမြုပ်နှံဖို့အတွက်က ချမ်းသာဖို့မလိုပါဘူး။ အကျပ်အတည်းဆိုတာ ဘဝမှာ မဖြစ်မနေပေါ်လာမယ့် အကြောင်းအရာပါ။ ရှောင်လို့မရနိုင်ပါဘူး။ ကြိုတင်ပြင်ဆင်ထားရင် လွယ်ကူစွာကျော်လွှားနိုင်မှာပါ။ ဘာတွေဘဲ ဖြစ်နေဖြစ်နေ သင့်အနေနဲ့အလုပ်ဆက်လုပ်ပြီး ပိုက်ဆံကြိုးစား စုဆောင်းနေဖို့လိုပါတယ်။ ဘာလို့ဆိုသင့်အနာဂတ်အတွက်အရေးကြီးလို့ပါ။ ခဏခဏဗေဒင်မေး ဆုတောင်းပြီး တခြားဘာမှမလုပ်ဘဲ ဘဝအခြေအနေတွေပြောင်းလဲလာမယ်လို့ မျှော်လင့်မယ့်အစား သင့်စိတ်သဘောထားကို ပြောင်းလဲပါ။ မသိမမြင်မလုပ်ဘူးတာတွေ နည်းလမ်းအသစ်တွေကို ကြိုဆိုပါ။ သင့်ရဲ့အေးဆေးနှစ်သိမ့် ဇုန်နေရာထဲက ထွက်ပါ။ ကျရှုံးမှုများလေ အောင်မြင်မှုလမ်းကြောင်း နည်းလာလေပါ။ ကျရှုံးမှုတွေနဲ့မကြာခဏဆိုသလိုကြုံတွေ့နိုင်ပါတယ်။ အဲ့ကျၕှုံးမှုတွေကနေ မြန်မြန်ဆန်ဆန်ပြန်လည်ရုန်းထပါ။ ကျရှုံးမှုတွေကို ရင်ဆိုင်ဖို့က ငယ်ငယ်ရွယ်ရွယ်အချိန်ကတည်းက လုပ်ကြရမှာပါ။ အသက်အရွယ်ကြီးလာရင် မှီခိုသူတွေရှိလာတဲ့အတွက် တာဝန်တွေများလာတဲအခါ ကျရှုံး မှုထဲက ပြန်ရုမ်းကန်ပြီးထွက်ဖို့ အင်အားနည်းပါးသွားပါပြီ။ ဒါကြောင့်ငယ်ရွယ်စဥ်အချိန်မှာ ပေါ့ပေါ့ပါးပါးနေပြီး အချိန်မဖြုံး ပါနဲ့။ များများလုပ်ပါ။ မြန်မြန်သင်ယူပါ။

 သင်နေထိုင်တဲ့ ကမ္ဘာကြီးက နေ့စဉ်ပြောင်းလဲနေတာပါ။ တခါတလေမှာ သင်ဘာဖြစ်ချင်လဲဆိုတဲ့ရည်ရွယ်ချက်တွေကိုကြည့်ပြီး သင်လက်ရှိလုပ်နေတာတွေနဲ့ ကိုက်ညီမှုရှိမရှိ ပြန်လည်စမ်းစစ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် သင့်ရဲ့အစီအစဉ်တွေကို ပြန်ညှိပြီး မတူညီတဲ့တခြားနေရာတခုကို သွားဖို့မကြောက်ပါနဲ့။ သင့်ရဲ့ ရည်မှန်းချက်ကိုလည်း ဘယ်တော့မှမမေ့ပါနဲ့။ အဲ့အရာတွေက သင့်ကိုအမြဲတတ်ကြွပြီး ရည်ရွယ်ချက်ရှိအောင် တွန်းအားပေးနေတဲ့ အင်အားတွေဖြစ်ပါတယ်။

 ချမ်းသာလာဖို့အတွက်စိတ်စွမ်းအားကို ထိန်းချုပ်နိုင်ဖို့နဲ့ ခံနိုင်ရည်စိတ်ရှိဖို့ လိုပါတယ်။ အနာဂတ်အောင်မြင်ဖို့အတွက် လက်ရှိမှာ လိုအပ်နေတဲ့အရာအချို့ကို စွန့်လွှတ်စတေးဖို့ လိုပါမယ်။ လိုအပ်သည်ထက်ပိုသုံးခြင်းကို တွန်းလှန်ပါ။ တစ်လစာ အသုံးစရိတ်ကိုသတ်မှတ်ပြီး အကျိုးရှိရှိအသုံးချခြင်းဖြင့် မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို လျော့ချပါ။ သင့်လက်ထဲ ငွေကြေးအချို့ရှိပြီး လက်ရှိ ဘဏ္ဍာရေးအခြေအနေကို ရေရှည်မှာတိုးတတ်အောင်လုပ်ချင်တယ်ဆိုရင် ငွေကြေးဆိုင်ရာသဘောတရားတွေကိုလည်း လေ့လာဖို့ အချိန်ပေးပါ။ နှစ်စဉ်ငွေတိုးနှုန်းရအောင် ဘယ်လိုရင်းနှီး မြုပ်နှံလို့ရမလဲဆိုတာလေ့လာပါ။ သင့်ရှာခဲ့တဲ့ ငွေတွေကို ငွေပြန်ရှာခိုင်းပါ။ သင့်ရဲ့အိပ်မက်တွေဖြစ်လာဖို့အတွက် ဆိုရည်မှန်းချက်ကြီးပြီး ဉာဏ်ပညာရှိပြီး အမြဲတတ်ကြွနေတဲ့သူတွေနဲ့ စကား ပြောဆိုဆက်ဆံပါ။ သူတို့တွေကိုအတုယူပြီး သင့်အောင်မြင်ဖို့အတွက်အကူအညီပေးနိုင်အောင်လုပ်ပါ။။ သင့်ကျွမ်းကျင်တဲ့နယ်ပယ်ကိုချဲ့ထွင်ပြီး သင့်ရဲ့ အတွေ့အကြုံတွေကိုမျှဝေပါ။

 သင့်ကို အောင်မြင်အောင် ဘယ်သူဘယ်အရာကမှ တားဆီးလို့မရပါဘူး။ အဲလိုလူမျိုးတွေနဲ့တွေ့လာရင်ရှောင်သွားပါ။ မပက်သက်ပါနဲ့။ လက်မတွဲပါနဲ့။ သင့်ကိုသင်ယုံကြည်မှုရှိပါ။ ပြီးရင်ပျော်ရွှင် စွာအလုပ်ကို ကြိုးကြိုးစားစားလုပ်ပါ။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းက သင်လိုချင်တဲ့ရလာဒ်နဲ့ ချမ်းသာစရာတွေ နီးစပ်အောင်ခေါ်ဆောင်သွားမှာပါ။

Mother Finance

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်