ဥနီအဆီကို ဘယ်လိုထုတ်မလဲ

20/04/2020 12:30 PM တွင် လင်းလင်းထွန်း လင်းလင်းထွန်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အရင်တစ်ခေါက်က ဥနီဆီရဲ့အကျိုးကျေးဇူးတွေကို ပြောပြထားပေးပြီးသားပါ။ ခုတစ်ခေါက်တော့ ဘယ်လိုလုပ်မလဲဆိုတာလေး လေ့လာကြည့်ရအောင်။

ဥနီအဆီဟာ ဟင်းချက်စားရာမှာ အသုံးဝင်ရုံသာမကကျန်မာရေး၊ အလှအပဆိုင်ရာများ အတွက် အသုံးပြုနိုင်ပါတယ်။ ဥနီအဆီဟာ ခေါင်းလျှော်ရည်၊ အရေပြားအလှကုန်နှင့် လိမ်းဆေး စတဲ့အသုံးဆောင် တန်ဖိုးကြီးပစ္စည်းများပြုလုပ်နိုင်တဲ့ အရာတစ်ခုအဖြစ် လူကြိုက်များလာခဲ့ပါတယ်။ သဘာဝအဆီဖြစ်ပြီး တစ်ခြားသောဓာတုပစ္စည်းများမပါဝင်တာကြောင့် အရေပြားပြသနာများမဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဥနီအဆီကို မိမိအိမ်မှာလည်း သဘာဝအတိုင်းအလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

ဘယ်လိုပြုလုပ်မလဲ

ပါဝင်ပစ္စည်းများ

    • ဥနီ

    • အုန်းဆီ ( တစ်ခြားသော သံလွင်ဆီများကိုလည်း အသုံးပြုနိုင်ပါတယ် )

ပြုလုပ်ခြင်း

    ၁. ဥနီကို ရေပြောင်အောင်ဆေးပေးရပါမယ်။ အပေါ်ခွံများကို ဓားဖြင့်ခြစ်ထုတ်ပေးရပါမယ်။ ပြီးလျှင် ဥနီကို နုပ်နုပ်စဉ်းထားရပါမယ်။ စားစရာ တုံးထစ်သည့်စက်ဖြင့်လည်းပြုလုပ်နိုင်ပါတယ်။

    ၂. ၎င်းကို အိုးထဲတွင်ထည့်ထားပြီး အပူချိန်နည်းနည်းပေး ချက်ထားရန်လိုအပ်ပြီးအုန်းဆီ(သို့မဟုတ်)တစ်ခြားသောဆီတစ်မျိုးကို အိုးထဲထည့်ပေးရပါမယ်။ ဥနီအဆီကို ရရှိရန် အပူချိန်နိမ့်နိမ့်ဖြင့် ကြာကြာချက်နိုင်သောအိုးသာ အသုံးပြုသင့်ပါတယ်။ အပူချိန်နည်းနည်းဖြင့်ပြုလုပ်ရခြင်းသည် ဥနီအတွင်းရှိ အာဟာဓာတ်များမဆုံးရှုံးစေရန် အသုံးပြုခြင်းဖြစ်ပါတယ်။

    ၃. နုပ်နုပ်စဉ်းထားတဲ့ဥနီများကို အဆီဖြင့်ရောနယ်ပေးထားရပါမယ်။ ဥနီမှ ဆီအားလုံးဆုတ်ယူနိုင်သည့်အထိထားပေးရပါမယ်။

    ၄. ၁၅ - ၂၀ မိနစ်ကြာပြီးနောက် မွှေပေးရပါမယ်။

    ၅. နောက်ထပ် ၁၀ မိနစ်ကြာသောအခါ ဥနီကိုနပ်ထားရပါမယ်။

    ၆. အပူမပေးတော့ဘဲ အေးသွားသည်အထိထားပေးရပါမည်။

    ၇. အဆီကိုရရှိရန် ဇကာကိုအသုံးပြု၍စစ်ထုတ်ပါ။ ရရှိသောဆီကို ပုလင်းဖြင့်သိမ်းထားနိုင်ပါသည်။ ထိုသို့ပြုလုပ်ပြီးပါက ဥနီအဆီကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

     ၈. ဖန်ပုလင်းထဲတွင်သိုလှောင်ထားပါက ၆ - ၈ လအထိအသုံးပြုနိုင်ပါတယ်။

ဥနီတွင် ဗိုက်တာမင် အေ၊ စီ၊ အီး နှင့် ဘီတာကယ်ရိုတင်း၊ အင်တီအောက်စီဒန့်တို့ ပေါများစွာပါဝင်ပြီး လူသားတို့အတွက် များစွာအထောက်အကူပြုတာကြောင့် ဥနီအဆီကိုအသုံးပြုရန် တိုက်တွန်းလိုက်ရပါသည်။

လင်းလင်းထွန်း


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်