သွင်းအားစုသုံးစွဲပုံနှင့် ရေပေးဝေသည့်စနစ်မှန်ကန်မှသာ ငရုတ်အထွက်နှုန်းကောင်းမွန်မည်

11/06/2021 15:40 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    သွင်းအားစုသုံးစွဲပုံနှင့် ရေပေးဝေသည့်စနစ်များ မှန်ကန်မှသာ ငရုတ်သီးအထွက်နှုန်းကောင်းမွန်မည်ဖြစ်ကြောင်း ငရုတ်စိုက်ပျိုးရေးကျွမ်းကျင်သူများထံမှ သိရသည်။

စတင်စိုက်ပျိုုးပြီး (၇)ရက်ကနေ (၁၀)ရက်အတွင်း မြေဩဇာမကျွေးသင့်ဘူး။ အဲ့ဒီကာလမှာ မြေဩဇာကျွေးလိုက်ရင် အပင်သေသွားနိုင်တယ်။ အဲ့ဒီအချိန်မှာ ဘာလုပ်သင့်လဲဆိုရင် ငရုတ်ပင်လေးတွေကိုခါးဆွပြီး လေရှူခွင့်ရအောင် လုပ်ပေးသင့်တယ်။ ဒေသတစ်ခုနဲ့တစ်ခုမတူတဲ့အတွက် လုပ်ပုံကိုင်ပုံတွေ မတူနိုင်ပါဘူး။ ကျွန်တော်တို့ဒေသအနေနဲ့တော့ စိုက်ပျိုးပြီး(၁၅)ရက်ဝန်းကျင်မှာ မြေဩဇာကျွေးလို့ရပါတယ်။ အဲ့ဒီလိုကျွေးပြီးပြီးချင်းအချိန်မှာတော့ စိုက်ခင်းထဲကို ဖောက်ရေသွင်းလို့ မရသေးဘူး။ ရေဖြန်းလို့တော့ ရပါတယ်။

ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မူးသာရွာမှ စီးပွားဖြစ်ငရုတ်စိုက်ပျိုးသူ ဦးသန်းဆွေဦးက ပြောသည်။

    ဖောက်ရေဆိုသည်မှာ စိုက်ခင်းအတွင်း ရေစီးမြောင်းများဖောက်ထားပြီး ရေတွင်းမှရေကိုသွယ်၍ ရေပေးသွင်းသည့်စနစ်ကို ဆိုလိုခြင်းဖြစ်ပြီး၊ ဖြန်းရေဆိုသည်မှာ ရေဖြန်းပုံး နှစ်ဖက်တပ်ဖြင့်သော်လည်းကောင်း၊ ပိုက်လုံးအသေးကို ခေါင်းတပ်၍သော် လည်းကောင်း အပင်ရေပက်ဖြန်းသည့်စနစ် ဖြစ်သည်။

ရေပေးလိုက်လို့ အပင်က ဒဏ်မခံနိုင်သေးဘဲ ယိုင်သွားလောက်တဲ့အနေအထားဆို ရေမပေးရဘူး။ အပင်အနေအထားကြံ့ခိုင်မှုကိုကြည့်ပြီး ဘောင်ဆွဲလို့ရလောက်တဲ့ အနေအထားရောက်မှ ဘောင်ဆွဲပြီးရေပေးပါတယ်။ ရွှေဘိုနယ်ကစိုက်နည်းအရ ပထမဆုံးစိုက်ပြီးချိန်မှာ ကွန်ပေါင်းမြေဩဇာမသုံးဘဲ နိုက်ထရိုဂျင်တစ်မျိုးသာ သုံးတယ်။ ပိုးသတ်ဆေးကို အပင်အခြေအနေပေါ်မူတည်ပြီး လိုအပ်မှဖြန်းပေးတယ်။ မလိုအပ်ဘဲ ပိုးသတ်ဆေးမသုံးစွဲဘူး။ မှိုသတ်ဆေးကိုတော့ လုံးဝမသုံးစွဲဘူး။ ကြုံရတဲ့အခက်အခဲကတော့ တချို့ပိုးသတ်ဆေးနဲ့ ရွက်ဖြန်းမြေဩဇာထုပ်တွေပေါ်မှာ ရေးထားတဲ့စာသားအတိုင်း တကယ်အရည်အသွေးအပြည့်အဝ မပါဝင်ဘူး။ အဲ့ဒီပြဿနာ အမြဲရှိပါတယ်။

ဟု ငရုတ်စိုက်တောင်သူ ဦးသန်းဆွေဦးက ပြောသည်။

    စိုက်ရက် ပျိုးရက်/စိုက်ချိန် ပျိုးချိန်များမှာ ဒေသတစ်ခုနှင့်တစ်ခု အနည်းငယ်ကွာခြားမှုရှိနိုင်ပြီး စိုက်ပျိုးပြီး (၃)လခွဲအကြာတွင် ငရုတ်ပင်မှအသီးများ စတင်ထွက်ရှိသည်။ 

    ငရုတ်သီးတစ်ဧက စိုက်ပျိုးမည်ဆိုပါက အကြမ်းဖျဉ်းကုန်ကျစရိတ်အားဖြင့် ကျပ်(၃၀၀,၀၀၀)သိန်းမှ (၅၀၀,၀၀၀)သိန်းကြား ကုန်ကျနိုင်ပြီး ဒေသတစ်ခုနှင့်တစ်ခု ကုန်ကျစရိတ်များလည်း မတူညီနိုင်ကြောင်း တောင်သူများကပြောသည်။

    အထွက်နှုန်းအနေဖြင့် ငရုတ်သီးတစ်ဧကစိုက်ပျိုးလျှင် ငရုတ်သီးစိမ်းပိဿာချိန် (၅,၀၀၀)မှ (၇,၀၀၀)ပိဿာကြား ထွက်ရှိကြောင်း သိရသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်