ဖီးကြမ်းငှက်ပျောဈေးနှုန်းများ စတင်မြင့်တက်လာ

22/06/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ဖီးကြမ်းငှက်ပျောဈေးနှုန်းများ စတင်မြင့်တက်လာကြောင်း ငှက်ပျောစိုက် တောင်သူများက ပြောသည်။

ဈေးကွက်ထဲမှာ ဖီးကြမ်းငှက်ပျောဈေးနှုန်းတွေကတော့ တရိပ်ရိပ်နဲ့တက်လာနေပါတယ်။ အရင်ကထက် ဈေးကွက်ဝယ်လိုအားလည်း ပိုပြီးကောင်းနေပါတယ်။

ဟု မကွေးတိုင်း၊ ပွင့်ဖြူမြို့မှ ငှက်ပျောစိုက်တောင်သူ ကိုမောင်နိုင် က ပြောသည်။

    ၂၀၂၀ ခုနှစ်၊ မတ်လက ဖီးကြမ်းငှက်ပျော တစ်ဖီးလျှင် (၁၂၀၀) ကျပ်အထိ ဈေးမြင့်တက်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် ဖီးကြမ်းငှက်ပျောဈေး ကျဆင်းသွားခဲ့ပြီး၊ ယခုတဖန် ပြန်လည်ဈေးတက်လာခြင်းဖြစ်သည်။

မတ်လတုန်းက အသီးအထွက်နည်းချိန်မို့ ဈေးတက်ခဲ့တာပါ။ အခုလက်ရှိမှာတော့ ဖီးကြမ်းငှက်ပျောတစ်ဖီးကို ကိုးရာကျပ်ဝန်းကျင် ပေါက်ဈေး ပြန်လည်ရရှိနေပါတယ်။ ရန်ကုန်လက်လီဈေးနှုန်းတွေနဲ့တော့ အနည်းငယ် ကွာခြားမှုရှိနိုင်ပါတယ်။

ဟု ကိုမောင်နိုင် က ပြောသည်။

    မြန်မာနိုင်ငံတွင် ဖီးကြမ်းငှက်ပျောကို မန္တလေးတိုင်း ကျောက်ဆည်အနီးတဝိုက်၊ မကွေးတိုင်း ပွင့်ဖြူ၊ ပခုက္ကူ အနီးတဝိုက်၊ စစ်ကိုင်းတိုင်း ရွှေဘိုနှင့် ဧရာဝတီတိုင်း ကျုံပျော်မြို့အနီးတဝိုက်ဒေသများတွင် အများဆုံး စိုက်ပျိုးထုတ်လုပ်နေကြောင်း သိရသည်။

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်