မတ်ပဲဈေး တစ်ပတ်အတွင်း ကျပ် ၁ သိန်းခွဲကျော် ခုန်တက်

14/10/2020 14:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အိန္ဒိယက ခွဲတမ်းစနစ်ဖြင့် မတ်ပဲတန်ချိန် တစ်သိန်းခွဲဝယ်ယူမည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်တွင်းမတ်ပဲဈေး တစ်ပတ်အတွင်း တစ်တန်လျှင် ကျပ်တစ်သိန်းခွဲဝန်းကျင်အထိ မြင့်တက်လာခဲ့ကြောင်း မတ်ပဲလုပ်ငန်းရှင်များက ပြောသည်။

    ယခု လဆန်းအစောပိုင်းရက်များအတွင်းက တစ်တန် ကျပ် ၁ဝ သိန်းခွဲ ရှိရာမှ တစ်ပတ်အတွင်း အမြင့်ဆုံးဈေးအဖြစ် တစ်တန်လျှင် ကျပ် ၁၂ သိန်းဝန်းကျင်အထိ ရောက်ရှိခဲ့ရာ ပျမ်းမျှကျပ်တစ်သိန်းခွဲကျော် မြင့်တက်လာခဲ့ကြောင်း ၎င်းတို့ကပြောသည်။

လက်ကျန်မတ်ပဲနည်းတော့ အရောင်းအဝယ်အများကြီးလုပ်လို့မရဘူး။ ရှိသူတွေကလည်း မရောင်းဘူး။ ဝယ်သူကလည်း လိုသလောက်ပဲဝယ်တယ်

ဟု ပဲအရောင်းအဝယ် လုပ်ငန်းရှင် ဦးအေးလွင်က ဆိုသည်။

    ပြည်တွင်းမတ်ပဲလက်ကျန်မှာ စုစုပေါင်း တန်ချိန်တစ်သိန်းဝန်းကျင်သာ ကျန်ရှိတော့ကြောင်းလည်း ပဲလုပ်ငန်းရှင်များထံမှ သိရသည်။

    စက်တင်ဘာလအတွင်းက မတ်ပဲဈေးနှုန်းသည် တစ်တန်လျှင် ၉ သိန်းခွဲခန့်သာ ရှိခဲ့ရာမှ ယခုအချိန်တွင် မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။ ထိုသို့ မတ်ပဲဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ပြည်တွင်းတောင်သူများ မတ်ပဲစိုက်ပျိုးရန် စိတ်ဝင်စားလာကြဖွယ်ရှိကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

သတင်းအရင်းအမြစ် - MAN Local News

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်