နယ်ကားလမ်းကြောများ လည်ပတ်လာသဖြင့် ငရုတ်ကောင်းဈေး မြင့်တက်လာ

12/06/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    နယ်ကားလမ်းကြောများ ပြန်လည်လည်ပတ်လာသဖြင့် ငရုတ်ကောင်းဈေး မြင့်တက်လာ ကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

ငရုတ်ကောင်းဈေး ပြန်တက်နေပါတယ်။ နည်းနည်းချင်း ပြန်တက်နေတယ်။ ဘာလို့ ဈေးပြန်တက်တာလဲဆိုတော့ အခုရက်တွေမှာ နယ်ကားဂိတ်တွေ တော်တော်များများ ပြန်ဖွင့်လာလို့ပါ။ လမ်းပန်းဆက်သွယ်ရေးကြောင့်သာ ဈေးကွက်လည်ပတ်မှု အားနည်းခဲ့တာ။ အခုတော့ ပြန်တက်လာပါပြီ။

ဟု KKO Pepper ငရုတ်ကောင်း စိုက်ပျိုးထုတ်လုပ်ရေးမှ စီမံအုပ်ချုပ်သူ ဦးအောင်ဆန်းဦးက ပြောသည်။

    ငရုတ်ကောင်းပင်ကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း(ကလေး၊ တမူး) စသည့်ဒေသများတွင် စိုက်ပျိုးနေကြသော်လည်း ပြည်တွင်းစားသုံးမှု များပြားပြီး စိုက်ဧကနည်းနေကြောင်း သိရသည်။

ငရုတ်ကောင်းပင်က ရေရရှိတဲ့ ဘယ်ဒေသမှာမဆို တစ်ချိန်လုံး၊ တစ်နှစ်ပတ်လည်လုံး စိုက်ပျိုးလို့ရပါတယ်။ အခုလမှာ ငရုတ်ကောင်းပျိုးပင်တွေ မှာယူစိုက်ပျိုးသူတွေတော့ များလာပေမယ့် စီးပွားဖြစ်စိုက်ဧက နည်းနေပါသေးတယ်။ ငရုတ်ကောင်းက ပြည်တွင်းစားသုံးမှုနဲ့တင် ထွက်သမျှကုန်ပါတယ်။ ခူးဆွတ်ပြီး လေးလမှာတင် ပြည်တွင်းမှာပဲ ရောင်းလို့ကုန်တယ်။ ကျန်တဲ့လိုအပ်ချက်အတွက် ပြည်ပက တင်သွင်းတဲ့ငရုတ်ကောင်းတွေကို သုံးကြရတယ်။

ဟု ဦးအောင်ဆန်းဦး က ဆက်လက်ပြောသည်။

    လက်ရှိဈေးကွက်တွင် ငရုတ်ကောင်းဒေသမျိုး အမဲစေ့ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ငရုတ်ကောင်းအဖြူစေ့ တစ်ပိဿာလျှင် ကျပ်၂၀၀၀၀ မှ ၂၅၀၀၀ ကျပ်၊ ဗီယက်နမ် ငရုတ်ကောင်းစေ့ ၅ မီလီမီတာအရွယ် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်၊ ဗီယက်နမ် ငရုတ်ကောင်းစေ့ ၅၀၀ GL အရွယ် တစ်ပိဿာလျှင် ၅၅၀၀ ကျပ်၊ ကယားပြည်နယ်မျိုး ငရုတ်ကောင်းစေ့ တစ်ပိဿာလျှင် ၅၅၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်