အခုလက်ရှိ မြန်မာ့အစေ့ထုတ်ပြောင်း ဈေးနှုန်းမှာ အခုတစ်ပတ်အတွင်း အနည်းငယ်တက်လာတာဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။
မြန်မာ့အစေ့ထုတ်ပြောင်းများမှာ ပြီးခဲ့တဲ့လက ဝယ်ယူတင်ပို့မှု နည်းပါးတဲ့အတွက်ဈေးနှုန်းကျဆင်းပြီး အခုမေလဆန်းပိုင်းမှာ ဈေးနှုန်းတက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ ဥက္ကဌ ဦးမင်းခိုင်ကပြောပါတယ်။
အခုလက်ရှိကတော့ ထိုင်းနိုင်ငံကိုတင်ပို့နေတယ်။ တရုတ်ကတော့ တင်ပို့ခွင့်မရတာတော်တော်ကြာသွားပြီ။ ပြီးခဲ့တဲ့လက ဝယ်ယူတင်ပို့မှုနည်းပါးတာလည်းပါလို့ ဈေးနှုန်းကျဆင်းတာပါ။ အခုတစ်ပတ်မှာတော့ ဈေးနှုန်းပြန်တက်လာပါတယ်
မြန်မာ့အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ တစ်ပိဿာကို ၅၀၀ ကျပ် ဝန်းကျင်မှ အခုလက်ရှိမှာ တစ်ပိဿာကို ၅၂၀ ကျပ်ဝန်းကျင်ဈေးနှုန်းရှိလာကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့အစေ့ထုတ်ပြောင်းကို အဓိကစိုက်ပျိုးတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator