ဖရဲစျေးနှုန်းများတက်လာ

02/01/2020 14:14 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ဖရဲ စျေးနှုန်းများမှာ နှစ်သစ်ကူးအပြီး ပိုမိုတက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံဖရဲ ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တရုတ်ဘက်မှ နှစ်သစ်ကူးအပြီးမှာ ဝယ်လိုအားတက်လာတဲ့အတွက် မြန်မာ့ဖရဲစျေးနှုန်းများမှာ (၁၇) တန်ကို ယွမ် ၃၀၀၀ လောက် ပိုမိုတက်လာတယ်လို့ မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌဦးနိုင်ဝင်းကပြောပါတယ်။

ဖရဲက ခရစ္စမတ်ကနေစပြီးတဖြည်းဖြည်းတက်လာတာ အခုဆိုရင် (၁၇) တန်ကို ယွမ် (၃၀၀၀)လောက်ပိုမိုတက်လာပါတယ်။ နှစ်ကူးပြီးမှ ပိုတက်လာတာပေါ့။ တရုတ်ဘက်ကလည်း ရာသီဥတုကြောင့် စိုက်လို့မရဘူးဆိုတော့ အဝယ်လိုက်လာတာလည်းပါတယ်

အရင် စက်တင်ဘာလနဲ့ အောက်တိုဘာလများက မြန်မာ့ဖရဲ (၁၇) တန်ကို ယွမ် ၃၉၀၀၀ သာရှိပြီး အခုနှစ်သစ်ကူးအပြီး မြန်မာ့ဖရဲ (၁၇) တန်ကို ယွမ် ၄၂၀၀၀ စျေးနှုန်း မြင့်တက်လာကြောင်းသိရပါတယ်။

မြန်မာ့ဖရဲကို တရုတ်ကိုအဓိကထားတင်ပို့နေပြီး အခြားပြည်ပနိုင်ငံစျေးကွက်များကိုလည်း တင်ပို့နေတာဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲသခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်