တိုင်းရင်းကြက် မျိုးကောင်း၊ မျိုးသန့် ရွေးချယ်နည်း

24/01/2024 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တိုင်းရင်းကြက်များကို မျိုးကြက်အဖြစ် ရွေးချယ်မည်ဆိုပါက မွေးကင်းစအရွယ်မှ စတင်ရွေးချယ်ရမည်။ 

တစ်မိသားပေါက်ကြက်ကလေး  တစ်သုတ်တွင် တစ်ကောင်နှင့် တစ်ကောင် ခန္ဓာကိုယ်အနေအထား၊ ပုံသဏ္ဌာန်နှင့် ကြီးထွားနှုန်း မတူကြပါ။

  • ကြက်ကလေးများကို အပေါ်မှစီးကြည့်လျှင် ကျောပြင်ကျယ်ရမည်။ 
  • ခန္ဓာကိုယ်အလျားကောင်းရမည်။ 
  • အရှေ့မှကြည့်လျှင် ရင်အုပ်ကျယ်၍ ခြေစုံရပ်သည့်အခါ ခြေနှစ်ဖက်ကားနေရမည်။
  • ခြေနှစ်ဘက်ပူးကပ်နေပါက ရင်အုပ်ကျဉ်းသည်။
  • မျက်လုံးများ ကြည်လင်ဝိုင်းစက်ကာ ဖျတ်လတ်မှုရှိရမည်။ 

ကြက်တစ်သုတ်တွင် ကြက်ကြီးများကို ဦးစွာရောင်း၍ ကျန်ကြက် အငယ်ဆုံးများကို ဆက်လက်မွေးမြူလျှင် ကြက်မျိုး ကောင်းများကို ဆုံးရှုံးနိုင်သောကြောင့် ထိုနည်းကို ရှောင်ကြဉ်ရမည်။ 

ထို့ကြောင့် နောက်ဆုံးရောင်းချမည့်အချိန်တွင် ပုံသဏ္ဌာန်မှန်ပြီး အလေးချိန်အများဆုံး ကြက် ၂-၃ ကောင်ကို ဆက်လက်မွေးမြူရန် မျိုးအဖြစ်ချန်လှပ်ပြီးမှသာ ကျန်သောကြက်များကို ရောင်းချခြင်းဖြင့် မိမိကြက်မျိုးကောင်းများကို ထိန်းသိမ်းနိုင်မည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်