နွားချေး - နွားသေး - မြေကြီးဖျော်ရည် (IMO)
ဒေသတွင်းအဏုဇီဝသက်ရှိဖျော်ရည်ဆိုသည်မှာ မိမိဒေသတွင်ရှိနေသည့် အဏုဇီဝသက်ရှိများကို မွေးမြူ၍ ပွားများရယူခြင်းဖြစ်သည်။ ဤနည်းစနစ်ကို ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံများတွင် အများဆုံးအသုံးပြုကြသည်။ ဤအရည်ကို မြေဩဇာအဖြစ်ထည့်သွင်းသည်မဟုတ်ဘဲ အကျိုးပြုအဏုဇီဝသက်ရှိများကို ပွားများအောင်မွေးမြူပြီး မြေကြီးအတွင်းထည့်ပေးခြင်းဖြစ်သည်။ ထိုအဏုဇီဝသက်ရှိများက မြေကြီး၏ သဘာဝဂေဟစနစ်နှင့် မြေဆီဩဇာဓာတ်ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးသည်။
ပါဝင်သောပစ္စည်းများ
၁) နွား (ကျွဲ) ချေးလတ်လတ်ဆတ်ဆတ် ၆ ပိဿာ
၂) နွား (ကျွဲ) သေးလတ်လတ်ဆတ်ဆတ် ၁၀ လီတာ
၃) ပဲမှုန့်အစိမ်း ၁.၅ ပိဿာ
၄) ထန်းလျက် ၁.၅ ပိဿာ
၅) ဝါးရုံပင် (သစ်ပင်) အောက် (၄-၅) လက်မအနက်မှ မြေကြီး ၀.၅ ပိဿာ
၆) ရေ ၅၀ ဂါလံ
ရေဂါလံ (၅၀) ထဲမှ ရေအချို့နှင့် နွားချေးများကိုဖျော်၍ အမှိုက်များကိုဆယ်ယူပစ်ပြီး ရေဂါလံ (၅၀) ပုံးထဲသို့ ထည့်ပါ။ ပဲမှုန့်ကိုလည်း ရေအချို့နှင့် ဖြည့်ဖြည့်ချင်းဖျော်၍ အားလုံးပျော်ဝင်သွားသည့်အခါ ရေပုံးထဲသို့ထည့်ပါ။ ဝါးရုံပင်(သစ်ပင်)အောက်မှ မြေကြီးကိုယူရာတွင် မြေကြီးအပေါ်ယံမှအမှိုက်များကိုဖယ်ပစ်ပြီး အနက် (၄-၅) လက်မမှမြေသားကို ငါးဆယ်သားတူးယူရသည်။ မြေကြီးများကို ရေအချို့နှင့်ဆေးကြောပြီး ပါလာနိုင်သည့်အမှိုက်များကို ဖယ်ပစ်၍ ရေပုံးထဲသို့ထည့်ပေးပါ။ နွားသေးကိုလည်း ရေပုံးထဲသို့ထည့်ပေးပြီး အားလုံးသမသွားအောင်မွှေပေးပါ။ ရေပုံးကြီးကို ဇကောဗန်းကြီးဖြင့် ဖုံးအုပ်ပြီး ဗန်းပေါ်မှအဝတ်ပိတ်စဖြင့်ဖုံးကာ နှုတ်ခမ်းသားပတ်ပတ်လည်ကို ကြိုးဖြင့်ချည်နှောင်ထားပေးပါ။ ဖျော်ရည်ပုံးကြီးကို အရိပ်ထဲတွင်ထားပြီး တစ်နေ့တစ်ကြိမ်မွှေပေးပါ။
ငါးရက်ခန့်ကြာပါက မျက်နှာပြင်တွင် မှိုမျှင်များတက်လာပြီး တစ်ပတ်ဆယ်ရက်ခန့်ရှိလျှင် ပုံးကြီး၏မျက်နှာပြင်အပြည့် မှိုမျှင်ပေါင်းစုံ ဖုံးလွှမ်းသွားသည်။ ဖျော်ရည်သည် ပယင်းရောင်ပြောင်းလာပြီး ကဇော်နံ့သင်းလာသည်။ ပူအိုက်သောရာသီတွင် (၁၂) ရက်ခန့်ကြာပါက စတင်သုံးစွဲနိုင်ပြီး အေးသောရာသီတွင် သုံးပတ်ခန့်ကြာလျှင် သုံးစွဲ၍ရသည်။ ကဇော်နံ့မထွက်ဘဲ အပုပ်နံ့ထွက်ပါက လုပ်ဆောင်မှုမအောင်မြင်၍ သုံးစွဲရန်မသင့်ပါ။
အသုံးပြုပုံ
အိုင်အမ်အိုကို အပင်ပေါ်သို့ ဆေးဖျန်းပုံးဖြင့်ဖြစ်စေ တိုက်ရိုက်ပက်ဖျန်းနိုင်သည်။ ဆေးရည်ကို စစ်ပြီးမှ ဆေးဖျန်းပုံးထဲသို့ ထည့်ပေးရသည်။ လယ်ကွက်များတွင် ထည့်သွင်းလိုပါက ရေသွင်းပေါက်မှ အစက်ချစနစ်ဖြင့် သွင်းပေးသည်။ မြေပြင်ချိန်မှစတင်ပြီး သီးနှံစိုက်ပျိုးတစ်ရာသီတွင် ခြောက်ကြိမ်အထိ ပက်ဖျန်းပေးနိုင်သည်။ အိုင်အမ်အိုဖျော်ရည်သည် အာဟာရဖျော်ရည်မဟုတ်ပါ။ အရည်ထဲတွင် အကျိုးပြုအဏုဇီဝသက်ရှိ အမျိုးအစားပေါင်း (၇၅၀၀၀) ကျော်ပါရှိပြီး ဤသက်ရှိများက မြေဆီလွှာ၏ သဘာဝဂေဟစနစ်ကို ပိုမိုကောင်းမွန်အောင် အထောက်အကူပြုပေးသည်။ သီးနှံပင်အတွက် အာဟာရဓာတ်များရလွယ်အောင် လုပ်ဆောင်ပေးကြသည်။ ဟင်းသီးဟင်းရွက်များတွင် အသီးအနှံများ ပိုမိုကြီးထွားကြပြီး လယ်ယာသီးနှံများတွင် အထွက်တိုးကြသည်။
ဘက်စုံပိုးမွှားရောဂါကာကွယ်ရေး တောင်သူလက်စွဲစာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။

ဆရာကြီးဦးသိန်းဆု (စိုက်ပျိုးရေးတက္ကသိုလ်) ၏ စာအုပ်ကို တန်ဖိုးငွေ ၂၀၀၀ ကျပ်ဖြင့် ၀၉-၄၅၀၀၆၁၉၄၇/ ၀၉-၉၇၇၄၀၀၃၆၃ ကို ဆက်သွယ်မှာယူနိုင်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
အကြောင်းအရာ 2
ဒေသခံအဏုဇီဝ (IMO)
ကိုမြင့်ဇော်
လွန်ခဲ့သော ၄ လ ကအိမ်တွင်ဖြစ်သဘာ၀ မြေဩဇာပြုလုပ်သုံးစွဲနည်းစာအုပ်လေးလိုချင်ပါတယ်ဆရာဦးသိန်ဆု ကိုတိုင်ထုတ်လုပ်ထားထားစားလေးတွေအကျိုးရှိပါတယ်ပြုလုပ်သုံးစွဲသူတွေလဲမနည်တော့ပါဘူးလက်တွေအကျိုးရှိတယ်ပြေားကြတယ်အခုလက်ရှိနိုင်ငံခြားမာမို့ပြန်လာရင်မာယူချင်ပါတယ်
Wai Lin
လွန်ခဲ့သော ၁ နှစ် ကပဲမှုန့်က ဘယ်လိုပဲမှုန့်အမျိုးစားလဲဗျာ
Aung kaung myat
လွန်ခဲ့သော ၁ နှစ် ကအခြားပိုသက်ဆေးထဲ ဖျန်လို့ရလား
zaygyizaygyi672@gmail.com
လွန်ခဲ့သော ၁ နှစ် ကဆရာကြီအဂ်လာပါဗျာ
Soe Naing
လွန်ခဲ့သော ၃ နှစ် ကကျေဇူးတင်ပါတယ်ဆရာကြီး။ကျန်းမာပါစေ။
နည်းပညာမိတ်ဖက်အဖွဲ့
ဆုဆွေဖောင်ဒေးရှင်း
တောင်သူလယ်သမားများအတွက် ရေရှည်တည်တံ့အထွက်တိုးပြီး လူထူကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကိုမထိခိုင်စေသည့် စိုက်ပျိုးနည်းစနစ်များကို စဉ်ဆက်မပြတ်ဖြန့်ဝေပေးနေရန် ရည်ရွယ်ဖွဲ့စည်းထားသော ဖောင်ဒေးရှင်းဖြစ်သည်။ ခံယူထားသည့်တာဝန် ယနေ့အချိန်အခါတွင် ရာသီဥတုဖောင်ပြန်မှု၊ မြေဆီလွှာများ ပျက်သုန်းလာမှုများနှင့် စိုက်ပျိုးနည်းစနစ်များ မမှန်ကန်မှုများကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေကြသည့် တောင်သူလယ်သမားအများစုတို့သည် သီးနှံအထွက်များကျဆင်းကာ ဆုံးရှုံးမှုများနှင့်ကြုံတွေ့နေကြသဖြင့် ဤကိစ္စကိုလျော့ပါးသွားစေရန် ဆုဆွေရေရှည်တည်တံ့စိုက်ပျိုးရေးဖောင်ဒေးရှင်း၏ ခံယူထားသည့်တာဝန်သည် အောက်ပါအတိုင်းဖြစ်သည်။ "ပြောင်းလဲနေသည့် ရာသီဥတုကို ကြံ့ကြံ့ခံ၍ အန္တရာယ်ကင်းသည့် အစားအစာများကို ရေရှည်အထွက်တိုးပြီး ထုတ်လုပ်သွားနိုင်ရန် တောင်သူလယ်သမားများ၏ အသိပညာနှင့် အတတ်ပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်နေအောင် စဉ်ဆက်မပြတ်လုပ်ဆောင်သွားမည်" အဖွဲ့အစည်းဆောင်ရွက်မည့် လျာထားလုပ်ငန်းများ (၁) ရေရှည်တည်တံ့စိုက်ပျိုးစနစ်သင်တန်းများကို တောင်သူလယ်သမားများအား စဉ်ဆက်မပြတ် ပို့ချပေးနေခြင်း။ (၂) ရေရှည်တည်တံ့စိုက်ပျိုးစနစ်သင်တန်းများ စဉ်ဆက်မပြတ်ပေးနေနိုင်ရန် တောင်သူလယ်သမား ဆရာဖြစ်သင်တန်းများပေးခြင်း။ (၃) ရေရှည်တည်တံ့စိုက်ပျိုးရေး စံပြကွက်များ ပြုလုပ်ခြင်း။ (၄) ရေရှည်တည်တံ့စိုက်ပျိုးရေး သုတေသနများလုပ်ဆောင်ခြင်း။ (၅) ရေရှည်တည်တံ့စိုက်ပျိုးရေး ပညာပေးစာအုပ်စာစောင်များ ထုတ်ဝေဖြန့်ချီခြင်း။ (၆) ရေရှည်တည်တံ့စိုက်ပျိုးရေး ပညာပေးဗီဒီယိုများ ထုတ်လုပ်ဖြန့်ချီခြင်း။ (၇) ရေရှည်တည်တံ့စိုက်ပျိုးရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း။ (၈) ရေရှည်တည်တံ့စိုက်ပျိုးရေး ပြည်တွင်းပြည်ပလေ့လာရေးခရီးများ ပို့ခြင်း။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ရွှေဘိုဘေးကျားလေးက သက်တမ်းဘယ်လောက်ရှိ့လဲဗျ ပြီးတော့ ဘယ်နရက်သားဆိုဖုံးလဲဗျ အခုက ၇၈ ရှိ့ပါပြီဗျ ပြီးတော့ အပင်လိုလှုပ်ကြည့်လိုက်လျှင်ဖြုတ်ပိုး၆ကောင်၇ကောင်လောက်တွေ့ရတယ်ဗျ ဆိုးရိမ်ရလာဗျ ဖြေပေးပါအုံးခဗျာ
KYAW SHANE • ဖြေကြားချက် 7 ခု
စပါးပင်တွေကဖီလဲနေလို့ အနှံမထွက်နိုင်မှာမို့ ရိတ်လို့ရတယ်မလား 75ရက်သားပါ ပိုတက်ကိုဘယ်ချိန်နောက်ဆုံးထားကျွေးသင့်လဲ
Theint Theint Nway • ဖြေကြားချက် 2 ခု
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
နွားသေးကိုစပါးပဲးကိုဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
ဘာရောဂါကြတာလဲဗျ
သန်းထိုက်အောင် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from U Thein Su
အားလုံး