“မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်များအတွက် ပြည်တွင်းဈေးကွက်အခွင့်အလမ်းများအကြောင်းမျှဝေခြင်း” Webinar ကျင်းပ

21/12/2020 10:24 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

        မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်များအတွက် ပြည်တွင်းဈေးကွက်အခွင့်အလမ်းများအကြောင်းမျှဝေခြင်း” Webinar ကို ဒီဇင်ဘာလ(၁၇)ရက်က ကျင်းပခဲ့သည်။

အခုလိုမျိုးကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်တွင်းဈေးကွက်အတွက် သတင်းအချက်အလက်နဲ့ အခွင့်အလမ်းတွေကို မျှဝေပေးဖို့ပါ။ ပြည်တွင်းဈေးကွက်အလားလာနဲ့ အခြေအနေတွေကို နားလည်စေဖို့သာမက မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်တွေရဲ့ ပြည်တွင်း ရောင်းအားကို တိုးတက်နိုင်စေဖို့အတွက် ရည်ရွယ်ပါတယ်။

ဟု Economic Growth (USAID / Burma) ၏ Office Director Paul Pleva က ပြောသည်။ 

       အဆိုပါဆွေးနွေးပွဲကို U.S. Agency for International Development, USAID ၏ ကူညီပံ့ပိုးမှုဖြင့် Feed the Future Burma (Agriculture and Food Systems Development Activity - စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်း) မှ အဓိကဦးဆောင်ကျင်းပခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးပြောင်းလဲမှုဖြစ်စဉ်ကို ခိုင်မာစွာထောက်ခံပါတယ်။ ဈေးကွက်အခွင့်အလမ်းတွေ ပိုမိုကြီးကျယ်လာစေဖို့ အခွင့်အလမ်းကောင်းတွေလည်း ဖန်တီးပေးနိုင်လာမှာပါ။ အဓိကအားဖြင့် သစ်သီးဝလံ၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ပြောင်း၊ ဟင်းခတ်အမွှေးအကြိုင်၊ ကော်ဖီ နဲ့ လက်ဖက် စတဲ့ သီးနှံတွေအတွက် ဈေးကွက်ဖော်ဆောင်နေသူတွေအတွက် ရည်ရွယ်ပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

        Feed the Future Burma စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်း၏ လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် စီမံကိန်းဆောင်ရွက်မည့် သက်ဆိုင်ရာ‌ဒေသများဖြစ်‌သော (ကချင်၊ ရှမ်း၊ မန္တလေး၊ စစ်ကိုင်း နှင့် မကွေး) အတွင်းရှိ ဦးစားပေးသီးနှံများဖြစ်သည့် (ဥယျာဥ်ခြံသီးနှံများ၊ ဆီထွက်သီးနှံများ၊ ပြောင်း၊ ပဲအမျိုးမျိုး၊ ကော်ဖီ၊ ဟင်းခတ်အမွှေးအကြိုင် နှင့် လက်ဖက်) တို့နှင့်ပတ်သက်သော စျေးကွက်သတင်းအချက်အလက်များကိုလည်း ၂၀၂၀ခုနှစ်၊ ဇွန်လမှစတင်ကာ အပတ်စဥ် မျှ‌ဝေပေးနေကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်