‌ရေပန်းစားလာတဲ့ “အင်းဆက်”စားဖွယ်များ

10/03/2022 15:30 PM တွင် Nan Su San Nan Su San မှ ရေးသား

 

အနောက်တိုင်းနိုင်ငံတွေမှာ ရေပန်းစားလာတဲ့ စကားလုံးလေး  Entomophagy ဆိုတာ အင်းဆက် (ပိုးမွှား) တွေကို အစားအသောက်တခုအနေနဲ့ စားသုံးတဲ့ အလေ့အကျင့်‌တခုဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာကတည်းက လူတွေက အင်းဆက်လေးတွေကို ဖမ်းဆီး စားသောက် ခဲ့ကြတယ်။ ဒီလိုမျိုး အင်းဆက်လေးတွေ စားသုံးခြင်းဟာ ရက်စက်ရာရောက်တယ်လို့ ယူဆခဲ့ကြသလို အစားအစာ တခုအနေနဲ့ အင်းဆက်များစားသုံးခြင်းကို လူအများ မနှစ်သက်ခဲ့ကြပါဘူး။

အခုတော့ တကျော့ပြန်ပြီး အင်းဆက်တွေ စားသုံးရတာကို စိတ်ဝင်စားလာကြပြီး အင်းဆက်တွေဟာ နောက်ပိုင်း ရေပန်းစားလာမယ့် အစားအစာတခုဖြစ်လာလိမ့်မယ် ယူဆကြပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့အစည်း FAO  ကတော့  အင်းဆက်တွေ စားသုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်၊ ကမ္ဘာမြေကြီးအတွက် ‌ရေရှည်ကောင်းမွန်တယ်။ သဘာဝ ပတ်ဝန်းကျင် မပျက်စီးစေတဲ့ အလေ့အကျင့်တခုဖြစ်တယ်ဆိုပြီး လူအများ စိတ်ဝင်စားလာဖို့ ကြိုးပမ်း ခဲ့ပါတယ်။

ဒီကြိုးပမ်းမှုရဲ့ ရလဒ်ကတော့ အင်းဆက်များစားသုံးခြင်းဟာ တကမ္ဘာလုံးမှာ နာမည်ကြီးလာတယ်၊ အင်းဆက်တွေနဲ့ စီမံပြုလုပ်ထားတဲ့ အစားအစာတွေ/ ဟင်းလျာတွေ စားသုံးလာကြတာပါပဲ။

မှတ်တမ်းများအရ စားလို့ရတဲ့ အင်းဆက်အမျိုးပေါင်း ၂၀၀၀ ကျော်ရှိပြီး အမျိုး ၁၀၀ ကျော်လောက် ကတော့ နိုင်ငံတော်တော်များမှာ စားသုံးနေကြပါတယ်။ အင်းဆက်တွေကို အစိမ်းတမျိုး ချက်ပြီးတဖုံ ပုံမှန် စားသုံးနေကြတဲ့ လူပေါင်း သန်းနှစ်‌ထောင်လောက်ရှိပါတယ်။

Mexico လူမျိုးတွေဟာ အင်းဆက်အမျိုးပေါင်း ၂၀၀ လောက်စားသုံးနေကြတယ်။ ထိုင်းနိုင်ငံမှာ အင်းဆက်မွေးမြူရေးလုပ်ငန်း နှစ်သောင်းကျော်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက နိုင်ငံခြားပို့ကုန် တခုဟာ  စားသုံးလို့ရတဲ့ အင်းဆက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အင်းဆက်တွေ မွေးမြူရတာ နွား၊ ဝက်၊ သိုးတွေ မွေးမြူသလိုမျိုး မြေနေရာသိပ်မလိုသလို ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်တာလဲ နည်းပါတယ်။ ဒါ့အပြင် အင်းဆက်မွေးမြူရေးလုပ်ဆောင်ခြင်းကနေ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်မဟုတ်ပါလား။

အင်းဆက်တွေကို အသားအစားထိုး  စားစရာတခု၊ ပရိုတင်းအရင်းအမြစ် တခုအနေနဲ့ စားသုံးလာကြ ပါတယ်။ အရသာရှိရုံသာမက  အင်းဆက်များစားသုံးခြင်းဖြင့် အာဟာရချို့တဲ့ခြင်းကို လျော့နည်း သက်သာစေမယ်၊ ငတ်မွတ်ခေါင်းပါးခြင်း‌ဘေးကို ဖြေရှင်းပေးနိုင်မယ့်နည်းတသွယ်လို့ ဆိုပါတယ်။ တခြားအစားအသောက်တွေနဲ့ယှဉ်ရင် အင်းဆက်တွေမှာ ပရိုတင်းဓါတ်တွေကြွယ်ဝတယ်၊ အမျှင်ဓါတ် များတယ်၊ ကောင်းတဲ့အဆီတွေပါတယ်၊ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်များစွာ ပါဝင်ပါတယ်။ အင်းဆက်လေးတွေရဲ့ အရသာဟာ သူတို့ကို မဖမ်းခင် စားသုံးထားတဲ့ အစားအစာ ပေါ်မှာ မူတည်တယ်လို့လည်း သိရပါတယ်၊၊ အဲဒါကြောင့် အင်းဆက်တွေကို မဖမ်းခင် ရက်အနည်းငယ် အလိုမှာ ချိုတဲ့ အစားအစာတွေ ကျွေးကြပါတယ်။ ဥပမာ သစ်သီးတွေ ကျွေးကြတယ်၊ အုန်းရည်လိုမျိုး ချိုမြမြ အရည်တွေ တိုက်ကြတယ်။

အဝါရောင်တောက်တောက်၊ အနီရောင်၊ လိမ္မော်ရောင် အမှတ်တွေပါတဲ့ အင်းဆက်တွေကို မစားသင့် ပါဘူး။ အနက်ရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ ခရမ်းရောင် ရှိတဲ့ အင်းဆက်အများစုကတော့ စားလို့ ရတဲ့ အင်းဆက်တွေလို့ ဆိုပါတယ်။ ပုရစ်၊ ပုစဉ်းရင်ကွဲ၊ နှံကောင်၊ ကျိုင်းကောင်၊ ကင်းမြှီးကောက်၊ ဝါးပိုး တွေကတော့ နာမည်ကြီး Edible insects များဖြစ်ပါတယ်။

တချို့တွေက အင်းဆက်တွေကို အကောင်အတိုင်း မစားရဲကြတာမို့ Food experts တွေက ပုံစံ ပြောင်းပြီး အစားအသောက်တွေကို စီမံပြုလုပ်လာကြပါတယ်။ ပုရစ်နဲ့ ပြုလုပ်ထားတဲ့ ကွတ်ကီးလေး တွေ၊ ပုရစ်နဲ့ ပြုလုပ်ထားတဲ့ Energy bar တွေ၊ ချောကလက်-ပုရစ် ကွတ်ကီးတွေ ထုတ်လုပ်လာသလို ပုရစ်အမှုန့်တွေကို ကွတ်ကီးတွေထဲမှာ ထည့်ပြီး ပြုလုပ်လာကြပါတယ်၊၊

အင်းဆက်တွေနဲ့ မွမ်းမံပြုလုပ်ထားတဲ့ ပီဇာ၊‌ ဟော့‌ဒေါ့၊ ဘာဂါ စတဲ့ အစားအစာတွေလဲ  အမျိုးမျိုး ပြုလုပ်လာကြတယ်။ ဒါ့အပြင် အင်းဆက်တွေကို ဟင်းလျာပုံစံမျိုးစုံဖြင့် ချက်ပြုတ်စားသောက် လာကြပြီး ပရိုတင်းအတွက် အင်းဆက်များစားသုံးခြင်းဟာ ရေပန်းစားလာတဲ့ စားသုံးမှုပုံစံတခု ဖြစ်လာပါတော့တယ်။

ဒါပေမယ့် Insect farm တွေမှာ စနစ်တကျ မွေးမြူထားပြီးစားသောက်တာမဟုတ်ပဲ သဘာဝအတိုင်း တောတောင်တွေထဲမှာ ရှိနေတဲ့ အင်းဆက်များကို အလွန်အကျွံ ဖမ်းဆီးစားသောက်မယ်ဆိုရင်တော့ အင်းဆက်မျိုးစိတ်တွေ ပျောက်ဆုံးပြီး ဂေဟစနစ်အပေါ် သက်ရောက်မှုတွေ ရှိမလာနိုင်ဘူးလား ဆိုတာကတော့ စဉ်းစာစရာတခု မဟုတ်ပါလား။

နန်းစုစံ (စိုက်ပျိုးရေး)

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်