အစိုးရအချင်းချင်း တင်ပို့နိုင်မယ့် G to G အစီအစဉ်ဖြင့် ပြည်ပကို ဆန်၊ ဆန်ကွဲတင်ပို့နိုင်ရေးအတွက် ပါဝင်ပူးပေါင်းလျှောက်ထားလိုသည့် ကုမ္ပဏီများကို ထပ်မံဖိတ်ခေါ်လိုက်တာဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
ပြည်ပကို ဆန်၊ ဆန်ကွဲတင်ပို့နိုင်ရေးအတွက် အစိုးရအချင်းချင်း အစီအစဉ်ဖြင့် စိတ်ဝင်စား၍ လျှောက်ထားမယ့်ကုမ္ပဏီများ များပြားနေတဲ့အတွက် ရက်ကိုနောက်ဆုတ်လိုက်ပြီး ထပ်မံဖိတ်ခေါ်လိုက်တာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။
“ရက်ကို ထပ်မံနောက်ဆုတ်လိုက်တာက ပါဝင်ပူးပေါင်းနိုင်ဖို့အတွက် ကုမ္ပဏီတွေက စိတ်ဝင်စားမှုအရမ်းများလာတယ်။ အဲဒီတော့ လျှောက်ထားနိုင်တဲ့ ကုမ္ပဏီတွေအတွက် လျှောက်ထားနိုင်အောင် ရက်ကို ထပ်မံတိုးချဲ့လိုက်တာပါ။ နောက်ဆုံးရက်ကတော့ မသတ်မှတ်ရသေးဘူး”
ပြည်ပကို ဆန်၊ ဆန်ကွဲများ တင်ပို့ရောင်းချမှု လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စီစဉ်မှုဖြင့် ပို့ကုန်တင်ပို့ရောင်းချမှု လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါအစီအစဉ်ကို စိတ်ဝင်စားလျှောက်ထားလိုတဲ့ ကုမ္ပဏီများအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အဆိုပါအသင်းချုပ်မှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more