ပွဲလမ်းသဘင်များ ကျင်းပမှုနည်းသဖြင့် စံပယ်ပန်းစျေးကွက် ပုံမှန်မရှိ

18/08/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    Covid ရိုက်ခတ်မှု အနည်းငယ် ငြိမ်သက်သကဲ့သို့ဖြစ်နေသော်လည်း ပွဲလမ်းသဘင်များ၊ အခမ်းအနားများ ကျင်းပမှုနည်းနေသေးသဖြင့် စံပယ်ပန်းစျေးကွက် ပုံမှန်မရှိသေးကြောင်း စံပယ်ပန်းဒိုင်များက ပြောသည်။

စံပယ်ပန်းကိုတော့ တရားပွဲတွေ၊ ဘာသာရေး၊ နိုင်ငံရေးပွဲတွေ နည်းလာတဲ့နောက် ပန်းကုံးမရောင်းရဘူး။ မင်္ဂလာဆောင်တွေမရှိတော့ မင်္ဂလာပန်းကုံးဈေးကွက်လည်း မရှိတော့ဘူး။ စျေးလည်း လူမစည်တော့ ရောင်းအားကျတာပေါ့။ ပုံမှန်ယူနေတဲ့ အိမ်တွေကလည်း ပန်းသည်ကို သိပ်လက်မခံချင်တော့ အဘဖောက်သည် (ပန်းသည်/လက်လီရောင်းသူ) တွေ ထိခိုက်ကုန်ကြတယ်။ နောက်ဆုံး အဘတို့လို စိုက်ခြံကြီးသမားတွေကို လာထိခိုက်တော့တာပေါ့။

ဟု ပဲခူးတိုင်း၊ တောင်ငူမြို့မှ စံပယ်ပန်း စီးပွားဖြစ်စိုက်ပျိုးသူ ဦးခင်မောင်မြင့်က ပြောသည်။

    အလှူမင်္ဂလာ ပွဲလမ်းသဘင်များကို အားထားကြသည့် ပန်းဈေးကွက် အားနည်းလာခြင်းကြောင့် တချို့ ပန်းစိုက်ပျိုးရေးခြံများ မြေဆီဖိုး၊ အလုပ်သမားခတို့ဖြင့် တွက်ချေမကိုက်ကြကြောင်း သိရသည်။

ပန်းပွင့်တွေ ကပ်ကြေးရှည်နဲ့ ညှပ်ချပစ်ရတယ်။ ပန်းဖောက်သည်ရော အလုပ်သမားရောက သူတို့မိသားစု စားဝတ်နေရေးရှိသလို အဘတို့ကလည်း အပင်မသေအောင် ထိန်းဖို့လိုတော့ ပန်းတွေကို မျှင်းပြီးထုတ်ရတယ်။ ဒါပေမဲ့ အဘတို့က စိုက်သက်တမ်းကြာနေတဲ့ ခြံဖြစ်လို့ အလုပ်သမားတွေကို ထိန်းထားနိုင်ပါတယ်။ နွေပန်းဖြိုင်ချိန်မှာ အဘစံပယ်ခြံက အရင်နှစ်က အဖူးရေနှစ်သိန်းနဲ့ သုံးသိန်းကြား ဖြုန်းနိုင်ပေမယ့် ဒီနှစ် အဖူးရေ လေးသောင်းလောက်ပဲ ဖြုန်းနိုင်တော့တယ်။ အခု စံပယ်ပန်းစျေးက တစ်ဖူးကို တစ်ကျပ်ခွဲစျေး သူများတွေ ပန်းနားချိန်၊ ပန်းဖောက်သည်ရော၊ အလုပ်သမားရော ပုံမှန်ဝင်ငွေလေးရအောင် အဖူးရေ နှစ်သောင်းနဲ့ သုံးသောင်းကြား ထွက်အောင်တော့ မျှင်းထုတ်ပေးနေပါတယ်။

ဟု ဦးခင်မောင်မြင့်က ဆက်လက်ပြောသည်။

    စံပယ်ပန်းဈေးကွက် ပုံမှန်မရှိသေးခြင်းကြောင့် လက်လီအနည်းအကျဉ်းရောင်းချသူများ၊ လမ်းလျှောက်ဈေးသည်များနှင့် အိမ်ဘုရားတင်သူများကိုသာ အားထားနေရကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်