မြန်မာ့လျှော်ဖြူစျေးနှုန်း တည်ငြိမ်နေ

25/10/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ယခုလအတွင်း မြန်မာ့လျှော်ဖြူစျေးနှုန်းမှာ တည်ငြိမ်နေကြောင်း မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

   လျှော်ဖြူစျေးနှုန်းများမှာ ကျဆင်းလာခဲ့ရာ အခုလအတွင်း ပြန်လည်တည်ငြိမ်နေပြီး အရောင်းအဝယ်ပုံ မှန်ရှိနေတယ်လို့ မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဟိန်းထက်ကပြောပါတယ်။

    “လျှော်ဖြူစျေးနှုန်းက အရင်နှစ်တွေထက် စျေးနှုန်းကတော့ ပိုရတယ်။ အဲဒါဖွင့်စအချိန်ကပေါ့။ စျေးနှုန်းကလည်း ကြားကပွဲစားတွေက ကစားနေတာနဲ့ မတည်ငြိမ်မှုလေးတွေတော့ရှိတယ်။ ဒါပေမယ့် ခုချိန်ကတော့ စျေးနှုန်းကတည်ငြိမ်နေတယ်”

    လျှော်ဖြူစျေးနှုန်းများမှာ ဖွင့်ခါစ ထိပ်စတစ်ပိဿာကို ၆၀၀၀၀ ကျပ်ရရှိခဲ့သော်လည်း အခုလက်ရှိအချိန် မှာ ၃၀၀၀၀ ကျပ်ဝန်းကျင်သာ ရရှိနေပြီး စျေးနှုန်းတည်ငြိမ်နေတာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

    လျှော်ဖြူကို တရုတ်နဲ့ အဓိကထားတင်ပို့နေတာဖြစ်ပြီး အခြားပြည်ပနိုင်ငံစျေးကွက်များမှလည်း လာရောက်ကမ်းလှမ်းမှုများရှိကြောင်း သိရပါတယ်။

   မြန်မာ့လျှော်ဖြူကို မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးထားကြောင်း မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်