"ငါးနှပ် (ခေါ်) အာပြဲခြောက်ငါး"

15/01/2020 12:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငါးနှပ်ကို အင်္ဂလိပ်လို Bombay duck ဟု ခေါ်ဆိုကြပြီး ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်မှာ ရှည်မျောမျောနှင့် အလွန်ပျော့ပျောင်းနူးညံ့လှပါသည်။ မျက်လုံးသေးသေး၊ ပါးစပ်ကျယ်ကျယ်၊ သွားငယ်လေးများစွာနှင့် သေးငယ်သော အကြေးခွံလေးများ ပါရှိကြပါသည်။ ငါးနှပ်ပါးစပ်မှာ ကျယ်သမို့ 'အာပြဲခြောက်ငါး' ဟုလည်း ခေါ်ကြပါသည်။ 

ရေငန်ပိုင်း (Marine)တွင် အများဆုံးတွေ့ရပြီး ရေချိုရေငန်စပ် (Brackish water) တွင်လည်း တွေ့ရှိရပါသည်။ ငါးနှပ်များကို ကျားပိုက် (Bagnet)ဖြင့် ဖမ်းဆီးကြပြီး ဆောင်းတွင်းဘက် အအေးများချိန် ပိုပြီးအထိအမိများကြပါသည်။ အမြင့်ဆုံးအလျား(၄၀) စင်တီမီတာရှိပြီး ပုံမှန်အားဖြင့် (၂၀-၂၅) စင်တီမီတာ ရှိကြပါသည်။

ငါးနှပ်များမှာသက်တမ်း (၂) နှစ်ခန့် အသက်ရှင်နိုင်ကြပြီး တစ်နှစ်လျှင် (၆) ကြိမ်ခန့် မျိုးပွား သားပေါက်လေ့ရှိကြပါသည်။ ငါးနှပ်များကို ပင်လယ်ပြင်တွင် အုပ်စုလိုက်တွေ့ရတတ်ပြီး ညဘက်တွင် သူတို့ခန္ဓာကိုယ်မှ မီးရောင်လဲ့လဲ့တောက်ပကြသည်ဟု သိရသည်။

မွန်ပြည်နယ်ဘက်တွင် ငါးနှပ်ကို မရမ်းပြား၊ ငရုတ်သီးစိမ်း၊ ငံပြာရည် စသည်တို့ဖြင့် ချက်ထားသည့် 'ငါးနှပ်မွန်ဟင်း'ချဥ်ငံစပ် တုန်တုန်အိအိလေးက ခံတွင်းမြိန်စရာ နာမည်ကြီးဟင်းတစ်မယ် ဖြစ်ပေသည်။  ငါးနှပ်မွန်ဟင်းကို ငါးနှပ်အစိုဖြင့်ချက်ရပြီး ငါးနှပ်အစိုကို အခြောက်လှမ်းထားသည့် ငါးနှပ်ခြောက် (ခေါ်) အာပြဲခြောက်မှာလည်း လူကြိုက်များကြပါသည်။ ငါးနှပ်အစိုကို သောက်ဆမ်း၊ ငါးနှပ်ငါးဆုပ်ကြော်၊ ငါးနှပ်အစပ်ဟင်း၊ ငါးနှပ်ကြော်အပြင် ငါးနှပ်ဟင်းရည်ထဲသို့ မုန့်တီဖတ်ထည့်၍လည်း စားသုံးလေ့ရှိကြပါသည်။ 

ငါးနှပ်ခြောက် (ခေါ်) အာပြဲခြောက်ကိုမူ ဘာလချောင်ကြော်၊ အမွကြော်၊ ငါးနှပ်ခြောက်ဖုတ်နှင့် ကောက်ညှင်းပေါင်း စသဖြင့် စားသုံးကြပါသည်။ ငါးနှပ်ခြောက်စားသုံးမှု (၁၀၀) ဂရမ်တွင် အင်အားဓါတ် (၃၁၄) ကီလိုကယ်လိုရီ၊ ပရိုတင်းဓါတ် (၇၀.၆၀) ဂရမ်နှင့် ကာဗိုဟိုက်ဒြိတ် (၂.၅) ဂရမ် ပါဝင်ကြောင်းလည်း သိရပါသည်။

ငါးနှပ်မျိုးစိတ်ကို -

Phylum (မျိုးပေါင်းစု) - Chordata

Class (အမျိုးအစား) - Actinopterygii

Order (မျိုးစဥ်) - Aulopiformes

Family (မျိုးရင်း) - Synodontidae

Genus (မျိုးစု) - Harpadon

Species (မျိုးစိတ်) - Harpodon Nehereus ဟူ၍ ဖြစ်ပါသည်။

ပင်လယ်ပြာ(ငါးဦးစီးဌာန)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်