အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မေးမြန်းစူးစမ်း စပျစ်စိုက်ပျိုးရေးခြေလှမ်း

မေးမြန်းစူးစမ်း စပျစ်စိုက်ပျိုးရေးခြေလှမ်း

    စိုက်ပျိုးရေးချစ်သူများအတွက် စပျစ်စိုက်ပျိုးရာမှာ သတိပြုသင့်တဲ့ အချက်အလက်တချို့ကို မေးမြန်းစူးစမ်း တင်ပြလိုက်ပါတယ်နော်။

    ပထမဆုံးအနေနဲ့ စပျစ်ပင်စိုက်ပျိုးမယ့်မြေကို ညီညာမှုရှိစေဖို့ တက်နိုင်သလောက် ညှိပေးရပါမယ်။ မြေမျက်နာပြင်ညီညာမှ ရေသွင်းရေထုတ်စနစ် အဆင်ပြေလွယ်ကူနိုင်တယ်လို့ စီးပွားဖြစ် စပျစ်စိုက်ပျိုးနေသူတွေက ဆိုပါတယ်။

စပျစ်ပင်တွေဟာ နှစ်ရှည်ပင်အမျိုးအစားဖြစ်တာကြောင့်  မစိုက်ပျိုးမီက မြေဆီလွှာပြုပြင်မှုကို စနစ်တစ်ကျကြိုတင်ပြင်ဆင်ထားမှသာ နောင်မှာ အခက်ခဲမရှိမှာပါ။

ဟု မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ အလယ်ကုန်းအုပ်စု၊ ပုလဲကုန်းကျေးရွာမှ စပျစ်ခြံပိုင်ရှင် ကိုလှိုင်ထွန်းက ပြောပါတယ်။

    စပျစ်ပင်တွေကို စိုက်ပျိုးပြီး (၂) ပတ်သားအရွယ်မှာ မြေသြဇာစတင်ကျွေးမွေးပေးနိုင်ပြီး၊ (၃)ပတ်သားအရွယ်မှာတော့ မြေပြင်မြေဆွခြင်းကို စတင်ပြုလုပ်ပေးသင့်တယ်လို့ သိရပါတယ်။ အစာကျွေး၊ မြေဆွ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်၊ မြေအောက်ပင်စည်အမြစ် ဖြာထွက်မှုကို အားကောင်းစေပါတယ်။

    စပျစ်ပင် (ပုံသွင်းခြင်း) မိန်းကိုင်းယူ သီးကိုင်းမွေးခြင်းကို စိုက်ချိန်မှစ၊ အပင်သက် (၇)လသား အတွင်း အပြီးလုပ်ဆောင်သင့်ပါတယ်။

တောင်သူအများစုက စပျစ်ပင်ပုံသွင်းရာမှာ မြေပေါ်ပင်စည်နဲ့ မိန်းကိုင်း၊ သီးကိုင်းတွေကိုသာ အများအားဖြင့် ဂရုစိုက်လေ့ရှိပါတယ်။ မြေအောက်ပင်စည်အမြစ် ဖွဲ့စည်းတည်ဆောက်ပုံကို သတိမမူမိတာမျိုး ဖြစ်တတ်ပါတယ်။ မြေအောက်ပင်စည် အမြစ်ဖြာထွက်အားကောင်းမှ ပင်စည်နဲ့ မိန်းကိုင်း သန်မာမှု၊ သီးကိုင်းဖြာထွက်မှုတွေကို ကောင်းကောင်း ထောက်ပံ့နိုင်တာပါ။ ဒါ့ကြောင့် စပျစ်ပင်စိုက်ချိန်ကစပြီး၊ အပင် မိန်းကိုင်းယူ၊ သီးကိုင်းမွေးချိန်ကာလအထိ မြေအောက်အမြစ်ပိုင်းဖွံ့ဖြိုးမှု၊ ပင်စည်ဖွင့်ဖြိုးမှု၊ သီးကိုင်းဖြာထွက်မှုတွေကို ဟန်ချက်ညီညီဖြစ်အောင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ဟု ကိုလှိုင်ထွန်းက ရှင်းပြပါတယ်။

    စပျစ်ပင်အတွက် မြေပြင်မြေဆွခြင်းကို စိုက်သက်တမ်း (၃) ပတ်သားမှ အပင်သက် (၇) လသားအထိ တစ်လကို (၃) ကြိမ်မှ (၅) ကြိမ်ခန့်အထိ မြေအနေအထားပေါ်မူတည်၍ ဆောင်ရွက်ပေးနိုင်ပါတယ်။ စိုက်ပျိုးပြီး (၂)ပတ်သားမှစလို့ အပင်သက် (၇) လသားအထိ ကာလတွေမှာ မြေသြဇာကို ရေသွင်းတိုင်း အပင်အရွယ်အစားအလိုက် သင့်တင့်တဲ့ နှုန်းထားကို ချိန်ဆကျွေးပေးသင့်ပါတယ်။

    စိုက်သက် ပထမလမှာ မြေသြဇာ တစ်ပင် တစ်ဇွန်းနှုန်းဆိုရင်၊ ဒုတိယလမှာ တစ်ပင် (၂) ဇွန်းနှုန်း၊ တတိယလမှာ (၃) ဇွန်းနှုန်း နဲ့ (၇)လသားအထိ လစဉ် တိုး၍ ကျွေးပေးနိုင်ပါတယ်။ ရေသွင်းတိုင်း ကျွေးမွေးပေးနိုင်ပါတယ်။ တစ်လမှာ ရေ (၅) ကြိမ်ပေးတယ်ဆိုရင်၊ ရေသွင်းတိုင်း မြေသြဇာကျွေးရတာ ဖြစ်လို့၊ ပထမလမှာ မြေသြဇာ တစ်ဇွန်းနှုန်းနဲ့ (၅) ကြိမ်၊ ဒုတိယလမှာ မြေသြဇာ(၂) ဇွန်းနှုန်းနဲ့ (၅) ကြိမ်၊ တတိယလမှာတော့ မြေသြဇာ (၃) ဇွန်းနှုန်းနဲ့ (၅) ကြိမ် လစဉ်တိုး၍ကျွေးပေးရတာမျိုး ဖြစ်ပါတယ်။

နန်းထက်ထက်ချစ် (ABM)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကုလားပဲမျိုး 929အကြောင်းသိချင်လို့ပါ

Thawzinaung • ဖြေကြားချက် 1 ခု

ကျနော်တို့ဒေသမှာ ခေါ်ကြတဲ့ "ကျောက်ဆည်ပဒေသာစပါးမျိုး"က "ဧရာမင်းစပါးမျိုး" လားဗျ သက်တမ်းဘယ်လောက်ရှိပါသလဲ

Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 3 ခု

ph 09760779673 ဂျပန် EM OEM1လီတာ 50000 CEM 1လီတာ 5000 တင်လဲရည် 1လီတာ 3000 အများဈေး သီးသန့်ရှိပါတယ် တခြားအော်ဂဲနစ်ပစ္စည်းတွေ မြေသြဇာတွေလည်းရှိပါတယ် EMတွေက စိုက်ပျိုးရေးတင်မက ကြက်ခြံ ဝက်ခြံ နွားခြံ ငါးကန် အစရှိတဲ့ တိရစ္ဆာန်တွေအတွက်လည်းအသုံးပြုလို့ရပါတယ် လိုအပ်ပါက 09760779673ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်ဗျ

Nyan Phyo • ဖြေကြားချက် 4 ခု

ပုံပါ ဒုတ္ထာမြေထဲက ယူလာတဲ့ ဒုတ္ထာအစိမ်းခဲကို ဘော်ဒိုးဆေးရည်လုပ်လို့ရလား

Khing Hein • ဖြေကြားချက် 4 ခု

ဆရာတို့ခင်ဗျာ ကျနော် နှစ်စဥ်ကုလားပဲ ကြဲနေကြပါ သည်နှစ် ပဲနီကြားကျဲမလို့ အခုမြေက ခြောက်သွားလို့ ရေတင်ပြီးမှ မြေခြောက်မှ ပြန်ကြဲရင် နောက်ကြနိုင်မလား / တခြားဘာပဲမျိုးက တောင်သူတွက်ခြေကိုက်နိုင်မလည်း (နှုန်းကြမ်း မြေ​မျိုးစား)ပါခင်ဗျာ

ကိုလတ် • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။