"စိုက်ပျိုးပညာမျှဝေရာ" အစီအစဉ်မှ ပြန်လည်ကြိုဆိုပါတယ်ရှင်။
ဒီအစီအစဉ်ကို မကွေး၊ မင်းလှနှင့် မြို့သစ်ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် ENI ဖောင်ဒေးရှင်း၏အကူအညီဖြင့် PC Myanmar မှ ထုတ်လွှင့်ပေးတာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာ ကန်ထရိုက်လယ်ယာလုပ်ဆောင်လိုတဲ့ သူများအနေဖြင့် လုပ်ပိုင်ခွင့်ရလက်မှတ်များလျှောက်ထားနိုင်တဲ့ပုံစံ၊ ၅ယောက်တစ်ဖွဲ့ ဝိုင်းကြီးချုပ်ပုံစံစနစ်အရ တောင်သူအဖွဲ့အစည်းတွေမှာရော ဒီစနစ်ကိုလိုအပ်သေးသလား၊ကန်ထရိုက်လုပ်ငန်းများတွင် သီးနှံဈေးနှုန်းများသတ်မှတ်ရာတွင်လည်း သက်ဆိုင်ရာဒေသ၊ လုပ်ငန်းရှင်တွေအလိုက်ကွဲပြားမှုရှိနိုင်တဲ့အတွက် ဘယ်လိုသတ်မှတ်ချက်တွေရှိနိုင်ကြောင်း စတဲ့အကြောင်းအရာတွေကို ကန်ထရိုက်လယ်ယာလုပ်ဆောင်ရာမှာ လိုက်နာရမည့်လုပ်ထုံးလုပ်နည်းတွေအလိုက် ဆွေးနွေးချက်များဖြစ်ပါတယ်။
ဆွေးနွေးချက်များကို စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ဆန်းဆန်းအေး မှ ဆွေးနွေးပေးသွားတာဖြစ်ပါတယ်။
အစိမ်းရောင်လမ်းဦးကြီးတို့ အကျိုးတစ်စုံတစ်ရာဖြစ်စေဖို့ ရည်ရွယ်ပါတယ်။
ဗွေဆော်ဦး
ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်..
ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။
ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း..
သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။
ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်…
‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။
Aqua Booster ဆိုတာ…
ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။
သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။
ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။
ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ…
ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။)
ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more
Facebook စာမျက်နှာသို့သွားရန်