ဂျင်ဆင်းဆိုတာ..

30/07/2022 11:00 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

အမြစ်ကဆေးဖက်ဝင်တယ်ဆိုပြီး နာမည်ကြီးတဲ့ ဂျင်ဆင်းက ဖျားနာမှုအမျိုးမျိုးကို သက်သာ ပျောက်ကင်းနိုင်တဲ့အပြင်  အလွန်ဆေးဖက်ဝင်တဲ့ နှစ်ရှည်ပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ 

ဂျင်ဆင်းပင်ကို တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တိုင်းရင်းဆေးအဖြစ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကျွန်မတို့တစ်တွေ ကတော့ ကိုရီယားနန်းတွင်းကားတွေမှာ တော်တော်များများ မြင်ဖူးထားကြမှာပါ။ အခုနောက်ပိုင်းမှာတော့ အလှကုန် အတော်များများမှာပါ ပါဝင်အသုံးပြုလာပြီပဲ ဖြစ်ပါတယ်။

ဂျင်ဆင်းပင်က ကြီးထွားပြီးအရွယ်ရောက်လာတဲ့အခါ အနီရောင်အသီးလေးတွေ သီးကြပါတယ်။ စိုက်ပျိုးတာကတော့ အမြစ်ကိုလိုချင်လို့ပဲ အဓိကစိုက်ပျိုးကြပါတယ်။ 

ဂျင်ဆင်းပင်ရဲ့ ကြီးထွားမှုက နှေးတယ်။ အသားများတဲ့ အမြစ်တွေရှိပြီးတော့ အပင်လေးတွေကပုပါတယ်။ ဂျင်ဆင်းပင်ရဲ့ ကြီးထွားမှုနှုန်း၊ လတ်ဆတ်မှုနဲ့ အဖြူ (သို့) အနီရောင်မျိုးပေါ်မူတည်ပြီး စိုက်ပျိုးချိန်ကွာခြားပါတယ်။

ဂျင်ဆင်းပင်မှာ ပေါ်ပြူလာအဖြစ်ဆုံး မျိုး ၃ မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့..

(၁) Panax ginseng

ကိုရီးယားဂျင်ဆင်း (တရုတ်ဂျင်ဆင်း) ဆိုပြီး လူသိများပါတယ်။ အရှေ့အာရှနိုင်ငံတွေရဲ့ တောင်ပေါ် ဒေသမှာပဲ ပေါက်တာကြောင့် အာရှဂျင်ဆင်းလို့လည်း ခေါ်ကြပါတယ်။

(၂) Panax quinquefolius

မူရင်းဒေသမြောက်အမေရိကဖြစ်တဲ့ ဒီအမေရိကန်ဂျင်ဆင်းဟာဆိုရင်တော့ အထူးသဖြင့် ကနေဒါနိုင်ငံရဲ့ အရှေ့တောင်ပိုင်းနဲ့ အမေရိကန် အလယ်ပိုင်းတို့မှာတွေ့ရပါတယ်။ အရွက်နဲ့ အမြစ်ကို အမေရိကန်နိုင်ငံမှာ ဆေးအဖြစ်အသုံးပြုကြပါတယ်။

(၃) Panax japonicus

တရုတ်နဲ့ ဂျပန်မှာပဲတွေ့ရတဲ့ ဂျင်ဆင်းတစ်မျိုးပဲဖြစ်ပါတယ်။ ဗီတာမင်အဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက အသုံးပြုခဲ့ကြတဲ့ ဂျင်ဆင်းတစ်မျိုးဆိုလည်း မမှားပါဘူး။

ဂျင်ဆင်းပင်မှာတော့..

(၁) ရောင်ရမ်းတာတွေ လျော့ကျစေနိုင်တဲ့ အန်တီအောင့်စီဒန့်ဓာတ် ပါဝင်ခြင်း

(၂) ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို တိုးမြှင့်စေနိုင်ခြင်း

(၃) ကိုယ်ခံအားကို တိုးလာစေခြင်း

(၄) ကင်ဆာရောဂါကို ကာကွယ်တိုက်ဖျက်နိုင်ခြင်း

(၅) မောပန်းနွယ်နယ်မှု ပျောက်ကင်းစေပြီး စွမ်းအင်ကို တိုးလာစေနိုင်ခြင်း

(၆) သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်ခြင်း

(၇) အစာမစားခင်ရေနွေးနဲ့ စိမ်သောက်ခြင်းဖြင့် ဝိတ်ကျစေရန် ကူညီပေးနိုင်ခြင်း

(၈) ကာမအားတိုးလာခြင်း စတဲ့အကျိုးကျေးဇူးတွေရှိတဲ့အပြင် ဘေးထွက်ဆိုးကျိုးလည်း နည်းတဲ့အပင် ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီလိုအဖိုးတန်တဲ့ ဂျင်ဆင်းရိုင်းတွေကို ရိတ်သိမ်းတဲ့အခါ အမြစ်တွေပါ ထိခိုက်တတ်တာ ကြောင့် အမေရိကန်နိုင်ငံမှာ ဂျင်ဆင်းမြစ်တွေ တူးဖော်တာကို ပြင်းပြင်းထန်ထန်တားမြစ်ထားပြီး တချို့ပြည်နယ်တွေမှာဆို တရားမဝင်တဲ့ အလုပ်လို့တောင် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်