ရန်ကုန်တွင် လယ်ယာမြေကို ဥပဒေနှင့်အညီ အခြားနည်းလမ်း သုံးစွဲခွင့်မရှိဘဲ လုပ်ကိုင်သည့် အမှုပေါင်း ၁၈၀၀၀ ကျော်ရှိ

27/05/2019 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေများကို ဥပဒေနှင့်အညီ အခြားနည်းလမ်းသုံးစွဲခွင့်မရရှိဘဲ လုပ်ကိုင်မှုနှင့် ပတ်သက်သည့် အမှုပေါင်း ၁၈၀၀၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ 

"မြေနဲ့ ပတ်သက်ရင် ရန်ကုန်ကလည်း အလွန်အင်မတန် လှုပ်ခတ်တဲ့ တိုင်းတစ်ခုထဲမှာ ပါပါတယ်။ ကျွန်တော်တို့ တိုင်းအတွင်းမှာ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီးတော့ အခြားနည်းလမ်းလျှောက်ထားခြင်းမရှိပဲနဲ့ ပေါ်ပေါက်နေတဲ့ အမှုပေါင်း ၁၈၀၀၀ လောက်ရှိပါတယ်။ ဒါက ကျွန်တော်တို့ဆီမှာ တော်တော်လေးများပြားတဲ့ အမှုတွဲတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးဌာနဘက်ကိုလည်း သဘောထားမှတ်ချက် တောင်းခံထားပါတယ်။ ဘာကြောင့် သဘောထားတောင်းခံတယ်ဆိုရင် ဒီကိစ္စတွေကို စနစ်တကျ ဥပဒေဘောင်အတွင်းကို ပြန်လည်သွင်းနိုင်ဖို့အတွက် စနစ်တကျ ပြန်ဆောင်ရွက်ရမှာဖြစ်ပါတယ်။" ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ 

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ဗဟိုသို့ တင်ပြထားမှုနှင့် ပြီးခဲ့သည့် အစိုးရလက်က ကျန်ရှိခဲ့သော မြေသိမ်းအမှုတွဲပေါင်း ၅၀၀၀ ဝန်းကျင်ကို စစ်ဆေးမှုပြုလုပ်နေပြီး ယင်းအမှုတွဲများအနက် အမှုတွဲ ၁၀၀ ကျော်ခန့်သာ ကျန်ရှိသောကြောင့် ယင်းတို့ကို စိစစ်၍ ဗဟိုသို့ ပေးပို့ရန် ပြင်ဆင်နေကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်ကြားထားသော လယ်ယာမြေအမှုပေါင်း ၅၀၀၀ ဝန်းကျင်ရှိပြီး ယင်းအမှုတွဲများတွင် ယင်ခင်မှုတွဲများနှင့် တူညီသော အမှုတွဲများ ရှိနေနိုင်သဖြင့် မြေယာအမှု ၁၀၀၀ ကျော်ကသာလျှင် အမှုတွဲအသစ်ဖြစ်နိုင်ကြောင်း သိရသည်။ 

အဆိုပါ မြေယာကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးမှုများကို မေလအတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

"လယ်ယာမြေ အခြားနည်းလမ်းမလျှောက်ပဲ ဆောင်ရွက် တဲ့နေရာမှာ ၂၀၁၂ လယ်ယာမြေပုံစံ-၇ ရှိသူကိုပဲ ကျွန်တော်တို့က အရေးယူရမှာဖြစ်နေတယ်။ ပုံစံ-၇ က အခြားသူနာမည်ဖြစ်ပြီးတော့ လုပ်တဲ့သူက တစ်ယောက်ဖြစ်နေတယ်။ အခုတော့ ပြည်ထောင်စုဝန်ကြီးဌာနဘက်ကနေ ပုံစံ-၇ နာမည်ပြောင်းဖို့အတွက် ညွှန်ကြားချက် ထွက်လာပါပြီ။ ဇွန်လ တစ်ရက် နေ့မှစပြီး နာမည်ပြောင်းလို့ရပါပြီ။ နာမည်ပြောင်းလို့ရရင်တော့ လယ်ယာမြေကို ဝယ်မယ်။ နာမည်ပြောင်းမယ်။ ပြီးမှ အခြားနည်းလမ်းလျှောက်ကြမယ်။ အခြားနည်းလမ်းမလျှောက်ပဲနဲ့ ကိုယ့်ဘာသာလုပ်ကြမယ်ဆိုရင်လည်း ပုံစံ -၇ နာမည်ပြောင်းထားတဲ့သူကိုပဲ အရေးယူဆောင်ရွက်မှုကို ဆက်ပြုမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ ဇွန်လ တစ်ရက်နေ့ကစပြီး ပုံစံ-၇ ကို စနစ်တကျ နာမည်ပြောင်းနိုင်ဖို့အတွက် ဒါဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။" ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။ 

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ လယ်ယာမြေကို အခြားနည်းလမ်း အသုံးပြုပါက ဒဏ်ရိုက်၍ ယင်းမြေများကို ပြန်လည်သိမ်းဆည်၍ လယ်ယာမြေအဖြစ် ပြန်လည်လုပ်ကိုင်ရမည်ဖြစ်ပြီး လယ်ယာမြေများကို ဒဏ်ရိုက်၍ ဥပဒေအရ အခြားနည်းလမ်း သုံးစွဲခွင့်ပေး၍ မရသဖြင့် အထူးကိစ္စရပ်အဖြစ် ဆောင်ရွက်မည်ဆိုပါက ဥပဒေအရ အခွင့်အလမ်းများကို ၂၀၁၂ လယ်ယာမြေဥပဒေ မပေါ်ပေါက်ခင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များကို မည်ကဲ့သို့ အခွင့်အလမ်းပေး၍ ဆောင်ရွက်ရမည်ကို ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် မေလ ၂၂ ရက်က ကျင်း ပပြုလုပ်သည့် နိုင်ငံတော်ဒုသမ္မ္မတ ၁ ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင်  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ကြားခဲ့ခြင်းဖြစ်သည်။ 

"ဒါတွေအားလုံးဟာ လယ်ယာမြေကဏ္ဍရော အခြားနည်းလမ်းရရှိပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေသူအားလုံးအတွက်ရော ဥပဒေဘောင်အတွင်းကနေ ဆောင် ရွက်ပေးနိုင်တဲ့ နယ်ပယ်အားလုံးကို ကြိုးပမ်းဆောင်ရွက်ပေးသွားမယ်။ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းလမ်းညွှန်တွေကတော့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်မှုအောက်ကနေ ဒီကိစ္စဆောင်ရွက်သွားမှာဖြစ်ပါတယ်။" ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ဥပဒေဘောင်ပြင်ပတွင် လုပ်ကိုင်ဆောင်ရွက်နေသော လယ်ယာမြေကိစ္စရပ်များကို ဥပဒေဘောင်အတွင်း စနစ်တကျ ပြန်လည် သွင်းယူနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနအား သဘောထားမှတ်ချက် တောင်းခံထားရှိကြောင်း သိရသည်။ 

လယ်ယာမြေနှင့် ပတ်သက်၍ အထူးအဖွဲ့ဖွဲ့စည်းရန် ဥပဒေအရ သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်၍ ရန်ကုန်တိုင်းဒေသကြီးတွင် အထူးအဖွဲ့ဖွဲ့စည်းရန် ပြည်ထောင်စုဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ရယူ၍ ဖွဲ့စည်းခွင့်ရရှိပြီးဖြစ်ကြောင်း သိရသည်။

"ခွင့်ပြုချက်မရသေးမီ မွေးမြူရေးလုပ်ကိုင်တဲ့ ခြံတွေအား ဒဏ်ကြေးသတ်မှတ်ခြင်းကို ငါးမွေးမြူရေးကန်တွေနည်းတူ သင့်တင့်မျှတတဲ့ ဒဏ်ကြေးငွေနဲ့သာ တပြေးညီပေးဆောင်စေဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးရှိ အစိုးရအဖွဲ့မှ ညှိနှိုင်းဆောင်ရွက်ပေးပါ။" ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမြဟန်က ပြောသည်။ 

ကြက်၊ ဝက်၊ နွား မွေးမြူရေးလုပ်ကိုင်သူများသည် ခေတ်မီတိုးတက်လာသော နည်းစနစ်များနှင့်အညီ မွေးမြူရေးထုတ်ကုန်များ ပိုမိုရရှိရေးအတွက် အဆောက်အဦနှင့် စက်ကိရိယာများကို အရင်းအနှီးကြီးမားစွာ လုပ်ကိုင်နေရကြောင်း သိရသည်။ 

မွေးမြူရေးလုပ်ကိုင်သည့်မြေများအား အခြားနည်းသုံးစွဲခွင့် တင်ပြရာတွင်နှစ်နှင့်ချီ၍ ခွင့်ပြုချက်မရှိပဲ ကြီးမားသောဒဏ်ကြေးငွေကို ပေးဆောင်နေရသဖြင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေရသူများအဖို့ ငွေကြေးအခက်အခဲများ ကြုံတွေ့နေရ၍ မွေးမြူရေးထွက်ကုန်များ ပိုမိုထွက်ရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် အာမခံချက်ရှိသော လယ်ယာမြေများအား အခြားနည်းဖြင့်သုံးစွဲခွင့်ကို အချိန်ကာလတိုအတွင်း ခွင့်ပြုပေးရန်လည်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ မေလ ၂၂ ရက် ကျင်းပပြုလုပ်ခဲ့သည်။ 

အေးအေးမြင့်(ABM)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်