ဖရဲသီးအရည်အသွေးများကြောင့် ဖရဲကားဝင်ရောက်မှုနည်းပါး

14/11/2019 10:14 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုရက်ပိုင်းအတွင်း ဖရဲသီးကုန်တင်ကားများမှာ အရည်အသွေးများကြောင့် ဝင်ရောက်မှုနည်းပါးလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တရုတ်ဘက်မှာ မြန်မာ့ဖရဲအရည်အသွေးများကို စိစစ်ဝယ်ယူမှုများရှိတာကြောင့် အခုရက်ပိုင်းအတွင်းမှာ ကုန်တင်ကားများ ဝင်ရောက်မှုနည်းပါးလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးစိုးလွင်ကပြောပါတယ်။

အဓိကကတော့ တရုတ်ဘက်ကနေ ဖရဲကို အရည်အသွေးနဲ့ စစ်ပြီးဝယ်ယူနေတာဆိုတော့ အရင်ကလောက်မဝင်တော့ဘူး။ ဒီနေ့ဆို (၁၀၀) ကျော်လောက်ပဲဝင်တယ်။ ကားအစီးရေနည်းသွားပေမယ့်လည်း စျေးကျတော့ ထင်သလောက်မရဘူး။ အရည်အသွေးပေါ်ပဲကြည့်ပြီး ဖြတ်ပေးတာဆိုတော့

ယခင်တစ်ပတ်အတွင်းက မြန်မာ့ဖရဲကုန်တင်ကားများမှာ တစ်နေ့ကို အစီးရေ (၂၀၀)ကျော်ဝင်ရောက်မှုရှိနေပြီး အခုတစ်ပတ်အတွင်း ဖရဲကားဝင်ရောက်မှုမှာ (၁၃၀) သာရှိတော့ကြောင်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့ဖရဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးကြောင်းလည်း သိရပါတယ်။

နိုဝင်ဘာလ(၉)ရက်နေ့က သစ်သီးဝလံကုန်စည်ဒိုင်မှ ပြည်ပပို့ကုန်ဖရဲသီးကို အရည်အသွေးပြည့်မီစွာ စိုက်ပျိုးနိုင်ဖို့အတွက်လည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွား စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်