သနပ်ခါးပင်ကို မူလစိုက်ပျိုးထုတ်လုပ်နေသူများမှအပ အသစ်ထပ်မံစိုက်ပျိုးသူ မရှိသလောက်ရှားပါးလာ

16/09/2020 14:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးပင်ကို မူလစိုက်ပျိုးထုတ်လုပ်နေသူများမှအပ စိုက်ခြံအသစ်ဖြင့် ထပ်မံစိုက်ပျိုးသူမှာ မရှိသလောက် ရှားပါးလာကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

သနပ်ခါးပင် နောက်ထပ်အသစ်စိုက်ပျိုးတဲ့သူ အတော်လေးကိုနည်းသွားပြီ။ ရှိပြီးသားခြံတွေကို ပြုပြင် ထိန်းသိမ်းစရိတ်တွေ၊ အလုပ်သမားခ၊ သွင်းအားစုစရိတ်တွေများလာတော့ ဈေးကွက်အနေအထားအရ မကိုက်တာကြောင့် အလွယ်တကူငွေပေါ်တဲ့အလုပ်တွေပဲ လုပ်လာကြတာပေါ့။ ကုန်ကျထားတာနဲ့ ဈေးကွက်နဲ့က မမျှဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့် စိုက်ပျိုးထုတ်လုပ်သူတွေ နည်းပါးလာပြီး မြန်မာ့ရိုးရာ သနပ်ခါးယဉ်ကျေးမှု အမွေအနှစ်လေး ပျောက်သွားမှာ စိုးရတယ်။

ဟု မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုးက ပြောသည်။

    ပြည်ပနိုင်ငံများမှ ဝင်ရောက်နေသည့် သနပ်ခါးပါဝင်သည်ဟု အမည်တပ်ထားသည့် ထုတ်ကုန်များ ပြည်တွင်းဈေးကွက်သို့ နည်းလမ်းအမျိုးမျိုး၊ ဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်နေခြင်းသည်လည်း တောင်သူများ စိတ်ဓာတ်ကျရသည့် အကြောင်းအရင်းတစ်ခုဖြစ်နေသည်။

သနပ်ခါးတစ်ပင်မှမစိုက်ထားတဲ့ ပြည်ပနိုင်ငံတွေကနေ သနပ်ခါးစိုက်ပျိုးနေတဲ့ မြန်မာနိုင်ငံကို သနပ်ခါးထုတ်ကုန်တွေ ပြန်သွင်းနေတာက သဘာဝမကျဘူးလေ။ ပြည်တွင်းက တကယ်စိုက်ပျိုးနေသူတွေကို စော်ကားသလို ဖြစ်နေတယ်။ ဒါကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက ထိထိရောက်ရောက် ကာကွယ်ဖို့လိုတယ်။ ဘာစစ်ဆေးမှုမှ ကြပ်ကြပ်မတ်မတ်မလုပ်ထားဘဲ သနပ်ခါးနာမည်ပါတိုင်းသာ တခြားတိုင်းပြည်ကဟာတွေ တင်သွင်းခံ အရောင်းခံနေကြမယ်ဆိုရင် ကျွန်တော်တို့ပြည်တွင်းက သနပ်ခါးစိုက်တောင်သူတွေလည်း စိတ်ဓာတ်ကျလာတယ်။ ဘယ်သူမှ ရေရှည် မစိုက်ပျိုးချင်ကြတော့ဘူးလေ။

ဟု ဦးကျော်မိုးက ဆက်လက်ပြောသည်။

    အဆိုပါဖြစ်စဉ်များကို စနစ်တကျကိုင်တွယ်ရန်အတွက် မြန်မာနိုင်ငံသနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ သနပ်ခါးဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးအဖွဲ့  ဖွဲ့စည်းနိုင်ရန် တင်ပြမှုများပြုလုပ်ထားကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်