တောင်သူများနှင့် ဒစ်ဂျစ်တယ် နည်းပညာ

06/07/2021 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည် ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူများနှင့် ဒစ်ဂျစ်တယ် နည်းပညာ ဆိုတဲ့အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်ပါတယ်။ မြို့ရွာ ကျေးလက်ဒေသ မကျန် ဖုန်းတွေ၊ အင်တာနက်တွေ သုံးစွဲလာကြပြီး သတင်းအချက်အလက်တွေရရှိလာကြပါတယ်။ ထို့အတူ စိုက်ပျိုးရေး လုပ်ကိုင်ကြတဲ့ တောင်သူတွေအတွက်လည်း ဒစ်ဂျစ်တယ်နည်းပညာကို အခြေခံပြီး ဖန်တီးထားတဲ့ စိုက်ပျိုးရေးဆိုင်ရာ ဖုန်းဆော့ဝဲလ်တွေ၊ နည်းပညာတွေ ရှိနေပြီဖြစ်ပါတယ်။ 

တောင်သူတွေဟာ ဖုန်းဆော့ဝဲလ်တွေကနေတစ်ဆင့်  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မိုးလေဝသ၊ သီးနှံဈေးကွက် စသည်ဖြင့် မိမိတို့လိုအပ်တဲ့ နည်းပညာတွေကို အလွယ်တကူ လေ့လာနိုင်ကြပြီ ဖြစ်ပါတယ်။ ထို့အပြင် တောင်သူများ အနေနဲ့ သီးနှံစိုက်ပျိုးရာမှာ လုပ်ဆောင်ခဲ့တာတွေကို မှတ်သားနိုင်တဲ့ နည်းပညာတွေ၊  ဖုန်းဆော့ဝဲလ်ကနေ စိုက်ခင်းအတွက်လိုအပ်တဲ့ သွင်းအားစုတွေဝယ်ယူနိုင်တာတွေ၊ စိုက်ခင်းမှ ထွက်ရှိတဲ့ သီးနှံတွေကို ဆော့ဝဲမှတစ်ဆင့် ရောင်းချနိုင်တာတွေအထိ ရှိလာပြီဖြစ်ပါတယ်။ 

ဥပမာ - အစိမ်းရောင်လမ်း စိုက်ပျိုး/မွေးမြုရေး ဖုန်းဆော့ဝဲလ် စိုက်ပျိုးရေးဆိုင်ရာ သင်တန်းတွေနဲ့ ဆွေးနွေးပွဲတွေဆိုရင်လည်း Zoom/ Google Meet/ Messenger Room စတဲ့  ဆော့ဝဲလ်တွေအသုံးပြုပြီး အွန်လိုင်းကနေ တက်ရောက်လာနိုင်ကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူသိများတဲ့ Facebook (ဖေ့စ်ဘုတ်)တို့ Youtube (ယူကျူ့) တို့လို လူမှုကွန်ယက်မီဒီယာတွေမှာဆိုရင်လည်း စိုက်ပျိုးရေးနည်းပညာလေ့လာနိုင်တဲ့ Group (အဖွဲ့/အုပ်စု) တွေ၊ ဗီဒီယိုတွေရှိနေတာကြောင့် အလွယ်တကူရှာဖွေ လေ့လာနိုင်ပြီဖြစ်ပါတယ်။ 

တောင်သူတွေအတွက် လိုအပ်နေတဲ့ နည်းပညာတွေနဲ့ သတင်းအချက်အလက်တွေ မြန်မြန်ဆန်ဆန် ရရှိနိုင်ဖို့အတွက် ဒစ်ဂျစ်တယ်နည်းပညာတွေဟာ အဓိကကျလာပါတယ်။ ဒါကြောင့် တောင်သူဦးလေး ဒေါ်လေးတို့အနေနဲ့လည်း အင်တာနက်နဲ့ ဖုန်းတွေကို ကောင်းစွာနားလည် တတ်ကျွမ်းထားဖို့ လိုအပ်လာပါတယ်။ ဒါမှသာ မိမိသိချင်တဲ့ နည်းပညာတွေ၊ သတင်းအချက်အလက်တွေ၊ အချိတ်အဆက်တွေ၊ ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းတွေ ပိုမိုရရှိလာနိုင်မှာ ဖြစ်ပါတယ် ခင်ဗျ။ ခေတ်မှီတဲ့ တောင်သူတွေဖြစ်လာကြမယ်လို့ ယုံကြည်ရင်း…

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေးကို  ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဒစ်ဂျစ်တယ် ခြေရာများ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်