တိုင်းရင်းငါးငယ်ကလေးများမှ ငါးငယ်တစ်မျိုးဖြစ်သည် ငါးဘဲဖြူအား အိမ်၌ တစ်ပိုင်တစ်နိုင် မွေးမြူ ထုတ်လုပ်နိုင်ပါပြီ

24/08/2018 14:04 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

MYCulture စီမံကိန်းကို အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေ အဖွဲ့(Livelihoods and Food Security Trust Fund (LIFT) မှ ရန်ပုံငွေ ထောက်ပံ့ပေး ပြီး၊ WorldFish အနေဖြင့် စီမံကိန်း၏ မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည် ငါးလုပ်ငန်းဦးစီးဌာန(DoF)၊ ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့ NAG (Network Activities Group)GRET (Professional for fair development) နှင့် ပက်ပ်မြန်မာ(PACT Myanmar) တို့ ပူးပေါင်းပြီး မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်း ဒေသကြီးနှင့် မြန်မာနိုင်ငံ အ လယ်ပိုင်း အပူပိုင်းဇုန်ဒေသကြီးတို့တွင် ငါးမွေးမြူရေးလုပ်ငန်း ပိုမိုတိုးတက်ရေရှည် တည်တံ့စေရေးအတွက် ပူးပေါင်းလုပ်ဆောင်နေပါသည်။

စီမံကိန်း၏ ငါးမွေးတောင်သူ တစ်ဦး ဖြစ် သည် အသက် (၂၁)နှစ်အရွယ်ရှိပြီး သားသမီး ()ဦး ထွန်းကားသည့် ဒေါ်အေးဝင်းသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဖျာပုံမြို့နယ်၊ မယ်ညိုကျေးရွာတွင် နေထိုင်ပါသည်။ ဒေါ်အေးဝင်းနှင့် သူမ၏ အိမ်နီးချင်းမှာ worldFish Myanmar "မိတ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည် (NAG)ပေါင်းစုလုပ် အား ပညာပေးရေး အဖွဲ့မှ ဦးဆောင်သည့်ငါးငါးမွေးမြူရေးသင်တန်းများတွင် တက်ရောက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။ ငါးမွေးမြူရေးသင်တန်းမှ ပို့ချသည့် ငါးမွေးမြူ ရေးဆိုင်ရာ (ဥပမာ အသားတိုး ငါးမွေးမြူခြင်း၊ ငါးငယ်ကလေးများမွေးမြူခြင်း) နည်းပညာများ၊ ဗဟုသုတ များ သင်ယူခဲ့ပြီး တိုင်းရင်းငါး ငယ်ကလေးများထဲမှ တစ်မျိုးဖြစ်သည့် ငါးဘဲဖြူမွေးမြူနည်းများမှာ ထပ်မံ သင်ယူ ရရှိခဲ့ကြောင်း ပြောပြပါသည်။

ငါးဘဲဖြူဆိုသည်မှာ အဏုအာ ဟာရ ကြွယ်ဝသည့် တိုင်းရင်းငါးငယ်အမျိုးအစားထဲမှ တစ်မျိုး ဖြစ်ပါသည်။ ယေဘူယျ အားဖြင့် ငါးဘဲဖြူအား ချက်ပြုတ်ဖို့ ပြင်ဆင်သည့် အခါတွင် ငါး၏ဦးခေါင်းကို ဖြတ်ထုတ်ဖယ်ပစ်တတ်ကြပါသည်။ သို့သော် ယခုအခါ သူမသည် ငါးဘဲဖြူတစ်ကောင်လုံး (ဦးခေါင်းအပါအဝင် အရိုးပါမကျန်) စားသုံးခြင်းသည် ကိုယ်ခန္ဓာအတွက် လိုအပ်သည့် အာဟာရများဖြစ်သည် ပရိုတင်း၊ ဗိုက်တာမင်အေ၊ ကယ်လ်စီယမ်၊ ဇင့်၊ တိုင်းရင်းငါးငယ်ကလေးများအား ဦးခေါင်း၊ အတောင်၊ အပြီးနှင့် အခြားအင်္ဂါများ ဖယ်ရှားခြင်းမပြုဘဲ၊ အာဟာရဓါတ် မဆုံးရှုံးမှာ မည်သို့ သံဓါတ်နှင့်” ဖက်တီအက်ဆစ် စသည်တို့ကို ရရှိစေသည့်အချက်ကိုလည်း သိရှိသင်ယူခဲ့ရပါသည်။ သင်တန်းပို့ချသူ ဆရာ/မ များမှ ချက်ပြုတ်ရမည်ကို သင်ကြားပို့ချပေးခဲ့ပါသည်။ သင်ကြားပို့ချပေးခဲ့သည့်အတိုင်း သူမသည် မိမိအိမ်တွင် ပြန်လည်အသုံးချချက်ပြုတ်ခဲ့ပါသည်။

ယခုအချိန်တွင် သူမသည် မိသားစုတွင် ပြန်လည်လက်တွေ့အသုံးချသည်သာမက အိမ်နီးချင်းများနှင့် ရွာရှိအခြား မိခင်များအား သူမ သင်ယူခဲ့သည်များနှင့် လက်တွေ့အသုံးချနေသည် ချက်ပြုတ်နည်းများအား ပြန်လည်ဝေငှ သင်ကြားပေးနေသူ တစ် ဦးလည်း ဖြစ်ပါသည်။ သူမထံသို့ သွားရောက်မေးမြန်းသည့်အချိန်တွင် သူမသည် ငါးဘဲဖြူးအား ငါးကန်ထဲတွင် အစဉ်မပြတ် ထိန်းသိမ်း ကာ ထည့်သွင်းမွေးမြူနိုင်ရေးနှင့် ပတ်သက်ပြီး အတွေ့အကြုံများကို ပြောပြပါသည်။ ပြီးခဲ့သည့် ငါးမြစ်ချင်း ဖော်သည်ကာလတွင် သူမ သတိထားမိသည်မှာ အရွယ်ရောက်ပြီးသား ငါးဘဲဖြူများကို တွေ့ရှိရပြီး ထိုအရွယ်ရောက်ပြီးသား ငါးဘဲဖြူများသည် နောက်တစ်ဖန် ပြန် လည်မျိုးပွားဖို့ရန်အတွက် ထိန်းသိမ်းဖို့ရန် လိုအပ်သည်ကို သိရှိနားလည်ခဲ့ပါသည်။ အရွယ်ရောက်ပြီးသား ငါးဘဲဖြူ အကောင်(၃၀) အား ယက်သဲ့ (သို့) ဒိုင်းဝန်းဟု ခေါ်သော ပိုက်ဇကာငယ်ဖြင့် ဖမ်းဆီးပြီး အခြား စပါးခင်းနှင့်အတူ ငါးပါ မွေးမြူနိုင်သည့်နေရာသို့ မြန်မြန် ပြောင်းရွေ့ထည့်သွင်းခြင်းဖြင့် ငါးဘဲဖြူမျိုးအား မိမိငါးကန်တွင် အစဉ်မပြတ် မွေးမြူနိုင်စေရန်အတွက် အကျိုးရှိစေသည်ကိုလည်း သိရှိနားလည်ခဲ့ပါသည်။

ငါးဘဲဖြူအား ဖမ်းဆီးပြီး အခြားနေရာတစ်ခုသို့ မြန်နိုင်သမျှ မြန်နိုင်အောင် ပြောင်းရွှေ့ ထည့်သွင်းခြင်းသည် ရှင်သန်နှုန်းကို မြှင့်တင်ပေးနိုင်ကြောင်းကိုလည်း သူမ ထပ်မံနားလည် သိရှိခဲ့ပါသည်။

ငါးဘဲဖြူ ()လ ကာလအချိန်ကြာ မွေးမြူခဲ့သည့် သူမ၏ အတွေ့ အ ကြုံနှင့် သင်တန်းတက်ရောက်ခဲ့မှုများအပေါ် အခြေခံပြီး၊ “ငါးဘဲဖြူမွေးမြူခြင်းဖြင့် အကျိုးရရှိမှုများကို သိရှိနားလည်ခဲ့ပါသည်။ ငါးငယ် ကလေးများကို မွေးမြူခြင်းသည် လွယ်ကူပြီး နည်းပညာနှင့် အစာ အထွေအထူး မလိုအပ်ဘဲ မွေးမြူနိုင်သည်၊ ငါးငယ်ကလေးများသည် အသားတိုးငါး (သို့) အခြားငါးကြီးများ နှင့် ရောနောမွေးမြူနိုင်သည်။ (ဥပမာ- ငါးဘဲဖြူနှင့် ငါးမြစ်ချင်းကိုတွဲပြီးမွေးမြူနိုင်သည့် အတွက် သူမ သည် ငါးမျိုးစိတ်များ ရောနှောမွေးမြူသည်နည်းပညာကို အသုံးပြုနိုင်ပါသည်။) အရေးပါသည့်အချက်မှာ တိုင်းရင်းငါးငယ်ကလေးများ ကို စားသုံးခြင်း သည် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များအပါအဝင် မိသားစုတစ်စုလုံးအတွက် လိုအပ်သည် အဏုအာဟာရကို လုံလောက်စွာ ရရှိစေနိုင်သည့် အချက်ပင် ဖြစ်ပါသည်။

အဆိုပါ လွယ်ကူစွာ မွေးမြူနိုင်ခြင်း၊ အာဟာရဓါတ်ပြည်ဝစွာ ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် သူမသည် ငါးဘဲဖြူကို သူမငါးကန်တွင် ဆက်လက်မွေးမြူနိုင်ရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ သူမသည် မြေနေရာ ထပ်မံရှိပါက (သို့) အခွင့်အခါ ရပါက ငါးဘဲဖြူအား အခြားကန်များနှင့် (သို့) အခြားခြံမြောင်းများတွင် တိုးချဲ့ မွေးမြူလိုကြောင်း ပြောကြားခဲ့ ပါသည်။ သူမသည် ယခုအချိန်အခါတွင် အခြားငါးမွေးတောင်သူများအား ငါးဘဲဖြူ နှင့် အခြားငါးများ ဥပမာ - ငါးမြစ်ချင်းနှင့် ရောစပ်မွေးရန် မဖြစ်နိုင်ဟု သံသယရှိသည့် ငါးမွေးတောင်သူများအား ငါးဘဲဖြူ မွေးမြူလာနိုင်ရေးနှင့် တိုင်းရင်းငါးငယ် ကလေးများ မွေးမြူခြင်းဖြင့် သူမ တိုက်တွန်း အားပေးနေလျက် ရှိပါသည်။

" သင်၏ အိမ်ပတ်ဝန်းကျင်တွင် ရေအလွယ်တကူ ရရှိပြီး ခြံမြောင်းများ (သို့) စပါးစိုက်ခင်းများ ရှိပါကငါးဘဲဖြူ မွေးမြူနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ငါးဘဲဖြူမွေးမြူရေးသည် လွယ်ကူပြီး သင်၏ မိသားစုကျန်းမာရေးအတွက် အထောက်အပံ့ပေး ပါသည်။ ပူပြင်းသည်ရာသီများ ရောက်ရှိလာသည်အခါ (သဘာဝငါးရှားသည်ကာလ)တွင်လည်း သင်သည် မိသားစု ဟင်းစား အတွက် စိုးရိမ်စရာ မလိုဘဲ သင်၏ကိုယ်ပိုင် ငါးမွေးကန်မှ ဟင်းစားအတွက် အလွယ်တကူ ရရှိပြီး ချက်ပြုတ်စားသုံး နိုင်ပါသည်။ "

My Culture

 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်