နှမ်းဈေးကွက်ကျဆင်းသော်လည်း ပဲတီစိမ်းဈေးကွက်ကောင်းမွန်သဖြင့် တောင်သူများ ခုသာခံသာရှိနေ

27/12/2020 13:45 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    COVID ကာလအတွင်း နှမ်းဈေးကွက်ကျဆင်းသော်လည်း ပဲတီစိမ်းဈေးကွက် ကောင်းမွန်နေသဖြင့် တောင်သူများအနေဖြင့် ခုသာခံသာရှိနေခြင်းဖြစ်ကြောင်း မကွေးတိုင်းမှ တောင်သူများက ပြောသည်။

ပဲတီစိမ်းကတော့ ဒီနှစ်အနေအထားအရ ဈေးကွက်ကောင်းတယ်။ ကျွန်တော်တို့တောင်သူတွေအနေနဲ့ လုပ်ကိုင်ရတာ အဆင်ပြေတယ်။ တခြားသီးနှံတွေဆို မိုးနှမ်းတောင်မှ မရောင်းဘူး ဒီတိုင်းလှောင်ထားရတယ်။ ကိုဗစ်ကာလမှာ အရင်နဲ့မတူတာကတော့ အရင်နှစ်တွေက ပဲနဲ့ပတ်သက်ရင် ဘာပဲမှ ဈေးကွက်မကောင်းခဲ့ဘူး။ နှမ်းစိုက်တာက တွက်ခြေကိုက်ခဲ့တယ်။ ကိုဗစ်နဲ့လည်းကြုံရော နှမ်းဈေးတွေကျပြီး ပဲတီစိမ်းဈေးကွက် ကောင်းလာတယ်။ ပဲတီစိမ်းလေးတစ်ခုကြောင့် ထမင်းစားနေရတယ်။ ဘာကြောင့် ဈေးကွက်ကောင်းလာသလဲတော့ ကျွန်တော်လည်း ဂဃဏန မပြောတတ်ဘူး။ လက်လှမ်းမှီသလောက်သိထားတာတော့ ပဲတီစိမ်းက ဒီနှစ်မှာ အိန္ဒိယဘက်က ကိုတာ အများကြီးတက်တယ်။ တရုတ်ကတော့ နှစ်တိုင်းဝယ်ပေမယ့် သူတို့က ဈေးက ကြိုက်သလိုဝယ်တာ။ အိန္ဒိယဘက်က အဝယ်လာတဲ့နှစ်မှ ပဲတီစိမ်းဈေးပြောင်းတာ။

ဟု မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ သီးကုန်းကျေးရွာမှ တောင်သူ ကိုမျိုးသီဟ က ပြောသည်။

    မကွေးတိုင်း၊ မင်းဘူးနယ်တဝိုက်ဒေသများအတွင်း ပဲတီစိမ်းရောင်းချရာတွင် ထိပ်စ၊ ခါး၊ အညံ့ (အောက်စ) စသဖြင့် အရည်အသွေးအဆင့် (၃)မျိုးခွဲခြား၍ ဈေးဖြတ်ရောင်းဝယ်ကြပြီး၊ ယခုနှစ်တွင် ပဲတီစိမ်းထိပ်စ (၁၉)ပိဿာဝင် တစ်တင်းလျှင် ၄၃,၀၀၀ ကျပ် ပေါက်ဈေးရရှိကြောင်း သိရသည်။

ကျွန်တော်တို့ဆီမှာ အရောင်းအဝယ်လုပ်တာတော့ မျက်မြင်အနေအထားကိုပဲကြည့်ပြီး ရွေးချယ်ကြတာ။ ပဲက ခြောက်လား၊ အစိုဓာတ် ဘယ်လောက်ကျန်လဲ မကျန်လဲ၊ အရောင်လှလား၊ မှိုကင်းလား ဆိုတဲ့ ပစ္စည်းအရည်အသွေးကို မျက်မြင်စစ်ဆေးကြည့်ပြီး ဝယ်တယ်။ မိုးဦးဆိုရင် ပဲတီစိမ်းနဲ့ နှမ်း၊ မိုးနှောင်းဆိုရင် ကုလားပဲ၊ ပဲစဉ်းငုံ၊ ပဲကြီး၊ မြေပဲ စိုက်တယ်။ ကျွန်တော်တို့ဒေသကတော့ ပဲတီစိမ်းကို မေလကတည်းက စိုက်ကြတယ်။ ဩဂုတ်လထဲဆို ပဲတွေပေါ်ပါတယ်။

ဟု ကိုမျိုးသီဟက ဆက်လက်ပြောသည်။

    အိန္ဒိယမှ ပဲတင်သွင်းခွင့် တန်ချိန် ၃၀၀,၀၀၀ အား ၂၀၂၁ ခုနှစ်၊ မတ်လကုန်အထိ ခွင့်ပြုထားပြီး တရုတ်နိုင်ငံမှလည်း ပဲတီစိမ်းဝယ်ယူမှု မပျက်ခြင်းကြောင့် ပြည်တွင်းပဲတီစိမ်းစျေးကွက် ယခုကဲ့သို့ ကောင်းမွန်နေခြင်းဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်